Connect with us

Hi, what are you looking for?

LuduNwayOo

News

ကလေးလေဆိပ်ဗဟိုပြု၍ စစ်ကောင်စီက ချင်းတောင်-ကလေး-ယောဒေသကို စစ်ဆင်ရေးစတင်ရန် ပြင်ဆင်နေကြောင်း ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပြော

အကြမ်းဖက်စစ်ကောင်စီက ကလေးလေဆိပ်ကို ဒီဇင်ဘာ ၆ရက်ကစ၍ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီးနောက် ဒီဇင်ဘာ ၁၇ရက်တွင် စစ်ကောင်စီတပ်သားများနှင့် လက်နက်ခဲယမ်းများပါရှိသော ထောက်ပို့လေယာဥ် နှစ်စီးမှာ ကလေးလေဆိပ်၌ ဆင်းသက်ခဲ့ကြောင်းလည်း သိရသည်။

ကလေးမြို့လေဆိပ်ကို ဗဟိုပြု၍ ချင်းတောင်-ကလေး-ယောဒေသကို စစ်ဆင်ရေးစတင်ရန် အကြမ်းဖက် စစ်ကောင်စီက ပြင်ဆင်နေကြောင်း ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သုံးသပ်ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီက ကလေးလေဆိပ်ကို ဒီဇင်ဘာ ၆ရက်ကစ၍ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီးနောက် ဒီဇင်ဘာ ၁၇ရက်တွင် စစ်ကောင်စီတပ်သားများနှင့် လက်နက်ခဲယမ်းများပါရှိသော ထောက်ပို့လေယာဥ် နှစ်စီးမှာ ကလေးလေဆိပ်၌ ဆင်းသက်ခဲ့ကြောင်းလည်း သိရသည်။

“မနေ့က ကျွန်တော်တို့ တစ်နေကုန် စောင့်ကြည့်ခဲ့တာ ထောက်ပို့လေယာဥ် အကြီးတွေ နှစ်ကြိမ်ဆင်းတယ်။ စစ်သားတွေအပြင် လက်နက်ခဲယမ်းတွေလည်း သယ်ဆောင်လာပါတယ်”ဟု ကလေးမြို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီသည် ကလေးလေဆိပ်ကို ဗဟိုပြုပြီး ကလေး-ဂန့်ဂေါ ၊ချင်းတောင်ဒေသကို ယခင် နှင့်မတူသည့် စစ်ဆင်ရေးမျိုး ဆောင်ရွက်နိုင်သည်ဟု အဆိုပါဒေသတွင်းစစ်ရေး လေ့လာသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“လေဆိပ်ကို ကိုဗစ်အကြောင်းပြပြီး ယုတ္တိ မတန်ဘဲ ပိတ်လိုက်ကတည်းက ကလေးလေယာဥ်ကွင်းကို စစ်ကောင်စီရဲ့ ကုန်တင်လေယာဥ်တွေဆင်းမယ်။ လူ၊ လက်နက်အင်အားဖြည့်တာတွေ လုပ်မယ် ဆိုတာ ကြိုတွက်ထားလို့ရတယ်။နောက်ပြီး လေကြောင်း ပစ်ကူနဲ့ ပတ်ဝိုင်းမယ်၊ ပစ်ကူပေးမယ်ဆိုတာတွေခြေလှမ်း စပြီ လို့ ပြောလို့ရတယ်”ဟု ကလေးဒေသတွင်း စစ်ရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။

၎င်းက ဆက်လက်၍ “လေကြောင်းသယ်ပို့ဆိုတာ ဆင်းကွင်း၊ချကွင်းကောင်းတဲ့ ပြင်တွေမှာပဲလုပ်လို့ရတာဖြစ်ပြီး တောခြေတောင်စပ်မှာဆို လုပ်ရခက်ပါတယ်။ ကွင်းပြင်မှာတော့ ဝင်လမ်းထွက်လမ်းတွေကို ရဟတ်ယာဥ်သုံး ပိတ်ဆို့ပြီး ချေမှုန်းမှုတွေလုပ်လာနိုင်ပါတယ်”ဟု ပြောသည်။

