Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖမ်းဆီးခံအမျိုးသမီးသတင်းထောက်များအပါအဝင် မီဒီယာလွတ်လပ်ခွင့်အတွက် ဗြိတိန်အစိုးရဆက်လက်ရပ်တည်မည်

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစပြီး အမျိုးသမီးသတင်းထောက် အနည်းဆုံး ၁၉ ဦးတို့သည် ၎င်းတို့၏ အလုပ်ကို ရိုးရှင်းစွာ ထမ်းဆောင်ရုံမျှဖြင့် ဖမ်းဆီးခံခဲ့ရသည်ဟု သံရုံးထုတ်ပြန်ချက်က ဆိုသည်။

အကြမ်းဖက်စစ်​ကောင်စီ၏ ဖမ်းဆီးခံထားရသော အမျိုးသမီးသတင်းထောက်များအပါအဝင် မီဒီယာလွတ်လပ်ခွင့်အတွက် UK အစိုးရက ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိဗြိတိန်သံရုံးက ယနေ့ (နိုဝင်ဘာ ၂၈)ထုတ်ပြန်သည်။

“သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် အမျိုးသမီးလွတ်လပ်ခွင့်များသည် ဒီမိုကရေစီစနစ် အတွက် မရှိမဖြစ်အရေးပါ နေပြီး၊ အမျိုးသမီးသတင်းထောက်များနှင့် အခြားမီဒီယာသမားများ၏ လွတ်လပ်ခွင့်အတွက် ယူကေအစိုးရက ဆက်လက်ပံ့ပိုးရပ်တည်သွားမည်ဖြစ်သည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစပြီး အမျိုးသမီးသတင်းထောက် အနည်းဆုံး ၁၉ ဦးတို့သည် ၎င်းတို့၏ အလုပ်ကို ရိုးရှင်းစွာ ထမ်းဆောင်ရုံမျှဖြင့် ဖမ်းဆီးခံခဲ့ရသည်ဟု သံရုံးထုတ်ပြန်ချက်က ဆိုသည်။

ထို့အပြင် သတင်းထောက်များသည် အမှန်တရားကို ထုတ်ဖော်ရေးသားရုံမျှဖြင့် မတရားဖမ်းဆီးချုပ်နှောင်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် တရားစွဲဆိုခံရနိုင်သည့် အန္တရာယ်များကြုံတွေ့နေရပြီး အထူးသဖြင့် အမျိုးသမီးသတင်းထောက်များသည် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်၊ စော်ကားခံရမှုများနှင့် ခြိမ်းခြောက်မှုများကို တိုးမြှင့်ရင်ဆိုင်နေရကြောင်း ထောက်ပြထားသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် မြန်မာအမျိုးသမီး သတင်းထောက် အနည်းဆုံး ၈ ဦး ဆက်လက်ထိန်းသိမ်းခံနေရဆဲ ဖြစ်သည်ဟု ဗြိတိန် သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကင်မ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း မြောက်ကိုရီးယား စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ် လေ့ကျင့်မှု အစီအစဉ် တစ်ခုကို ကိုယ်တိုင် ကြီးမှူးခဲ့သေးကြောင်း သိရပါတယ်။

နိုင်ငံတကာ

ချားလ်စ်ဘုရင် ဆေးကုသမှု ခံယူနေတဲ့ ကာလတွေအတွင်း သူ့ရဲ့ လုပ်ငန်းတာဝန်တွေကို တခြားတစ်ဦးဦးဆီ လွှဲပြောင်းပေးထားမှာ မဟုတ်ဘူးလို့လည်း နန်းတော်က ဆိုပါတယ်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

သတင်း

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။