Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၂)နယ်မြေတွင်လည်းနှစ်ရက်ဆက်တိုက်ပွဲဖြစ်နေ၊ စစ်ကောင်စီတပ်ရှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

ယနေ့တိုက်ပွဲနှင့် စပ်လျဥ်းပြီး တိုက်ပွဲအ​ခေအနေအသေးစိပ်နှင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးရှိ၊ မရှိစသည်တို့ကို မသိရသေးပေ။

(စစ်​ကောင်စီတပ်ကို အ​ကောင်းဆုံးခုံခံတိုက်ခိုက်​နေ​သော KNU/KNLAတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-​တောင်ပိုင်းတိုင်းသတင်းပြန်ကြား​ရေး)

ကရင်အမျိုးသားအစည်းအရုံး (KNU)တပ် မဟာ(၂) ထိန်းချုပ်နယ်မြေဖြစ်သည့် ပဲခူးတိုင်းတောင်ငူခရိုင်အတွင်း KNU/KNLA နှင့် PDF ပူးပေါင်းတပ်များစစ်ကောင်စီတပ်နှင့် နှစ်ရက်ဆက်တိုက် တိုက်ပွဲဲဖြစ်ပွားနေကြောင်းသတင်းရရှိသည်။

အဆိုပါတိုက်ပွဲများတွင် ယမန်နေ့(ဒီဇင်ဘာ ၂၀)က KNU တပ်မဟာ(၂) တပ်ရင်း(၆) လေးလုံးပင်ဒေသ၌ နယ်ကျွံလာသည့် စစ်ကောင်စီတပ်များနှင့် တစ်နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်၀ကြောင်း သိရသည်။တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ရှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိသည့်အပြင် လက်နက် ကိုးလက်သိမ်းဆည်းရမိခဲ့သည်ဟု KNU/KNLA မှ သတင်းရင်းမြစ်တစ်ဦးက အတည်ပြု​ပြောကြားသည်။

ထို့အပြင် ယနေ့(ဒီဇင်ဘာ ၂၁)တွင်လည်း တပ် မဟာ(၂)ထိန်းချုပ်နယ်မြေ ထန်းတပင်မြို့နယ် ကဆယ်ဒိုတောင်ကြီးအရှေ့ဘက်တွင် စစ်ကောင်စီတပ်နှင့် KNU/KNLA နှင့် PDF ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေကြောင်း ပဲခူးတိုင်း PDF မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

“တပ်မဟာ(၂)ထဲ​တော့ မှန်တယ်။ ဒီ​နေ့ဖြစ်တာက ​​တောင်ကြီးဘက် ဆွဲမိုင်းကွဲတာ ၉ လုံးရှိပြီအခု”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့တိုက်ပွဲနှင့် စပ်လျဥ်းပြီး တိုက်ပွဲအ​ခေအနေအသေးစိပ်နှင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးရှိ၊ မရှိစသည်တို့ကို မသိရသေးပေ။

လက်ရှိအခြေအနေတွင် KNU တပ်မဟာ(၂) ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်မှ စစ်ကြောင်းနှစ်ကြောင်းထက်မနည်း ထိုးစစ်ဆင်ရန်ပြင်ဆင်နေပြီး ယနေ့တွင် စစ်ကောင်စီဘက်မှ အင်အား ၁၀၀ ခန့် အင်အားတိုးချဲ့လျှက်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

Facebook