Connect with us

Hi, what are you looking for?

LuduNwayOo

News

ကျောက်ပြုတ်ရွာရှိစစ်​စခန်းတစ်ခုကိုကလေးPDFတိုက်ခိုက်စစ်​သား၅ဦး​သေ၊ က​လေး PDF တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံး

စစ်ရေးအခြေအနေအရ ကလေးမြို့နယ်အတွင်း မည်သည့်နေရာဒေသတွင်မဆို တိုက်ပွဲများအ‌ချိန်မရွေးဖြစ်ပွားနိုင်သည့် သောကြောင့် ပြည်သူများအနေဖြင့် လုံခြုံရေးသတိရှိစွာဖြင့် ဂရုပြုနေထိုင်ကြစေလိုကြောင်း PDF (Kalay) က အသိပေးသည်။

(က​လေးပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ)

ကလေးမြို့နယ်တောင်ပိုင်း ကျောက်ပြုတ်ရွာရှိ စစ်အခြေစိုက်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် အကြမ်းဖက်စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး PDF (Kalay) ဘက်မှတပ်ဖွဲ့ဝင်ရဲဘော် နှစ်ဦးကျဆုံးကြောင်း PDF (Kalay) က ယနေ့ (နိုဝင်ဘာ ၂၂ ရက်)ထုတ်ပြန်သည်။

စစ်အခြေစိုက်စခန်းအဖြစ်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် ပျူစောထီးများကို ယမန်နေ့ နိုဝင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် PDF (Kalay) တပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း PDF (Kalay) တပ်ဖွဲ့များက ကျေးရွာနယ်မြေထက်ဝက်ကျော်အထိ ဝင်ရောက်နိုင်ခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များဘက်မှ လက်နက်ကြီးများ တရစပ်အသုံးပြုလာသည့်အပြင် ဟံသာဝတီရွာဘက်မှလည်း လက်နက်ကြီးများတောက် လျှောက်ပစ်ကူ ပေးခဲ့သည်။

ထို့ကြောင့် နေ့လည် ၁ နာရီ ခွဲခန့်တွင် ပြန်လည်ဆုတ်ခွာခဲ့ကာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် ပျူစောထီးများသည် ကျောက်ပြုတ်ရွာတွင်တပ်စွဲထားဆဲဖြစ်သည်။ ရွာအတွင်း၌ ပြည်သူများနေထိုင်ခြင်းမရှိကြောင်း PDF (Kalay) က ဆိုသည်။

Public Service Announcement

Public Service Announcement

လက်ရှိစစ်ရေးအခြေအနေအရ ကလေးမြို့နယ်အတွင်း မည်သည့်နေရာဒေသတွင်မဆို တိုက်ပွဲများအ‌ချိန်မရွေးဖြစ်ပွားနိုင်သည့် သောကြောင့် ပြည်သူများအနေဖြင့် လုံခြုံရေးသတိရှိစွာဖြင့် ဂရုပြုနေထိုင်ကြစေလိုကြောင်း PDF (Kalay) က အသိပေးသည်။

စစ်ကောင်စီ၏သတင်းအချက် အလက်များပေးပို့ခြင်း နှင့် ထုတ်ပြန်ချက်များကိုလိုက်နာဆောင် ရွက်ခြင်းဖြင့် ပူးပေါင်းပါ‌ဝင်ပေးကြပါရန်လည်း PDF (Kalay)က မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။