Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်ကကျွန်းလှနယ်မှ နေအိမ် ၇၀ခန့်အားလွှစက်ဖြင့် ဖြိုချဖျက်ဆီး

သဖန်းဆိပ်ဆည်အနောက်ပိုင်းကျေးရွာများတွင် PDF များရှိသည်ဟု စွပ်စွဲကာ နေအိမ်သုံးရာကျော်ကို မွှေနှောက်ဖျက်ဆီးခဲ့ပြီး အိမ်အလုံးပေါင်း ၇၀ခန့်ကို လွှတ်စက်ဖြင့် ဖြတ်တောက်ဖြိုချသွားသည်ဟု ဒေသခံများကပြောသည်။

(ပြီးခဲ့သည့်မတ်လအတွင်း တွေ့ရသည့်စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်နေသော ကျွန်းလှမြို့ခံများ ဓါတ်ပုံ-​ပေးပို့)

အကြမ်းဖက်စစ်ကောင်စီသည် ကျွန်းလှနယ်မှ နေအိမ် ၇၀ခန့်ကို လွှစက်ဖြင့် ဖြိုချဖျက်ဆီးခဲ့ပြီးကျေးရွာခုနှစ်ရွာမှ ဒေသခံငါးထောင်ခန့်မှာနေရပ်စွန့်ခွာတိမ်းရှောင်နေရဆဲဖြစ်​ကြောင်းဒေသခံများကပြောသည်။

သဖန်းဆိပ်ဆည်အနောက်ပိုင်းကျေးရွာများတွင် PDF များရှိသည်ဟု စွပ်စွဲကာ နေအိမ်သုံးရာကျော်ကို မွှေနှောက်ဖျက်ဆီးခဲ့ပြီး အိမ်အလုံးပေါင်း ၇၀ခန့်ကို လွှတ်စက်ဖြင့် ဖြတ်တောက်ဖြိုချသွားသည်ဟု ဒေသခံများကပြောသည်။

“သူတို့ စစ်ဆင်ရေးလုပ်တဲ့အချိန်ကစပြီး ဒေသခံတွေကို ရက်ရက်စက်စက် လုပ်တာ။ အိမ်တိုင်တွေကို လွှစက်နဲ့ ထိုးတယ်။ကြမ်းခင်းတွေကို ဖျက်တယ်။ သွပ်တွေကို ဖောက်တယ်။ နေလို့မရအောင် လုပ်သွားတာ”ဟု ဒေသခံတစ်ဦးက​ပြောသည်။

သဖန်းဆိပ်ဆည်အနောက်ပိုင်းကျေးရွာ ၂၀ခန့်သည့် နိုဝင်ဘာလဆန်းကစတင်၍ အကြမ်းဖက်စစ်ကောင်စီ၏
အကြမ်းဖက်ဖျက်ဆီးခြင်းခံခဲ့ရပြီး ကျေးရွာခုနှစ်ရွာမှ ဒေသခံ ငါးထောင်ခန့်သည် ယခုအချိန်အထိနေရပ်စွန့်ခွာတိမ်းရှောင်နေရသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ယခုအခါ ကျွန်းလှနယ်ကိုဖြတ်၍ တန့်ဆည်နယ်ကို စစ်ဆင်ရေးပုံစံ အကြမ်းဖက်နေသည်ဟု ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။