ထို့အပြင် လေကြောင်း နှင့် မြေပြင် စစ်ဆင်ရေးအတွက် မြေပြင် နှင့် ဒေသလမ်းကြောများကို ကျွမ်းကျင်သည့် စစ်ကောင်စီလက် အောက်ခံ ဒေသခံပျူစောထီးများမှာလည်း တိုက်ပွဲအတွင်း သတိထားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

“လေကြောင်းရန်လာတဲ့အခါ အရေးပေါ်လိုက်နာရှောင်ရှားရမယ့်အချက်အတွေကို အဓိကထား လေ့ကျင့်ထားကြရမှာဖြစ်တယ်”ဟု ယောဒေသ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက အသိပေးသည်။

ဒီဇင်ဘာ ၁၇ ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီသည် တိုက်ခိုက်ရေးသုံး ရဟတ်ယာဥ် သုံးစီးဖြင့် ကလေး မြို့နှင့် ယောဒေသကြားမှာရှိသည့် နှမ်းခါးရွာကို ဝင်ရောက်စီးနင်းခဲ့သည်။

ထို့ကြောင့် ဒေသခံပြည်သူ ၄၀၀ ကျော်သည် ထွက်ပြေးတိမ်းရှောင်နေရပြီး ပြည်သူသုံးဦးထက်မနည်း သေဆုံးကြောင်း ထွက်ပြေးလွတ်မြောက်လာသည့် ပြည်သူများက လူထုနွေဦးသို့ ပြောသည်။

“နှမ်းခါးရွာက ကလေးနဲ့ ယောဒေသရဲ့ အလယ်ဗဟိုတည်ချက် နီးနီးရှိတယ်။စစ်ကောင်စီရဲ့ အခုဗျူဟာအရဆိုရင် ပြည်သူ့တပ်ဖွဲ့တွေရဲ့ ထောက်ပို့ လမ်းကြောင်းတွေကို စဖြတ်တယ်။ပြီးရင် တစ်ပိုင်းချင်း ပိုက်စိပ်တိုက် ချင်ပုံ ရတယ်”ဟု ကလေး ပ.အ.ဖ မှ တာဝန်ရှိသူက ပြောသည်။

အလားတူ ယောဒေသနှင့် ဆက်စပ်နေသည့် ချင်းပြည်နယ် မင်းတပ်မြို့ကိုလည်း ဒီဇင်ဘာ ၁၇ရက်ကစ၍ အင်အား ၇၀ခန့်ဖြင့်စစ်ကြောင်း စထိုးခံနေရကြောင်းလည်းCDF မင်းတပ်၏ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က ၎င်းရဲဲ့ လူမှုကွန်ရက်က တစ်ဆင့် ဖြန့်ဝေထားသည်။

“ကရင်စစ်မျက်နှာကို အားစိုက်ချင်လို့အပါအဝင် မြန်မာနိုင်ငံတွင်း တော်လှန်ရေးရှေးဦးဒေသကို ဦးချိုးဖို့ လည်းဖြစ်ပါတယ်။ ဒီပွဲကိုသူတို့နိုင်ရင် ကရင်မှာအထိနာထားတဲ့ သူလူတွေရဲ့ စိတ်ဓာတ်ပိုင်း မိုတီကို တက်စေဖို့ရည်ရွယ်ပြီး ပြည်တွင်းတော်လှန်ရေးအဖွဲ့တွေကို အားလျော့စေဖို့ ဦးတည်တာ”ဟု ယောဒေသဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ရေးအရ ဒေသခံတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားပါက လူအင်အားအရေ အတွက်နှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ပြည်သူ့တပ်ဖွဲ့များက အသားစီးဖြစ်နေသော်လည်း တိုက်ပွဲကို အဆုံးအဖြတ် ပေးနိုင်သည့် လက်နက်အင်အားမှာ ချို့တဲ့နေဆဲဖြစ်သည်။

ထို့ကြောင့် ချင်းတောင် ၊ ကလေး နှင့် ယောဒေသကို ပြည်သူများအနေဖြင့်လည်း အားစိုက်ပေးကြရန် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။