Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၅)နယ်မြေတွင် ဒီဇင်ဘာလဝက်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၅၄ဦးသေ

KNU တပ်မဟာ ၇ခုရှိသည့်အနက် ယခုလအတွင်း တပ်မဟ(၁)၊ တပ်မဟာ(၅)၊ တပ်မဟာ(၆)နယ်မြေများ၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တပ်မဟာ(၅)နယ်မြေသည် တိုက်ပွဲဖြစ်ပွားမှု အများဆုံးဒေသဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင်တွင် ဒီဇင်ဘာလဝက် အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၅၄ဦး သေဆုံးပြီး ၃၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မဟ(၅)က ထုတ်ပြန်သည်။

ဒီဇင်ဘာ ၁ရက်မှ ၁၅ရက်အတွင်း KNU တပ်မဟာ(၅) လက်အောက်ခံ တပ်ရင်း တပ်ခွဲများနှင့် အကြမ်းဖစ်စစ်ကောင်စီတပ်၊ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) တို့ အကြား ရင်ဆိုင်တိုက်ပွဲ ၁၁၁ကြိမ်ဖြစ်ခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲများ၌ KNU တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးပြီး ​ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း တပ်မဟာ (၅)က ထုတ်ပြန်သည်။

ဖာပွန် – ကမမောင်း လမ်း ၂၁ မိုင်နှင့် ခွေးသေ အကြား အခြေစိုက်သည့် စစ်ကောင်စီ နှင့် BGF တပ်ဖွဲ့ဝင်မျးက လက်နက်ကြီးများ ပစ်ခတ်ခဲ့၍ ဒေသခံများ လုပ်ကိုင်စားသောက်ရနေရာများသို့ ကျရောက်ခဲ့ပြီး လူထုများ နေ့စဉ်နှင့်အမျှ စိုးရိမ်ပူပန်နေကြရသည်ဟုလည်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ ၇ခုရှိသည့်အနက် ယခုလအတွင်း တပ်မဟ(၁)၊ တပ်မဟာ(၅)၊ တပ်မဟာ(၆)နယ်မြေများ၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တပ်မဟာ(၅)နယ်မြေသည် တိုက်ပွဲဖြစ်ပွားမှု အများဆုံးဒေသဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။