Connect with us

Hi, what are you looking for?

News

ဂန့်ဂေါနယ်၌ စစ်ယာဉ်တန်းတိုက်ခိုက်မှု ဗိုလ် တစ်ဦး အပါအဝင် ၁၁ဦးသေဟု YDF ထုတ်ပြန်

ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းမှ ထွက်လာသည် အဆိုပါ စစ်ကား ၅စီးကို ခေါက်ခူရွာနှင့် ရှောက်ပင် ရွာအကြား ၌ မိုင်း ၁၂လုံးဆွဲ တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွင် ကား ၅စီးပါ စစ်ကောင်စီတပ်ယာဉ်တန်းကို ချင်းကာကွယ်ရေး တပ်ဖွဲ့(CDF – ကလေး-ကဘော်-ဂန့်ဂေါ) နှင့် ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF-ဂန့်ဂေါ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်အဆင့်ရှိသူ အပါအဝင် ၁၁ဦး သေဆုံးခဲ့ဟု YDFက ထုတ်ပြန်သည်။

ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းမှ ထွက်လာသည် အဆိုပါ စစ်ကား ၅စီးကို ခေါက်ခူရွာနှင့် ရှောက်ပင် ရွာအကြား ၌ မိုင်း ၁၂လုံးဆွဲ တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ ကား ၂စီး ထိခိုက်ပျက်စီးခဲ့ကြောင်း ၊ ၁၁ဦး သေဆုံးပြီး ၂၀ကျော် ပြင်းထန် ဒဏ်ရာရခဲ့ကြောင်း YDFက ထုတ်ပြန်သည်။

ထို့ပြင် ကပစ ထုတ်၊ MAကျည် ၄၀၀ ကျော် ၊ ယူနီဖောင်း (၂ )စုံ၊ ကျည်ဘောက်၂ ခု၊ ဘေးအိတ် ၁ စုံ ၊ အပူချိန်တိုင်းစက် ၁ ခု၊ တီရှပ် ၁ ထည်၊ ဖိနပ် ၁ ရံနှင့် ဓာတ်ပုံများ ကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင် ပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း CDF(KKG)က ထုတ်ပြန်ထားသည်။

မိုင်းဆွဲခံလိုက်ရသော စစ်ကောင်စီတပ်ဖွဲ့များသည် ရှောက်ပင်ရွာမှ ပြည်သူလူထု၏ နေအိမ် (၃) လုံးကို မီးရှို့သွားကြောင်းလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook