Connect with us

Hi, what are you looking for?

News

ဂန့်ဂေါနယ်၌ စစ်ယာဉ်တန်းတိုက်ခိုက်မှု ဗိုလ် တစ်ဦး အပါအဝင် ၁၁ဦးသေဟု YDF ထုတ်ပြန်

ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းမှ ထွက်လာသည် အဆိုပါ စစ်ကား ၅စီးကို ခေါက်ခူရွာနှင့် ရှောက်ပင် ရွာအကြား ၌ မိုင်း ၁၂လုံးဆွဲ တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွင် ကား ၅စီးပါ စစ်ကောင်စီတပ်ယာဉ်တန်းကို ချင်းကာကွယ်ရေး တပ်ဖွဲ့(CDF – ကလေး-ကဘော်-ဂန့်ဂေါ) နှင့် ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF-ဂန့်ဂေါ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်အဆင့်ရှိသူ အပါအဝင် ၁၁ဦး သေဆုံးခဲ့ဟု YDFက ထုတ်ပြန်သည်။

ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းမှ ထွက်လာသည် အဆိုပါ စစ်ကား ၅စီးကို ခေါက်ခူရွာနှင့် ရှောက်ပင် ရွာအကြား ၌ မိုင်း ၁၂လုံးဆွဲ တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ ကား ၂စီး ထိခိုက်ပျက်စီးခဲ့ကြောင်း ၊ ၁၁ဦး သေဆုံးပြီး ၂၀ကျော် ပြင်းထန် ဒဏ်ရာရခဲ့ကြောင်း YDFက ထုတ်ပြန်သည်။

ထို့ပြင် ကပစ ထုတ်၊ MAကျည် ၄၀၀ ကျော် ၊ ယူနီဖောင်း (၂ )စုံ၊ ကျည်ဘောက်၂ ခု၊ ဘေးအိတ် ၁ စုံ ၊ အပူချိန်တိုင်းစက် ၁ ခု၊ တီရှပ် ၁ ထည်၊ ဖိနပ် ၁ ရံနှင့် ဓာတ်ပုံများ ကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင် ပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း CDF(KKG)က ထုတ်ပြန်ထားသည်။

မိုင်းဆွဲခံလိုက်ရသော စစ်ကောင်စီတပ်ဖွဲ့များသည် ရှောက်ပင်ရွာမှ ပြည်သူလူထု၏ နေအိမ် (၃) လုံးကို မီးရှို့သွားကြောင်းလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အင်း​တော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်း​​ခေါ်သွား

သတင်း

စစ်ရေးလုံခြုံရေးနဲ့ လမ်းပိုင်းအခြေအနေကြောင့် မကွေးတိုင်း၊ဆောမြို့နယ်က ကားလမ်းတချို့ကို ပိတ်ထားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် တပ်ရင်း (၆)က ထုတ်ပြန်ပါတယ်။