Connect with us

Hi, what are you looking for?

LuduNwayOo

News

တော်လှန်ရေးအရှိန်မြင့်လာချိန် ခက်ခဲကြမ်းတမ်းမှုပိုလာနိုင်သောကြောင့် ပြည်သူများ ကြိုတင်ပြင်ဆင်ကြရန် မင်းကင်း TDPDF အသိပေး

“တော်လှန်ရေး အရှိန်မြင့်မားလာသလို ခက်ခဲကြမ်းတမ်းမှုတွေကလည်း ဒီထက်ပိုလာနိုင်ဖွယ်ရှိပါတယ်။ စစ်ကောင်စီတပ်များဟာ စစ်ပွဲမနိုင်လျှင် အဆုံးထိယုတ်မာတတ်တဲ့သဘောရှိတာကို ပြည်သူများလည်း သိရှိပြီးဖြစ်ပါလိမ့်မယ်”ဟု TDPDF-Mingin က ဆိုသည်။

(မင်းကင်းမြို့နယ် တောင်တွင်းဒေသ ကျောင်က်တန်းရွာမှ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်)

တော်လှန်ရေးအရှိန်မြင့်လာသည်နှင့်အမျှ ခက်ခဲကြမ်း တမ်းမှုများ ပိုလာနိုင်သောကြောင့် ပြည်သူများ ကြိုတင်ပြင်ဆင်ထားကြရန် မင်းကင်းမြို့နယ် တောင်တွင်းဒေသကာကွယ်ရေးတပ်ဖွဲ့(TDPDF-Mingin)က ယနေ့ (ဒီဇင်ဘာ ၁၂)အသိပေးချက် ထုတ်ပြန်သည်။

အဆိုပါ အသိပေးချက်တွင် အချက်(၉)ချက်ပါဝင်ပြီး ၎င်းတို့မှာ မိသားစုအလိုက် စားနပ်ရိက္ခာများကို တစ်ပတ်စာ(သို့မဟုတ်)တစ်လ စုစောင်း၍ လွတ်မြောက်နေရာတွင် ထားရှိရန်၊ အမိုးအကာအတွက် မိုးကာများဝယ်ယူထားရန်၊ စောင်နှင့် အိပ်ယာလိပ်အပိုများ လွတ်မြောက်နေရာသို့ပိုထားရန် စသည်တို့ ပါဝင်သည်။

“တော်လှန်ရေး အရှိန်မြင့်မားလာသလို ခက်ခဲကြမ်းတမ်းမှုတွေကလည်း ဒီထက်ပိုလာနိုင်ဖွယ်ရှိပါတယ်။ စစ်ကောင်စီတပ်များဟာ စစ်ပွဲမနိုင်လျှင် အဆုံးထိယုတ်မာတတ်တဲ့သဘောရှိတာကို ပြည်သူများလည်း သိရှိပြီးဖြစ်ပါလိမ့်မယ်”ဟု TDPDF-Mingin က ဆိုသည်။

ထို့အပြင် မိသားစုဝင်တိုင်း အဝတ်အစားများကို နည်းနိုင်သမျှနည်းအောင် အသင့်ထုပ်ပိုးထားရန်၊ မှတ်ပုံတင်၊ အိမ်ဂရမ်၊ ငွေစာရင်းများ၊လယ်ယာ ပိုင်ဆိုင်ကြောင်း စာရွက်စာတမ်းများနှင့် တန်ဖိုးရှိလက်ဝတ်ရတနာများကို အသင့်ထုတ်ပိုးထားရန်၊ ဆေးဝါး၊ မီးခြစ်နှင့် ဓားစသည်တိူ့ကိုလည်း မနေ့လျော့ဘဲ သက်ကြီးရွယ်အိုများ၊ အိမ်မွေးတိရိစ္ဆာများ စသည်တို့ကို အမြန်ဆုံးပြောင်းရွှေ့နိုင်ရေး စီစဥ်ထားရန် အကြံပြုထားသည်။

Public Service Announcement

Public Service Announcement

မင်းကင်းမြို့နယ် တောင်တွင်းဒေသပြည်သူ့ကာကွယ် ရေးတပ်များ၏ လှုပ်ရှားဒေသတစ်ခုဖြစ်သော ကလေးဝ-ယာကြီးလမ်း(အာရှလမ်းမကြီး)ပိုင်းတွင် ဒီဇင်ဘာ ၈ ရက်နှင့် ၉ရက်များတွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၆၀ ဦးခန့်သေဆုံးနိုင်ကြောင်း TDPDF-Mingin စာရင်းများအရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။