Connect with us

Hi, what are you looking for?

LuduNwayOo

News

လေးကေ့ကော်တိုက်ပွဲမှာ အထိနာတဲ့ စစ်ကောင်စီ အင်အားထပ်ဖြည့်တင်းနေ

“နည်းနည်းတော့ထူးတယ်၊ လေယာဉ်ပျံတစ်စီးဝဲနေတယ်၊မဲထော်သလေးဘက်မှာ၊ လမ်းမှာတော့ စစ်ကားသက်သက်ပဲ၊ အခြေအနေကတော့ မကောင်းဘူး၊ အသွားအလာလည်းမရှိဘူး” လို့နယ်မြေခံတစ်ဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့လပိုင်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်

လေးကေကော်မြို့တိုက်ပွဲမှာ အာဏာသိမ်းစစ်ကောင်စီဘက်က အထိနာခဲ့ပြီးတဲ့နောက် စစ်ရေးအင်အားတိုးချဲ့မှုတွေပိုမို လုပ်ဆောင်နေတာကြောင့် စစ်ရေးတင်းမာမှုတွေ ပိုမိုဖြစ်ပွားလာဖို့ရှိနိုင်တယ်လို့ KNU နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးထံကနေ သိရပါတယ်။

လက်ရှိအချိန်မှာ မြဝတီ − ဝေါ်လေ ကားလမ်းမပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဟာ အင်အား အများအပြားရောက်ရှိနေသလို ဒီနေ့မနက်ပိုင်းမှာလည်း လေးကေကော်မြို့အနီး ထိုင်း – မြန်မာနယ်စပ်မှာတည်ရှိနေတဲ့ မဲထော်သလေးရွာဘက်မှာ စစ်ကောင်စီဘက်က လေယာဉ် ပျံဝဲခဲ့တယ်လို့ နယ်မြေ သတင်းပေးပို့ချက်အရ သိရပါတယ်။

“နည်းနည်းတော့ထူးတယ်၊ လေယာဉ်ပျံတစ်စီးဝဲနေတယ်၊မဲထော်သလေးဘက်မှာ၊ လမ်းမှာတော့ စစ်ကားသက်သက်ပဲ၊ အခြေအနေကတော့ မကောင်းဘူး၊ အသွားအလာလည်းမရှိဘူး” လို့နယ်မြေခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

ဒါ့အပြင် လေးကေကော်မြို့အနီးက အမြောက်ကုန်းမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကေအဲန်ယူထံ ရိက္ခတောင်းနေကြတယ်လို့ နယ်မြေခံ KNLA သတင်းရင်းမြစ်တစ်ဦးက ပြောပြချက်အရသိရပါတယ်။

Public Service Announcement

Public Service Announcement

“တိုက်ရည်တော့ မသိဘူး၊ နှစ်ရက်နဲ့ ၁၈ နာရီပဲရှိသေးတယ်၊ ကုန်းပေါ်ကနေ အစာအော်တောင်းနေကြပြီ” လို့ အဲဒီ သတင်းရင်းမြစ်က ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းက သံချပ်ကာကားတွေပါဝင်တဲ့ စစ်ကောင်စီယာဉ်တန်းဟာ ဘားအံမြို့ကနေတဆင့် မြဝတီမြို့အနီးက လေးကေကော်မြို့သစ်ဘက်ကို ဦးတည်ထွက်ခွာဖို့ ရှိနိုင်ပြီး လက်ရှိမှာတော့ ကျုံဒိုးမြို့မှာ ရောက်ရှိနေတယ်လို့လည်း သိရပါသေးတယ်။

ဒီကနေ့ ညနေပိုင်းမှာလည်း မြဝတီ − ဝေါ်လေ ကားလမ်းမပေါ်မှာရှိတဲ့ သေ့ဘောဘိုးရွာဘက်ကနေ လက်နက်ငယ် လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရပြီး စစ်ရှောင်တွေ ထွက်ပြေးလာနေရတယ်လို့လည်း စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)က ပြောခွင့်ရသူ စောနန္ဒဆူးက ပြောပါတယ်။

” လူသားချင်းစာနာထောက်ထားမှု အကူအညီ ရိက္ခာတွေလာပို့ပေးတယ်၊အခုကျတော့ ဟိုဘက်ကမ်းကို ပို့လို့မရသေးဘူး၊ထိုင်းအာဏာပိုင်တွေနဲ့ နည်းနည်းစကားပြောရသေးတယ်၊ ပြီးခဲ့တဲ့ မိနစ် ၂၀ ခန့်က သေ့ဘောဘိုးဘက်မှာ သေနတ်သံတွေကြားနေရတယ် အလုံးကြီးပစ်သံတွေကြားရတယ်။ လက်ရှိ ထွက်ပြေးလာတဲ့ စစ်ရှောင်အခြေအနေ လိုက်လံစုံစမ်းနေတုန်းပဲ ၊ ဒီလိုပဲချိတ်ဆက်လိုက်နားထောင်နေရတာပေါ့” လို့ စောနန္ဒဆူးက ပြောပါတယ်။

ဒါ့အပြင် လေးကေကော်တိုက်ပွဲကြောင့် ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ဦးရေက ၄၀၀၀ ဝန်းကျင်ရှိနေပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ အချိန်မှာ ထိခိုက်ဒဏ်ရာရတာတွေ ရှိနေလို့ လက်ရှိ မဲဆောက်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့ စစ်ဘေးရှောင် ၁၀ ဦးဝန်းကျင်ခံ ရှိနေတယ်လို့ မဲဆောက်ဒေသခံတွေထံကနေ သိရပါတယ်။

ဒီဇင်ဘာ ၁၇ ရက်နေ့က ကော့ကရိတ်မြို့ တတန်ကူးရွာ ကော့ကရိတ် – မြဝတီ ဒေါနတောင်ပေါ်ကားလမ်းဟောင်းဘက်မှာ ရောက်နေတဲ့ အင်အား ၂၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းတွေဟာ မြဝတီမြို့နယ် သင်္ကန်းညီနောင်ဘက်ကို ရောက်ရှိအင်အားဖြည့်လာနေပြီလည်း နယ်မြေသတင်းပေးပို့ချက်အရ သိရပါသေးတယ်။

လက်ရှိမှာ လေးကေကော်တိုက်ပွဲကြောင့် ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေအပါအဝင် စစ်ရှောင်ဦးရေဟာ သောင်းဂဏန်းအထိရှိလာပြီး နောက်ထပ်လည်း ထပ်တိုးလာနိုင်တယ်လို့ မြေပြင်မှာ စစ်ရှောင်အရေးကွင်းဆင်းဆောင်ရွက်ပေးနေသူတွေထံကနေ သိရပါတယ်။

ဓာတ်ပုံ − AFP

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။