Connect with us

Hi, what are you looking for?

News

ငွေတိုက်စာချုပ်များကိုပြည်တွင်း၌ KIO၏ ဘဏ်စနစ်၊ ​ငွေ​ကြေးစနစ်များဖြင့်​ရောင်းချမည်

ရောင်းချမည့် အစီအစဉ်အသေးစိတ်၊ လုံခြုံစိတ်ချစွာ ဝယ်ယူရမည့် နည်းလမ်းများနှင့် စတင်ရောင်းချမည့် နေ့ရက်များကို ထပ်မံကြေညာပေးသွားမည်ဟု NUGကဆိုသည်။

နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်များကို KIO ၏ ငွေကြေးစနစ်နှင့် ဘဏ်စနစ်များဖြင့် ပြည်တွင်း၌ ရောင်းချသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။

အထူး​ငွေတိုက်စာချုပ်များကို NUG နှင့်KPICTတို့ပူးပေါင်း၍ ပြည်တွင်း၌ကေအိုင်အို (KIO)၏ ငွေကြေးပို့ဆောင်သော စနစ်၊ အုပ်ချုပ်ရေးနှင့် ဘဏ်စနစ်များကို အတိုင်း ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။ ကချင်အမျိုးသားများကိုယ်စား နိုင်ငံရေးဆိုင်ရာ လုပ်ငန်းများကို တာဝန်ယူ ညှိနှိုင်းဆောင်ရွက် ရန်အတွက် Kachin Political Interim Coordination Team (KPICT) ကို မတ် ၁၅ ရက်တွင် ဖွဲ့စည်းထားသော အဖွဲ့အစည်းတခုဖြစ်သည်။


ရောင်းချမည့် အစီအစဉ်အသေးစိတ်၊ လုံခြုံစိတ်ချစွာ ဝယ်ယူရမည့် နည်းလမ်းများနှင့် စတင်ရောင်းချမည့် နေ့ရက်များကို ထပ်မံကြေညာပေးသွားမည်ဟု NUGကဆိုသည်။

NUGက နွေဦးတော်လှန်ရေးအတွက် ငွေတိုက်စာချုပ် ဒေါ်လာ တစ်ဘီလီယံဖိုးထုတ်ရောင်းရန်စီစဥ်ထားပြီး ပထမအသုတ်အ​နေဖြင့် ဒေါ်လာ သန်း၂၀၀ဖိုးထုတ်ရောင်းခဲ့သည်။
နိုဝင်ဘာ ၂၂ ရက်မှာ NUGက ငွေတိုက်စာချုပ်​တွေစတင်ရောင်းချခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင် ငွေလွဲကိစ္စရပ်​တွေကြောင့် တစ်ပတ်ကြာရပ်ဆိုင်း ဟုကြေငြာခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုပြင် ငွေတိုက်စာချုပ်ဝယ်ယူသူ​များအနက် နိုင်ငံတကာက အမည်ပျက်စာရင်းသွင်းသည့် အကြမ်းဖက်စစ်ကောင်စီဝင်​များနှင့် နာမည်တူများက NUG၏ ဘဏ်စာရင်းကို ငွေလွှဲပြောင်းပေးပို့နေ၍ ဘဏ်နှင့် ညှိနှိုင်းဖြေရှင်းလိုသောကြောင့် ငွေတိုက်စာချုပ်ရောင်းချမူများကို ဆက်လက်ရပ်ဆိုင်းထားမည်ဟု NUGက ဒီဇင်ဘာ ၆ ရက်တွင်ထပ်မံထုတ်ပြန်သည်။

ငွေတိုက်စာချုပ်များကို ဒေါ်လာ ၁၀၀, ၅၀၀, ၁၀၀၀ နှင့် ၅၀၀၀ တန်ဟူ၍ ထုတ်ရောင်းခဲ့ပြီး တပတ်အတွင်း ဒေါ်လာ ၁၅သန်းဖိုးရောင်းချနိုင်ခဲ့သည်ဟု NUGက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

Facebook