Connect with us

Hi, what are you looking for?

News

ပြည်သူများမန္တ​လေး-မုံရွာလမ်း​ပေါ်ဖြတ်သန်းသွားလာခြင်းမပြုရန်သတိပေး၊ ​နေရာအချို့တွင်ပစ်ခတ်မှုဖြစ်

မုံရွာ-မန္တလေးလမ်းမပေါ် မြင်းမူမြို့နယ်အတွင်းပစ်ခတ်တိုက်ခိုက်သံများကြားနေရ၍ ယာဥ်များလမ်းပေါ်တွင်ရပ်တန့်ထားရကြောင်း ခရီးသွားပြည်သူအချို့က ပြောသည်။

ခရီးသွားပြည်သူများ မန္တလေး-မုံရွာလမ်းမကြီးပေါ် ​ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်းတော်လှန်ရေးအဖွဲ့များ သတိပေးထားပြီး လမ်းပိုင်းအချို့တွင် ပစ်ခတ်မှုများရှိနေကြောင်း ဒေသခံများက ပြောသည်။

လတ်တလောဖြစ်ပေါ်နေသော အခြေအနေအရ ခရီးသွားပြည်သူများ စစ်ကိုင်း မုံရွာလမ်းမကြီးပေါ် ဖြတ်သန်းသွားလာခြင်းမပြုရန် အပြင်းအထန်တားမြစ်ကြောင်း ရောက်ရှိနေပါက ရောက်ရှိရာနေရာမှာ ရပ်နားထားကြပါရန် ဒေသတွင်း PDFများက ယနေ့နိုဝင်ဘာလ၂၄ရက် နံနက်ပိုင်းတွင် သတိပေးသည်။

အလားတူ မုံရွာမြို့နယ် မုံရွာ-အမြင့်လမ်းကိုလည်း နံနက် ၇ နာရီမှ ညနေ ၅ နာရီအတွင်း သွားလာခြင်းမပြုရန် မုံရွာအခြေစိုက် PDFအဖွဲ့က တားမြစ်ထားသည်။

မုံရွာ-မန္တလေးလမ်းမပေါ် မြင်းမူမြို့နယ်အတွင်းပစ်ခတ်တိုက်ခိုက်သံများကြားနေရ၍ ယာဥ်များလမ်းပေါ်တွင်ရပ်တန့်ထားရကြောင်း ခရီးသွားပြည်သူအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းက မူကြိုကျောင်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံတောင်ပိုင်းမှာဗုံးခွဲမှု၊ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ထိုင်းစစ်သားငါးဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

Facebook