Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၆) နယ်မြေတွင် တိုက်ပွဲပြန်ဖြစ်ပြီး စစ်ကောင်စီတပ်မှ သုံးဦးသေ

ဒီဇင်ဘာ၅ရက်တွင် အာဏာသိမ်းစစ်ကောင်စီတပ် ခလရ- ၁၀၆ တပ်ရင်းမှ ဝါပေါ်ကျေးရွာနေ ဆင်ထိန်းသမားတစ်ဦးကို PDF ဟု စွပ်စွဲကာ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ကရင်အမျိုသားအစည်းအရုံး(KNU) တပ်မဟာ(၆) နယ်မြေ ဒူးပလာယာခရိုင်တွင် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲပြန်ဖြစ်၍ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့သည်။

ယနေ့ နံနက် (၉)နာရီကျော်အချိန်ခန့်တွင် KNLA တပ်ရင်း(၁၆)လက်အောက်ခံ တပ်ခွဲ (၄)နှင့် အာဏာ သိမ်းစစ်ကောင်စီတပ် ခလရ- ၁၀၆ တပ်ရင်းတို့ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် တောင်နောက်ခြမ်းဘေး လမိုင်းကျေးရွာတွင် ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒူးပလာယာခရိုင်က ထုတ်ပြန်သည်။

Public Service Announcement

အဆိုပါတိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ သုံးဦးသေဆုံးသွားကြောင်းနှင့် KNLA ဘက် ထိခိုက်မှုမရှိကြောင်းဖော်ပြထားသည်။

ဒီဇင်ဘာ၅ရက်တွင် အာဏာသိမ်းစစ်ကောင်စီတပ် ခလရ- ၁၀၆ တပ်ရင်းမှ ဝါပေါ်ကျေးရွာနေ ဆင်ထိန်းသမားတစ်ဦးကို PDF ဟု စွပ်စွဲကာ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့်တိုက်ပွဲဖြစ်ပွားမှုအချို့ရှိခဲ့သည့်KNUတပ်မဟာ(၆) နယ်မြေတွင် နိုဝင်ဘာအတွင်းက တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့ဘဲ ယခု ဒီဇင်ဘာတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။