Connect with us

Hi, what are you looking for?

News

ကလေးမြို့တွင် စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်နေ

“အခုညနေ တောင်ဖီလာတောင်ပေါ်ကို လက်နက်ကြီးနဲ့ စခ အင်အား ၂၀ တက်သွားပြီ။ တာဟန်းရပ်ကွက်ကို ဖြတ်ခွင့် မပေးတော့ဘူး။ တာဟန်းကို ဖြတ်တာနဲ့ ချင်းတောင်ခြေကို ရောက်မှာ” ဟု စစ်ကောင်စီလမ်းကြောင်းကို ဒေသခံတစ်ဦးက ပြောပြသည်။

(ပုံစာ - Ranger Kalay Defence Force တပ်ဖွဲ့ဝင်များ )

ကလေးမြို့ရောက်အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို Kalay PDFနှင့် CDFအပြင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်နေပြီး ယခုအခါ ကလေးကာကွယ်ရေးတပ်(Ranger Kalay Defend Force)ကလည်း ပါဝင်တိုက်ခိုက်နေပြီ ဖြစ်သည်။

ကလေးမြို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည့်အတွက် Ranger Kalay Defend Force (ကလေးကာကွယ်ရေးတပ်) မှ တပ်သားအင်အားများစွာဖြင့် ပါဝင်အားဖြည့် ပိတ်ဆို့တိုက်ခိုက်လျှက်ရှိပါသည်။ “ယမန်နေ့က တပ်ရင်း(၃)မှ အဖမ်းအဆီးခံခဲ့ရသော Medical Team တပ်ဖွဲ့ဝင်များတွင် ကျွန်ုပ်တို့ တပ်ဖွဲ့ဝင်ဟောင်းများပါ ပါဝင်သွားသည့်အတွက် များစွာစိတ်မကောင်းဖြစ်ရပါသည်။ ဖမ်းဆီးခံရသော Medical Team မှ တပ်ဖွဲ့ဝင်များအား ပြန်လည်ကယ်ထုတ်နိုင်ရန်အတွက် မိမိတို့ Ranger Kalay Defend Force မှ စစ်ကောင်စီတပ်သား(စစ်ခွေး) များအား ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်”ဟု Ranger Kalay Defend Forceက သတင်းထုတ်ပြန်ထားသည်။

(ပုံစာ – Ranger Kalay Defence Force တပ်ဖွဲ့ဝင်များ )

ကလေးမြို့နယ်တွင် ယမန်နေ့က PDF Kalay တပ်ရင်း (၃) တပ်ခွဲ တစ်ခုကို အကြမ်းဖက် စစ်ကောင်စီက ဝင်စီးနင်းကာ ဆေးတပ်သား အမျိုးသမီး ၈ဦးနှင့် အမျိုးသား နှစ်ဦးကို ဖမ်းဆီးသွားခဲ့သည်။ဖမ်းဆီးခံရသော PDF တပ်ဖွဲ့ဝင်များ ပြန်ကယ်ထုတ်နိုင်ရေးအတွက် အကြမ်းဖက် စစ်ကောင်စီလမ်းကြောင်းကို Kalay PDFနှင့် CDFက ပိတ်ဆို့ထားပြီး ယနေ့ ညနေအထိ တိုက်ပွဲအပြင်းအထန်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။

(ပုံစာ – Ranger Kalay Defence Force တပ်ဖွဲ့ဝင်များ )

“အခုညနေ တောင်ဖီလာတောင်ပေါ်ကို လက်နက်ကြီးနဲ့ စခ အင်အား ၂၀ တက်သွားပြီ။ တာဟန်းရပ်ကွက်ကို ဖြတ်ခွင့် မပေးတော့ဘူး။ တာဟန်းကို ဖြတ်တာနဲ့ ချင်းတောင်ခြေကို ရောက်မှာ” ဟု စစ်ကောင်စီလမ်းကြောင်းကို ဒေသခံတစ်ဦးက ပြောပြသည်။

Public Service Announcement

Public Service Announcement

တာဟန်းရပ်ကွက် လမ်းဆုံတစ်နေရွာတွင် ကင်းကျနေသော စစ်ကောင်စီတပ်ကို PDF- Kalay နှင့် Zomi PDF တို့က ယနေ့နေ့လည်ပိုင်း တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားသည်ဟု ဒေသခံများက ပြောသည်။

(ပုံစာ – Ranger Kalay Defence Force တပ်ဖွဲ့ဝင်များ )

ကလေးဒေသတိုက်ပွဲတွင် ၎င်းတို့ တပ်ဖွဲ့များကလည်း ညီနောင်တော်လှန်ရေးအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းတိုက်ခိုက်နေသည်ဟုChinland Defense Force – Kalay Kabaw Gangaw(CDF-KKG)ကလည်း ယနေ့ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။