Connect with us

Hi, what are you looking for?

News

သန်လျှင်မြို့တွင် PDF တပ်ဖွဲ့ဝင်အချို့၏ ခိုလှုံ​​နေရာ စစ်ကောင်စီတပ်ဝင်စီး၊ PDF နှစ်ဦးကျဆုံးပြီး သုံးဦးဖမ်းခံရ၊ တစ်ဦးက မိမိကိုယ်ကိုအဆုံးစီရင်ဟုဆို

အဆိုပါပစ်ခတ်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့သော်လည်း အင်အားမမျှသဖြင့် PDF နှစ်ဦးကျဆုံးပြီး သုံးဦးဖမ်းဆီးခံရကြောင်း ဒေသသတင်းရင်းမြစ် Thanlyin Informations က ဖော်ပြသည်။

ရန်ကုန်တိုင်း သန်လျှင်မြို့နယ် ​ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့၏ ခိုလှုံနေရာအား စစ်ကောင်းစီတပ်က ဝင်ရောက်စီးနင်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြော သည်။

ယနေ့(ဒီဇင်ဘာ ၁၇)နံနက်ပိုင်းက သန်လျှင်မြို့ ခရမ်းရေထိန်းတံခါးအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့၏ ခိုလှုံနေရာတစ်ခုအား စစ်ကောင်စီကဝင်ရောင်စီးနင်းခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါပစ်ခတ်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့သော်လည်း အင်အားမမျှသဖြင့် PDF နှစ်ဦးကျဆုံးပြီး သုံးဦးဖမ်းဆီးခံရကြောင်း ဒေသသတင်းရင်းမြစ် Thanlyin Informations က ဖော်ပြသည်။

ဖမ်းဆီးခံရသူ သုံးဦးမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးဖြစ်ပြီး ၎င်းတို့သုံးဦးအနက် တစ်ဦးက စစ်ကောင်စီတပ်များလက်အောက် အဖမ်းမခံလို၍ မိမိကိုကိုယ်အဆုံးစီရင်သွားကြောင်း ကြားသိရသော်လည်း ယင်းအချက်အား People’s Spring က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

အထက်ပါကဲ့သို့ PDF များ၏ခိုလှုံနေရာ ဝင်အစီးခံရခြင်းမှာ ဒလန်သတင်းပေးမှုကြောင့်ဖြစ်ပြီး ထို့ကြောင့် ဒလန်များကို အရင်ရှင်းသင့်ကြောင်း သန်လျှင်ဒေသခံတစ်ဦးက မှတ်ချက်ပေးသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