အကြမ်းဖက်စစ်ကောင်စီသည် ကျွန်းလှနယ်မှ နေအိမ် ၇၀ခန့်ကို လွှစက်ဖြင့် ဖြိုချဖျက်ဆီးခဲ့ပြီးကျေးရွာခုနှစ်ရွာမှ ဒေသခံငါးထောင်ခန့်မှာနေရပ်စွန့်ခွာတိမ်းရှောင်နေရဆဲဖြစ်ကြောင်းဒေသခံများကပြောသည်။
သဖန်းဆိပ်ဆည်အနောက်ပိုင်းကျေးရွာများတွင် PDF များရှိသည်ဟု စွပ်စွဲကာ နေအိမ်သုံးရာကျော်ကို မွှေနှောက်ဖျက်ဆီးခဲ့ပြီး အိမ်အလုံးပေါင်း ၇၀ခန့်ကို လွှတ်စက်ဖြင့် ဖြတ်တောက်ဖြိုချသွားသည်ဟု ဒေသခံများကပြောသည်။
“သူတို့ စစ်ဆင်ရေးလုပ်တဲ့အချိန်ကစပြီး ဒေသခံတွေကို ရက်ရက်စက်စက် လုပ်တာ။ အိမ်တိုင်တွေကို လွှစက်နဲ့ ထိုးတယ်။ကြမ်းခင်းတွေကို ဖျက်တယ်။ သွပ်တွေကို ဖောက်တယ်။ နေလို့မရအောင် လုပ်သွားတာ”ဟု ဒေသခံတစ်ဦးကပြောသည်။
သဖန်းဆိပ်ဆည်အနောက်ပိုင်းကျေးရွာ ၂၀ခန့်သည့် နိုဝင်ဘာလဆန်းကစတင်၍ အကြမ်းဖက်စစ်ကောင်စီ၏
အကြမ်းဖက်ဖျက်ဆီးခြင်းခံခဲ့ရပြီး ကျေးရွာခုနှစ်ရွာမှ ဒေသခံ ငါးထောင်ခန့်သည် ယခုအချိန်အထိနေရပ်စွန့်ခွာတိမ်းရှောင်နေရသည်။
စစ်ကောင်စီသည် ယခုအခါ ကျွန်းလှနယ်ကိုဖြတ်၍ တန့်ဆည်နယ်ကို စစ်ဆင်ရေးပုံစံ အကြမ်းဖက်နေသည်ဟု ဒေသခံများကပြောသည်။
