Connect with us

Hi, what are you looking for?

News

လေးကေ့ကော်တိုက်ပွဲ စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုများ၊ လက်နက် ၉ လက်သိမ်းဆီးရမိ

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)တို့ နေရာယူထားသည့် လေးကေ့ကော်ဒေသရှိ မေတ္တာလင်းမြိုင် စခန်းကို KNUဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့ကယနေ့(ဒီဇင်ဘာ၁၉)စခန်းသိမ်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ယ​နေ့တိုက်ပွဲတွင်​သေဆုံး​သောစစ်​ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အ​လောင်းများပုံ​​ထားစဥ်)

-ပစ္စတို ၂ လက်သိမ်းဆည်းရ၍​သေဆုံးသူများတွင်အရာရှိပါနိုင်

လေးကေ့ကော်ဒေသ မေတ္တာလင်းမြိုင်နှင့် မယ့်ထော်သလေးကြားငါးရက်​မြောက်​နေ့အဖြစ် စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်များကြား တိုက်ပွဲပြင်းထန်းစွာဖြစ်ပွား​နေရာ စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးများပြီးယခုအချိန်ထိ့ လက်နက် ၉ လက်သိမ်းသိမ်းဆည်းနိုင်ကြောင်း သတင်းရရှိသည်။

၆၀မမ (၁) လက် ၊ MA1 (၄) လက်၊ Sniper (၂) လက်၊ ပစ္စတို (၂) လက် စုစုပေါင်း (၉) လက်သိမ်းဆည်းရမိပြီး ပစ္စတိုပါသောကြောင့် သေဆုံးသူများထဲတွင် အရာရှိများပါနိုင်ကြောင်း PVTV ကသတင်း​ဖော်ပြထားသည်။အသေးစိတ် စာရင်းများကို မကြာမီထုတ်ပြန်ပေးသွားဟုလည်း ပါရှိသည်။

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)တို့ နေရာယူထားသည့် လေးကေ့ကော်ဒေသရှိ မေတ္တာလင်းမြိုင် စခန်းကို KNUဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့ကယနေ့(ဒီဇင်ဘာ၁၉)စခန်းသိမ်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။