Connect with us

Hi, what are you looking for?

News

ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်အနီး ယနေ့ညပိုင်း ပစ်ခတ်မှုဖြစ်

ပစ်ခတ်မှုကြောင့် ထိခိုက်ကျဆုံးမှုနှင့် မည်သည့်အဖွဲ့နှင့် ပစ်ခတ်မှုဖြစ်သည် ဆိုသည်ကို စုံစမ်းဆဲဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ပေါ်ရှိ အာဏာ သိမ်းစစ်ကောင်စီတပ် တည်ရှိရာနေရာအနီးတွင် ယနေ့ည ၇နာရီကျော်အချိန်တွင် ပစ်ခတ်မှု ဖြစ်ပွားနေကြောင်း ကွတ်ခိုင်မြို့ခံတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်နေတာ အခုတော့ ငြိမ်နေတယ်။ ဖြစ်တာက ရပ်ကွက်(၁)မှာ။ ကျွန်တော်တို့နားမှာပဲ။ ဒုန်းဒိုင်း ဒုန်းဒိုင်းအသံကြားတော့ ကိုယ်လည်း ဝပ်နေရတာပဲ” ဟု ကွတ်ခိုင်ဒေသခံက ဒီဇင်ဘာ ၁၈ရက် ည ၇နာရီခွဲ အချိန်ခန့်တွင် ပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားရာနေရာသည် စစ်ကောင်စီတပ်၏ ကွတ်ခိုင်အခြေစိုက် စစ်ဗျူဟာ အပါအဝင် ခမရ(၂၄၁)၊ ထောက်ပို့တပ်၊အမြောက်တပ်တို့ တည်ရှိကြောင်း ဒေသခံက ပြောသည်။

ပစ်ခတ်မှုကြောင့် ထိခိုက်ကျဆုံးမှုနှင့် မည်သည့်အဖွဲ့နှင့် ပစ်ခတ်မှုဖြစ်သည် ဆိုသည်ကို စုံစမ်းဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါဒေသတွင် တအာင်းတပ်ဖွဲ့(TNLA)၊ ကိုးကန့်တပ်ဖွဲ့(MNDAA)၊ ကချင်အဖွဲ့(KIA) တို့ စစ်ရေးလှုပ်ရှားမှုရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။