Connect with us

Hi, what are you looking for?

News

ကျောက်ပြုတ်ရွာရှိစစ်​စခန်းတစ်ခုကိုကလေးPDFတိုက်ခိုက်စစ်​သား၅ဦး​သေ၊ က​လေး PDF တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံး

စစ်ရေးအခြေအနေအရ ကလေးမြို့နယ်အတွင်း မည်သည့်နေရာဒေသတွင်မဆို တိုက်ပွဲများအ‌ချိန်မရွေးဖြစ်ပွားနိုင်သည့် သောကြောင့် ပြည်သူများအနေဖြင့် လုံခြုံရေးသတိရှိစွာဖြင့် ဂရုပြုနေထိုင်ကြစေလိုကြောင်း PDF (Kalay) က အသိပေးသည်။

(က​လေးပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ)

ကလေးမြို့နယ်တောင်ပိုင်း ကျောက်ပြုတ်ရွာရှိ စစ်အခြေစိုက်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် အကြမ်းဖက်စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး PDF (Kalay) ဘက်မှတပ်ဖွဲ့ဝင်ရဲဘော် နှစ်ဦးကျဆုံးကြောင်း PDF (Kalay) က ယနေ့ (နိုဝင်ဘာ ၂၂ ရက်)ထုတ်ပြန်သည်။

စစ်အခြေစိုက်စခန်းအဖြစ်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် ပျူစောထီးများကို ယမန်နေ့ နိုဝင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် PDF (Kalay) တပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း PDF (Kalay) တပ်ဖွဲ့များက ကျေးရွာနယ်မြေထက်ဝက်ကျော်အထိ ဝင်ရောက်နိုင်ခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များဘက်မှ လက်နက်ကြီးများ တရစပ်အသုံးပြုလာသည့်အပြင် ဟံသာဝတီရွာဘက်မှလည်း လက်နက်ကြီးများတောက် လျှောက်ပစ်ကူ ပေးခဲ့သည်။

ထို့ကြောင့် နေ့လည် ၁ နာရီ ခွဲခန့်တွင် ပြန်လည်ဆုတ်ခွာခဲ့ကာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် ပျူစောထီးများသည် ကျောက်ပြုတ်ရွာတွင်တပ်စွဲထားဆဲဖြစ်သည်။ ရွာအတွင်း၌ ပြည်သူများနေထိုင်ခြင်းမရှိကြောင်း PDF (Kalay) က ဆိုသည်။

Public Service Announcement

Public Service Announcement

လက်ရှိစစ်ရေးအခြေအနေအရ ကလေးမြို့နယ်အတွင်း မည်သည့်နေရာဒေသတွင်မဆို တိုက်ပွဲများအ‌ချိန်မရွေးဖြစ်ပွားနိုင်သည့် သောကြောင့် ပြည်သူများအနေဖြင့် လုံခြုံရေးသတိရှိစွာဖြင့် ဂရုပြုနေထိုင်ကြစေလိုကြောင်း PDF (Kalay) က အသိပေးသည်။

စစ်ကောင်စီ၏သတင်းအချက် အလက်များပေးပို့ခြင်း နှင့် ထုတ်ပြန်ချက်များကိုလိုက်နာဆောင် ရွက်ခြင်းဖြင့် ပူးပေါင်းပါ‌ဝင်ပေးကြပါရန်လည်း PDF (Kalay)က မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။