Connect with us

Hi, what are you looking for?

LuduNwayOo

News

မြောင်နယ်မှ ကျဆုံးခဲ့သူများ၏ မိသားစုဝင်များကို YFPDFတပ်ဖွဲ့ ထောက်ပံ့ငွေချီးမြှင့်

ထောက်ပံ့ငွေများချီးမြင့်ခြင်းကို အလှူရှင်ပြည်သူများကိုယ်စား YFPDF တပ်ဖွဲ့ဝင်များက ကိုင်တိုင်သွားရောက်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ဘက်မှာ ပြည်သူရှိကြောင်း ပြသခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲများတွင် ကျဆုံးသွားသည့် အရပ်သားများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား ထောက်ပံ့​ငွေချီးမြှင့် ပေးအပ်ခဲ့ကြောင်း Young Fighters People’s Defence Force(YFPDF)က ယနေ့(ဒီဇင်ဘာ ၁၇) ထုတ်ပြန်သည်။

ထောက်ပံ့ငွေများချီးမြင့်ခြင်းကို အလှူရှင်ပြည်သူများကိုယ်စား YFPDF တပ်ဖွဲ့ဝင်များက ကိုင်တိုင်သွားရောက်ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ဘက်မှာ ပြည်သူရှိကြောင်း ပြသခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

“ကျွန်တော်တို့က ခုချိန်မှာ ပြည်သူမှာပြည်သူပဲရှိတာမို့ ပြည်သူနဲ့တသားတည်းဆိုတာကိုပြတဲ့သဘောပါဗျ”ဟု YFPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့်တိုက်ပွဲအတွင်း ကျဆုံးသူများတွင် သနပ်ကုန်းရွာမှ နှစ်ဦး၊ သုခဒီပမှ တစ်ဦး၊ မြစ်ဆုံမှ သုံးဦးနှင့် ခေါင်းခွဲရွာမှ ငါးဦးအသီးသီးဖြစ်ကြောင်း YFPDF စာရင်းများအရ သိရသည်။

“အမိမြေအတွက်အသက်ပေးသွားသောအာဇာနည်များ၊ ဒီမိုကရေစီအတွက်အသက်ပေးသွားသောအာဇာနည်များ၊ အညတရ အာဇာနည်များအား အလေးနီပြုပါသည်”ဟု YFPDF က ဆိုထားသည်။

Public Service Announcement

Public Service Announcement

ကျဆုံးဒေသခံ ၁၁ ဦးမှာ စစ်ကောင်စီတပ်များက မြောင်ဒေသကျေးရွားများသို့ စစ်ကြောင်းထိုးစဥ် ဒေသကာ ကွယ်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည့် ဒီဇင်ဘာ ၉ရက်မှ ၁၂ရက်အတွင်း ကျဆုံးခဲ့သူများ ဖြစ်သည်။