Connect with us

Hi, what are you looking for?

LuduNwayOo

News

ဘုတလင်နှင့် တန့်ဆည်တွင် စစ်​ကောင်စီက သတင်းအမှားဖြန့်​ဝေခြင်းနှင့် ပြည်သူများကြား ​သွေးခွဲခြင်းများလုပ်​ဆောင်​နေဟု ​ပြည်သူ့ကာကွယ်​ရေးတပ်များ​ပြော

ယခုချိန်တွင် တော်လှန်ရေးအား ပျက်စီးစေရန်အတွက် စစ်​ကောင်စီမှ နည်းပေါင်းဆုံဖြင့်ကြိုးပမ်းလာသည်ကိုတွေ့ရှိရပြီး NUG နှင့် PDFကိုလည်း ‌သွေးကွဲစေရန် နည်းအမျိုးမျိုးဖြင့်ကြိုးပမ်းလာနေကြောင်း တန့်ဆည် PDFက ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ဘုတလင်းမြို့နယ်နှင့် တန့်ဆည်မြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီက သတင်းအမှားများဖြန့်ဝေခြင်းနှင့် အလံနက်များထောင်ကာ စစ်အာဏာရှင်တော်လှန်ရေးကို ပျက်စီးစေရန် ကြိုပမ်းနေသည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။

ယနေ့(ဒီဇင်ဘာ ၂၇ )နံနက်ပိုင်းက ဘုတလင်မြို့နယ်ရှိ လမ်းမများပေါ်တွင် “ယခု လက်ရှိ ဖြစ်ပေါ်နေသော စစ်ကောင်စီ၏ အကြမ်းဖက်ယုတ်မာမှုများကို ထိထိရောက်ရောက် လက်တုံ့ပြန်နိုင်ရန်အတွက် မြို့နေပြည်သူများအနေဖြင့် ဒီဇင်ဘာ ၃၀ ရက်မှစ၍ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ သုံးရက်တိတိ ဘုတလင်မြို့နယ်မှ အကြွင်းမဲ့(အကြွင်းမဲ့)ထွက်ခွာရမည်”ဟု စာသားပါစာရွက်များ ပြန့်ကျဲနေသည်။

“ဘုတလင်မြို့နယ် လူငယ်တပ်ပေါင်းစု ဆိုတာကြားလည်းမကြားခဲ့ဖူးဘူး။ရည်ရွယ်ချက်က တော့ တစ်ခုခုရှိနိုင်တယ်။ကျွန်တော်တို့လည်း စုံစမ်းနေဆဲပဲ။ခွေးများခွေးကျင့်ခွေးကြံ နဲ့ သတင်းမှားတွေ ဖြန့်နေပြီဆိုတာတော့ လူထုကို အသိပေးလိုတယ်”ဟု ဘုတလင် PDF တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ပြောသည်။

အလားတူ ယနေ့ နံနက်ပိုင်းက တန့်ဆည်မြို့နယ် အဝိုင်းပတ် ဗိုလ်ချုပ်ကြေးရုပ်၌ အလံနက်ထောင် ထားသည်ကို တွေ့ရှိရပြီး အလံနက်ထောင်ခြင်းဆိုသည်မှာစစ်ပွဲ၌ မသေမချင်း တိုက်ခိုက်မည်ဟုအဓိပ္ပာယ်ရသည်ဟု တန့်ဆည် PDF က ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ အလံနက်ထောင်ခြင်းကို တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှပြုလုပ်ခြင်းမဟုတ်သည့်အပြင် မြို့နယ်တွင်းရှိ မဟာမိတ်အဖွဲ့များကိုစုံစမ်းကြည့်ရာတွင်လည်း ၎င်းအဖွဲ့များမှ ပြုလုပ်ခြင်းမရှိဟု သိရသည်။

ယခုချိန်တွင် တော်လှန်ရေးအား ပျက်စီးစေရန်အတွက် စစ်​ကောင်စီမှ နည်းပေါင်းဆုံဖြင့်ကြိုးပမ်းလာသည်ကိုတွေ့ရှိရပြီး NUG နှင့် PDFကိုလည်း ‌သွေးကွဲစေရန် နည်းအမျိုးမျိုးဖြင့်ကြိုးပမ်းလာနေကြောင်း တန့်ဆည် PDFက ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းသည် စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေသည့် တော်လှန်ရေးတပ်ဦး ဒေသအဖြစ် သတ် မှတ်ထားကာ ပြည်သူ့ကာကွယ်ရေးတပ်နှင့် ဒေသခံ ကာကွယ်ရေးအဖွဲ့ အများစုရှိနေပြီး အကြမ်းဖက်စစ်ကောင်စီတပ်များကို တူမီး၊လက်လုပ် အများစုဖြင့် ခုခံစစ်ဆင်နွှဲနေသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။