Connect with us

Hi, what are you looking for?

News

တော်လှန်ရေးအရှိန်မြင့်လာချိန် ခက်ခဲကြမ်းတမ်းမှုပိုလာနိုင်သောကြောင့် ပြည်သူများ ကြိုတင်ပြင်ဆင်ကြရန် မင်းကင်း TDPDF အသိပေး

“တော်လှန်ရေး အရှိန်မြင့်မားလာသလို ခက်ခဲကြမ်းတမ်းမှုတွေကလည်း ဒီထက်ပိုလာနိုင်ဖွယ်ရှိပါတယ်။ စစ်ကောင်စီတပ်များဟာ စစ်ပွဲမနိုင်လျှင် အဆုံးထိယုတ်မာတတ်တဲ့သဘောရှိတာကို ပြည်သူများလည်း သိရှိပြီးဖြစ်ပါလိမ့်မယ်”ဟု TDPDF-Mingin က ဆိုသည်။

(မင်းကင်းမြို့နယ် တောင်တွင်းဒေသ ကျောင်က်တန်းရွာမှ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်)

တော်လှန်ရေးအရှိန်မြင့်လာသည်နှင့်အမျှ ခက်ခဲကြမ်း တမ်းမှုများ ပိုလာနိုင်သောကြောင့် ပြည်သူများ ကြိုတင်ပြင်ဆင်ထားကြရန် မင်းကင်းမြို့နယ် တောင်တွင်းဒေသကာကွယ်ရေးတပ်ဖွဲ့(TDPDF-Mingin)က ယနေ့ (ဒီဇင်ဘာ ၁၂)အသိပေးချက် ထုတ်ပြန်သည်။

အဆိုပါ အသိပေးချက်တွင် အချက်(၉)ချက်ပါဝင်ပြီး ၎င်းတို့မှာ မိသားစုအလိုက် စားနပ်ရိက္ခာများကို တစ်ပတ်စာ(သို့မဟုတ်)တစ်လ စုစောင်း၍ လွတ်မြောက်နေရာတွင် ထားရှိရန်၊ အမိုးအကာအတွက် မိုးကာများဝယ်ယူထားရန်၊ စောင်နှင့် အိပ်ယာလိပ်အပိုများ လွတ်မြောက်နေရာသို့ပိုထားရန် စသည်တို့ ပါဝင်သည်။

“တော်လှန်ရေး အရှိန်မြင့်မားလာသလို ခက်ခဲကြမ်းတမ်းမှုတွေကလည်း ဒီထက်ပိုလာနိုင်ဖွယ်ရှိပါတယ်။ စစ်ကောင်စီတပ်များဟာ စစ်ပွဲမနိုင်လျှင် အဆုံးထိယုတ်မာတတ်တဲ့သဘောရှိတာကို ပြည်သူများလည်း သိရှိပြီးဖြစ်ပါလိမ့်မယ်”ဟု TDPDF-Mingin က ဆိုသည်။

ထို့အပြင် မိသားစုဝင်တိုင်း အဝတ်အစားများကို နည်းနိုင်သမျှနည်းအောင် အသင့်ထုပ်ပိုးထားရန်၊ မှတ်ပုံတင်၊ အိမ်ဂရမ်၊ ငွေစာရင်းများ၊လယ်ယာ ပိုင်ဆိုင်ကြောင်း စာရွက်စာတမ်းများနှင့် တန်ဖိုးရှိလက်ဝတ်ရတနာများကို အသင့်ထုတ်ပိုးထားရန်၊ ဆေးဝါး၊ မီးခြစ်နှင့် ဓားစသည်တိူ့ကိုလည်း မနေ့လျော့ဘဲ သက်ကြီးရွယ်အိုများ၊ အိမ်မွေးတိရိစ္ဆာများ စသည်တို့ကို အမြန်ဆုံးပြောင်းရွှေ့နိုင်ရေး စီစဥ်ထားရန် အကြံပြုထားသည်။

Public Service Announcement

Public Service Announcement

မင်းကင်းမြို့နယ် တောင်တွင်းဒေသပြည်သူ့ကာကွယ် ရေးတပ်များ၏ လှုပ်ရှားဒေသတစ်ခုဖြစ်သော ကလေးဝ-ယာကြီးလမ်း(အာရှလမ်းမကြီး)ပိုင်းတွင် ဒီဇင်ဘာ ၈ ရက်နှင့် ၉ရက်များတွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၆၀ ဦးခန့်သေဆုံးနိုင်ကြောင်း TDPDF-Mingin စာရင်းများအရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook