Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်တိုက်ပွဲဝင်မည့် တော်လှန်ရေးအင်အားစုများက စစ်(၃)စစ် တိုက်ဖျက်ရေးဝါဒ ကြေညာ

စစ်အစိုးရတိုက်ဖျက်ရေးတွင် လက်ရှိလူထုတော်လှန်ရေးသည် လက်နက်အားကိုး အကြမ်းဖက် အာဏာသိမ်း ထားသော မင်းအောင်လှိုင် ဦးဆောင်သည့် စစ်အစိုးရကို အပြီးတိုင် တိုက်ဖျက်ရေး ဖြစ်သည်ဟု ဖော်ပြသည်။

မန္တလေးမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေသည်ကို နိုဝင်ဘာ ၁၃ရက်က ပြုလုပ်နေစဥ်၊ ဓာတ်ပုံ - Black

စစ်အစိုးရနှင့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် မည်သည့်အစိုးရမျိုးကိုမဆို အမြစ်ပြတ်ပြုတ်ကျသွား သည်အထိတိုက်ပွဲဝင်မည့် တော်လှန်ရေးအင်အားစုများက စစ်(၃)စစ် တိုက်ဖျက်ရေးမူဝါဒကို ယနေ့(ဒီဇင်ဘာ ၂၆ ရက်) ထုတ်ပြန်ကြေညာသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးအင်အားစု ၉ ခုက စစ်အစိုးရတိုက်ဖျက်ရေး၊ စစ်အုပ်စုနှင့် အပေါင်းအပါ များတိုက်ဖျက်ရေးနှင့် စစ်ဗျူရိုကရေစီ ယန္တရား တိုက်ဖျက်ရေး စသည့် စစ်(၃)စစ် တိုက်ဖျက်ရေးကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်အစိုးရတိုက်ဖျက်ရေးတွင် လက်ရှိလူထုတော်လှန်ရေးသည် လက်နက်အားကိုး အကြမ်းဖက် အာဏာသိမ်း ထားသော မင်းအောင်လှိုင် ဦးဆောင်သည့် စစ်အစိုးရကို အပြီးတိုင် တိုက်ဖျက်ရေး ဖြစ်သည်ဟု ဖော်ပြသည်။

သို့သော် လူထုတော်လှန်ရေး တိုက်ပွဲပြင်းထန်လာသည့်အလျောက် လူထုကိုလှည့်စားသော လုပ် ရပ်များကို “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ” လူထုကြွေးကြော်သံနှင့်အညီ လုံးဝလက်ခံသွားမည်မဟုတ်ပဲ စစ်အစိုးရ နှင့် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမည့် မည်သည့်အစိုးရမျိုးကိုမဆို အမြစ်ပြတ်ပြုတ်ကျသွားသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည် ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အလားတူ စစ်အုပ်စုနှင့် အပေါင်းအပါများတိုက်ဖျက်ရေးတွင် စစ်အုပ်စု (စစ်ခေါင်းဆောင်များနှင့် အပေါင်းအပါခရိုနီများ)က လက်ဝါးကြီးအုပ်သိမ်းပိုက်ထားသည့် ပြည်သူလူထုပိုင် စည်းစိမ်ဥစ္စာမှန်သမျကို တခုမကျန် ပြန်လည်သိမ်းပိုက်ပြီး မူလပိုင်ရှင်အစစ်အမှန်ဖြစ်သော ပြည်သူလူထုထံ ပြန်လည်အပ်နှံနိုင်သည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

ထို့အပြင် စစ်ဗျူရိုကရေစီ ယန္တရား တိုက်ဖျက်ရေးတွင် ဝန်ထမ်းများ၏ CDM အာဏာဖီဆန်လှုပ်ရှားမှုသည် လက်နက်ကိုင်တော်လှန်ရေးကဲ့သို့ပင် အရေးပါသည်ဟု ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတ်မှတ် ကြောင်း ဖော်ပြသည်။

ထို့အတွက် ဝန်ထမ်းများ၏ CDM အာဏာဖီဆန်လှုပ်ရှားမှုကို ထောက်ခံအားပေးရုံသာမက CDM လုပ်ဆောင်သူများကို အကာအကွယ်ပေးခြင်း၊ တတ်စွမ်းသည့်နေရာမှ ကူညီပေးခြင်းတို့ကို လုပ်ဆောင်ကာ စစ်အာဏာရှင်ယန္တရား လုံးဝရပ်တန့်သွားပြီး လူထုအကျိုးစီးပွားကို ဦးစားပေးသည့် နိုင်ငံတော် စီမံအုပ်ချုပ်မှု ယန္တရား ပေါ်ပေါက်လာသည် အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ ၉ ခုက သဘောတူကြေညာသည်။

အထက်ပါ စစ်(၃)စစ်တိုက်ဖျက်ရေးမူတွင် သဘောတူပါဝင်ပြီးသော တော်လှန်ရေးတပ်ဖွဲ့များမှာ ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Depeyin People Defense Force)၊ ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ (Anti-Fascist Armed Force)၊ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (Progressive Karenni People Force)၊ Fight For Justice – JPDF၊ မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြစ်ရိုးအောက်တပ်ရင်း)၊ ပြည်သူ့တော်လှန်ရေး တပ်မတော် (People Revolution Army)၊ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Monywa People Defence Force)၊ ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) (Kani People’s Defense Force – 1)၊ မင်းကင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (မြစ်ရိုးအောက်ဒေသ – ပကဖ) တို့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။