Connect with us

Hi, what are you looking for?

News

မြောင်နယ်မှ ကျဆုံးခဲ့သူများ၏ မိသားစုဝင်များကို YFPDFတပ်ဖွဲ့ ထောက်ပံ့ငွေချီးမြှင့်

ထောက်ပံ့ငွေများချီးမြင့်ခြင်းကို အလှူရှင်ပြည်သူများကိုယ်စား YFPDF တပ်ဖွဲ့ဝင်များက ကိုင်တိုင်သွားရောက်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ဘက်မှာ ပြည်သူရှိကြောင်း ပြသခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲများတွင် ကျဆုံးသွားသည့် အရပ်သားများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား ထောက်ပံ့​ငွေချီးမြှင့် ပေးအပ်ခဲ့ကြောင်း Young Fighters People’s Defence Force(YFPDF)က ယနေ့(ဒီဇင်ဘာ ၁၇) ထုတ်ပြန်သည်။

ထောက်ပံ့ငွေများချီးမြင့်ခြင်းကို အလှူရှင်ပြည်သူများကိုယ်စား YFPDF တပ်ဖွဲ့ဝင်များက ကိုင်တိုင်သွားရောက်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ဘက်မှာ ပြည်သူရှိကြောင်း ပြသခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

“ကျွန်တော်တို့က ခုချိန်မှာ ပြည်သူမှာပြည်သူပဲရှိတာမို့ ပြည်သူနဲ့တသားတည်းဆိုတာကိုပြတဲ့သဘောပါဗျ”ဟု YFPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့်တိုက်ပွဲအတွင်း ကျဆုံးသူများတွင် သနပ်ကုန်းရွာမှ နှစ်ဦး၊ သုခဒီပမှ တစ်ဦး၊ မြစ်ဆုံမှ သုံးဦးနှင့် ခေါင်းခွဲရွာမှ ငါးဦးအသီးသီးဖြစ်ကြောင်း YFPDF စာရင်းများအရ သိရသည်။

Public Service Announcement

Public Service Announcement

“အမိမြေအတွက်အသက်ပေးသွားသောအာဇာနည်များ၊ ဒီမိုကရေစီအတွက်အသက်ပေးသွားသောအာဇာနည်များ၊ အညတရ အာဇာနည်များအား အလေးနီပြုပါသည်”ဟု YFPDF က ဆိုထားသည်။

ကျဆုံးဒေသခံ ၁၁ ဦးမှာ စစ်ကောင်စီတပ်များက မြောင်ဒေသကျေးရွားများသို့ စစ်ကြောင်းထိုးစဥ် ဒေသကာ ကွယ်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည့် ဒီဇင်ဘာ ၉ရက်မှ ၁၂ရက်အတွင်း ကျဆုံးခဲ့သူများ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။