Connect with us

Hi, what are you looking for?

News

ကေအဲန်ယူ ထိန်းချုပ်နယ်မြေတွေအတွင်း အမျိုးသမီး​တွေရင်ဆိုင်​နေရတဲ့အခက်အခဲ​တွေ

စစ်ကောင်စီတပ်ဟာ ကေအဲန်ယူထိန်းချုပ်နယ်မြေတွေထဲမှာ စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုပြုလုပ်လာတာနဲ့အတူ ဒေသခံအမျိုးသမီးတွေကို ရိက္ခာနဲ့ စစ်ရေးပစ္စည်းတွေ အဓမ္မသယ်ခိုင်းစေတာတွေ၊ လူသားဒိုင်းကာအဖြစ် ခေါ်ယူအသုံးပြုတာ၊ အကြမ်းဖက်မှုတွေပြုလုပ်တာ စတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ပြုလုပ်နေတာဖြစ်ပါတယ်။

ကျန်းမာရေးစနစ်ပျက်စီးသွားပြီး အကြမ်းဖက်မှုတွေပိုများလာတဲ့အတွက် မြန်မာပြည်အရှေ့တောင်ပိုင်းမှာရှိတဲ့ အမျိုးသမီးတွေအတွက် ကျန်းမာရေးလက်လှမ်းမီနိုင်မှုက အခက်အခဲတွေရှိ​နေပြီး အဲ့ဒီအထဲမှာ ကိုယ်ဝန်သည်တွေနဲ့ မီးဖွားပြီးခါစ အမျိုးသမီးတွေက ပိုခက်ခဲတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ဆိုပါတယ်။

ကေအဲန်ယူ ထိန်းချုပ်နယ်မြေတွေအတွင်းမှာ စစ်ရေးပဋိပက္ခကြောင့် ဒေသတွင်းက စစ်ရှောင်ပြည်သူသောင်းချီ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး အဲ့ဒီအထဲမှာ စစ်ရှောင်အမျိုးသမီးတွေ၊ ကိုယ်ဝန်သည်တွေနဲ့ မီးဖွားပြီးစ အမျိုးသမီးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပိုလိုအပ်နေတယ်လို့ KHRG က ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ စောလင်းထက်က ဆိုပါတယ်။

” အမျိုးသမီးတွေအနေနဲ့က သူတို့ရဲ့လစဉ်သုံးကျန်းမာရေးပစ္စည်းတွေရော ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ သွားရလာရခက်ခဲတာတွေ ထွက်ပြေးတိမ်းရှောင်ရတဲ့အချိန်မှာလည်း မီးဖွားရတဲ့အခြေအနေမှာ အနီးကပ်ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်တွေ အများကြီးရှိပါတယ်။ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အမျိုးသမီးတွေဆိုလို့ရှိရင် အထူးသဖြင့် ကိုယ်ဝန်သည်တွေဆိုလို့ရှိရင် သူတို့အတွက်က သွားရေးလာရေးက ခက်ခဲတယ်။ မီးဖွားခါနီးအမျိုးသမီးတွေဆိုလို့ရှိရင် စိုးရိမ်စရာတွေအများကြီးရှိတယ်။ ဘယ်လိုမွေးဖွားရမလဲ ကျန်းမာရေးစောင့်ရှောက်မှုက ဘယ်ကရမလဲဆိုတာ သူတို့ကစိုးရိမ်စရာတွေအများကြီးရှိပါတယ်။ ကလေးမွေးဖွားပြီးတော့မှ မွေးကင်းစကလေးတွေအနေနဲ့လည်း ဒီလိုမျိုးတောထဲတောင်ထဲမှာ မလုံခြုံတဲ့နေရာမှာ နေနေရတာကလည်း စိုးရိမ်စရာတစ်ခုပါပဲ။ ကျန်းမာရေးလက်လှမ်းမမှီနိုင်မှုတွေက ကိုဗစ်ဖြစ်ပြီးတာနဲ့ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ပိုပြီးတော့ခက်ခဲပါတယ်။ ဒီလိုမျိုးထွက်ပြေးတိမ်းရှောင်နေရတဲ့အချိန်မှာ အမျိုးသမီးတွေနဲ့ ကိုယ်ဝန်သည်တွေက အထူးသဖြင့် ကျန်းမာရေးလက်လှမ်းမှီနိုင်မှုကို လိုအပ်နေပါတယ်” လို့ KHRG က စောလင်းထက်က ဆိုပါတယ်။

ကရင်အမျိုးသမီးအစည်းအရုံး (KWO) ရဲ့ ပြောကြားချက်အရ ကေအဲန်ယူ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင်တစ်ခုတည်းမှာပင် စစ်ရှောင်ကိုယ်ဝန်ဆောင်အမျိုးသမီးဦးရေ ၄၀၀ ကျော်ရှိနေပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ဆေးဝါးအကူအညီနဲ့ အာဟာရဓာတ်ဖြစ်စေမယ့် အစားအစာတွေ လိုအပ်ချက်ရှိနေတယ်လို့ ကရင်အမျိုးသမီးအစည်းအရုံး(KWO) က နော်စေးစေးဟဲက ပြောကြားထားပါတယ်။

Public Service Announcement

Public Service Announcement

“သူတို့က ကိုယ်ဝန်ဆောင်ပြီးပြေးနေရတာဆိုတော့ သူတို့မှာ အာဟာရဓာတ်တွေလိုမယ်။ စားဖို့အာဟာရဓာတ်တွေလိုမယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ဆေးဝါးတွေဘာတွေလိုအပ်တယ်ပေါ့နော်။ သူတို့ပြေးနေရတယ်။ အစားအသောက်လည်းပုံမှန်မစားရဘူး။ ငတ်ငတ်ပြတ်ပြတ်ပဲ စားနေရတာဆိုတော့ သူတို့အတွက် အာဟာရရှိမယ့်အစားအစာတွေတော့ သူတို့အတွက်လိုအပ်တယ်ပေါ့နော်” လို့ ကရင်အမျိုးသမီးအစည်းအရုံး(KWO) နော်စေးစေးဟဲက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကေအဲန်ယူထိန်းချုပ်နယ်မြေတွေထဲမှာ စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုပြုလုပ်လာတာနဲ့အတူ ဒေသခံအမျိုးသမီးတွေကို ရိက္ခာနဲ့ စစ်ရေးပစ္စည်းတွေ အဓမ္မသယ်ခိုင်းစေတာတွေ၊ လူသားဒိုင်းကာအဖြစ် ခေါ်ယူအသုံးပြုတာ၊ အကြမ်းဖက်မှုတွေပြုလုပ်တာ စတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ပြုလုပ်နေတာဖြစ်ပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေတွေအတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တိမ်းရှောင်ထွက်ပြေးနေရတဲ့ စစ်ရှောင်သောင်းချီခန့်ဟာ လက်ရှိမှာ နေရပ်မပြန်နိုင်သေးသလို တောထဲတောင်ထဲမှာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကာ အစားအသောက်နဲ့ ဆေးဝါးလိုအပ်ချက်တွေ လိုအပ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook