Connect with us

Hi, what are you looking for?

News

မဲဝိုင်က စစ်​ကောင်စီတပ်စခန်းကို KNLA က ဝင်သိမ်းတယ်ဆိုတာ သတင်းအမှားလို့ ​ပြော​ရေးဆိုခွင့်ရှိသူ​ပြော

ဒီလို စခန်းသိမ်းတိုက်ပွဲသတင်းအမှားတွေနဲ့ပတ်သက်ပြီး KNLA တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ ဒု-ဗိုလ်မှူးကြီးစောကလယ်ဒိုကတော့ ဒီလိုအခုလိုပဲ ရှင်းပြပြောဆိုသွားခဲ့ပါတယ်။

ကေအဲန်ယူ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင် မဲဝိုင်ဒေသမှာအခြေစိုက်တဲ့ စစ်ကောင်စီတပ်စခန်းကို KNLA တပ်မဟာ ၅ က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်တယ်ဆိုတဲ့သတင်းဟာ သတင်းအမှားသာဖြစ်ပြီး မဟုတ်မှန်ဘူးလို့ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူထံက​ပြောပါတယ်။

နိုဝင်ဘာ ၂၂ ရက်က ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင်မှာ စစ်ကောင်စီရဲ့မဲဝိုင်တပ်စခန်းကို KNLA တပ်မဟာ ၅ က ဝင်ရောက်တိုက်ခိုက်သိမ်းယူခဲ့ပြီး နှစ်ဖက်ကျဆုံးမှုတွေများပြားခဲ့တယ်ဆိုပြီး အွန်လိုင်းစာမျက်နှာပေါ်မှာ သတင်းအမှားတွေ ထွက်ပေါ်လာခဲ့တာပါ။

ဒီလို စခန်းသိမ်းတိုက်ပွဲသတင်းအမှားတွေနဲ့ပတ်သက်ပြီး KNLA တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ ဒု-ဗိုလ်မှူးကြီးစောကလယ်ဒိုကတော့ ဒီလိုအခုလိုပဲ ရှင်းပြပြောဆိုသွားခဲ့ပါတယ်။

“သတင်းအမှားနဲ့ပတ်သက်ပြီးတော့ ခဏခဏတက်လာတယ်အဲ့လိုမျိုး။ ဘယ်အဖွဲ့ကနေ ဘယ်ကလဲမပြောတတ်ဘူး။ မမှန်ကန်တဲ့သတင်းကို အဲ့လိုမျိုးပေးတာကတော့ ဒါက အဖျက်သဘောမျိုးနဲ့လုပ်တာလားတော့ မပြောတတ်ဘူးပေ့ါနော်။ ဒီမှာတော့ ဘာမှ သတင်းဘာမှကိုမရဘူးနော်” လို့ ဒု-ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကေအဲန်ယူ ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၅ တို့ကြား တိုက်ပွဲတွေဟာ နေ့စဉ်လိုလိုဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်စဉ်သတင်းနဲ့ပတ်သက်ပြီး ကေအဲန်ယူ မူတြော်သတင်းစဉ်မှာ တရားဝင်ထုတ်ပြန်ထားရှိတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ခမရ(၅၅၇)တပ်သား ၂ဦး လက်နက် ၃လက်ယူလာပြီး အလင်းဝင်လာ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။