ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့သော ရေစကြိုနယ်ရှိ ပခန်းငယ်ရဲစခန်းသို့ စစ်ကူလာသော အကြမ်းဖက်စစ်ကောင်စီအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး
စစ်ကောင်စီတပ်သား ၆ ဦးခန့်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း ရေစကြို PDF ကသတင်းထုတ်ပြန်သည်။
ယနေ့ (နိုဝင်ဘာ ၁၃ ရက်) မွန်းလွဲ ၁ နာရီဝန်းကျင်ကရေစကြိုမြို့နယ်ရှိ ပခန်းငယ်ရဲစခန်းအား ရေစကြို PDFနှင့် ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ နာရီဝက်အကြာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားပြီး ရဲသားများဒဏ်ရာများဖြင့်ထွက်ပြေးသွားသောကြောင့် စခန်းရှိ စာရွက်စာတမ်းများ ၊ ဆိုင်ကယ်( ၂ )စီး နှင့် လက်နက်( ၂ ) လက်အားသိမ်းယူ၍ စခန်းအားမီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေစကြို PDFက သတင်းထုတ်ပြန်ခဲ့သည်။
ညနေ ၅ နာရီခန့်တွင် ပခန်းငယ်စခန်းသို့စစ်ကူလာသော အကြမ်းဖက်စစ်ကောင်စီ၏ ဆိုင်ကယ် ၆ စီး၊ ကားတစ်စီး၊ ခြေလျင်အပါအဝင်အား ၄၀ ခန့်အား ပခန်းငယ်နှင့် စဥ့်ကိုင်ရွာကြားတွင် မိုင်း( ၃ ) လုံးဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၆ဦးခန့်သေဆုံးပြီး ၊အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ရေစကြို PDFက ထပ်မံအသိပေးသည်။
အဆိုပါ တိုက်ခိုက်မှုကို ရေစကြို PDFနှင့် Phoenix အထူး ပြောက်ကျားတပ်ဖွဲ့(ရေစကြို) တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီးပြည်သူကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိကြောင်း ရေစကြို PDFက ထုတ်ပြန်အသိပေးထားသည်။

Public Service Announcement


















































