Connect with us

Hi, what are you looking for?

News

ဖမ်းဆီးခံအမျိုးသမီးသတင်းထောက်များအပါအဝင် မီဒီယာလွတ်လပ်ခွင့်အတွက် ဗြိတိန်အစိုးရဆက်လက်ရပ်တည်မည်

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစပြီး အမျိုးသမီးသတင်းထောက် အနည်းဆုံး ၁၉ ဦးတို့သည် ၎င်းတို့၏ အလုပ်ကို ရိုးရှင်းစွာ ထမ်းဆောင်ရုံမျှဖြင့် ဖမ်းဆီးခံခဲ့ရသည်ဟု သံရုံးထုတ်ပြန်ချက်က ဆိုသည်။

အကြမ်းဖက်စစ်​ကောင်စီ၏ ဖမ်းဆီးခံထားရသော အမျိုးသမီးသတင်းထောက်များအပါအဝင် မီဒီယာလွတ်လပ်ခွင့်အတွက် UK အစိုးရက ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိဗြိတိန်သံရုံးက ယနေ့ (နိုဝင်ဘာ ၂၈)ထုတ်ပြန်သည်။

“သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် အမျိုးသမီးလွတ်လပ်ခွင့်များသည် ဒီမိုကရေစီစနစ် အတွက် မရှိမဖြစ်အရေးပါ နေပြီး၊ အမျိုးသမီးသတင်းထောက်များနှင့် အခြားမီဒီယာသမားများ၏ လွတ်လပ်ခွင့်အတွက် ယူကေအစိုးရက ဆက်လက်ပံ့ပိုးရပ်တည်သွားမည်ဖြစ်သည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစပြီး အမျိုးသမီးသတင်းထောက် အနည်းဆုံး ၁၉ ဦးတို့သည် ၎င်းတို့၏ အလုပ်ကို ရိုးရှင်းစွာ ထမ်းဆောင်ရုံမျှဖြင့် ဖမ်းဆီးခံခဲ့ရသည်ဟု သံရုံးထုတ်ပြန်ချက်က ဆိုသည်။

ထို့အပြင် သတင်းထောက်များသည် အမှန်တရားကို ထုတ်ဖော်ရေးသားရုံမျှဖြင့် မတရားဖမ်းဆီးချုပ်နှောင်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် တရားစွဲဆိုခံရနိုင်သည့် အန္တရာယ်များကြုံတွေ့နေရပြီး အထူးသဖြင့် အမျိုးသမီးသတင်းထောက်များသည် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်၊ စော်ကားခံရမှုများနှင့် ခြိမ်းခြောက်မှုများကို တိုးမြှင့်ရင်ဆိုင်နေရကြောင်း ထောက်ပြထားသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် မြန်မာအမျိုးသမီး သတင်းထောက် အနည်းဆုံး ၈ ဦး ဆက်လက်ထိန်းသိမ်းခံနေရဆဲ ဖြစ်သည်ဟု ဗြိတိန် သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သတင်းဌာန တချို့ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အိမ်ဖြူတော် ဝင်ခွင့် တားမြစ် ပိတ်ပင်လိုက်တဲ့နောက် သက်ဆိုင်ရာ သတင်းထောက်တွေဟာ အိမ်ဖြူတော်ထဲ ဝင်ခွင့် ငြင်းပယ် ခံခဲ့ရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။