Connect with us

Hi, what are you looking for?

News

ဘုတလင်နှင့် တန့်ဆည်တွင် စစ်​ကောင်စီက သတင်းအမှားဖြန့်​ဝေခြင်းနှင့် ပြည်သူများကြား ​သွေးခွဲခြင်းများလုပ်​ဆောင်​နေဟု ​ပြည်သူ့ကာကွယ်​ရေးတပ်များ​ပြော

ယခုချိန်တွင် တော်လှန်ရေးအား ပျက်စီးစေရန်အတွက် စစ်​ကောင်စီမှ နည်းပေါင်းဆုံဖြင့်ကြိုးပမ်းလာသည်ကိုတွေ့ရှိရပြီး NUG နှင့် PDFကိုလည်း ‌သွေးကွဲစေရန် နည်းအမျိုးမျိုးဖြင့်ကြိုးပမ်းလာနေကြောင်း တန့်ဆည် PDFက ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ဘုတလင်းမြို့နယ်နှင့် တန့်ဆည်မြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီက သတင်းအမှားများဖြန့်ဝေခြင်းနှင့် အလံနက်များထောင်ကာ စစ်အာဏာရှင်တော်လှန်ရေးကို ပျက်စီးစေရန် ကြိုပမ်းနေသည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။

ယနေ့(ဒီဇင်ဘာ ၂၇ )နံနက်ပိုင်းက ဘုတလင်မြို့နယ်ရှိ လမ်းမများပေါ်တွင် “ယခု လက်ရှိ ဖြစ်ပေါ်နေသော စစ်ကောင်စီ၏ အကြမ်းဖက်ယုတ်မာမှုများကို ထိထိရောက်ရောက် လက်တုံ့ပြန်နိုင်ရန်အတွက် မြို့နေပြည်သူများအနေဖြင့် ဒီဇင်ဘာ ၃၀ ရက်မှစ၍ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ သုံးရက်တိတိ ဘုတလင်မြို့နယ်မှ အကြွင်းမဲ့(အကြွင်းမဲ့)ထွက်ခွာရမည်”ဟု စာသားပါစာရွက်များ ပြန့်ကျဲနေသည်။

“ဘုတလင်မြို့နယ် လူငယ်တပ်ပေါင်းစု ဆိုတာကြားလည်းမကြားခဲ့ဖူးဘူး။ရည်ရွယ်ချက်က တော့ တစ်ခုခုရှိနိုင်တယ်။ကျွန်တော်တို့လည်း စုံစမ်းနေဆဲပဲ။ခွေးများခွေးကျင့်ခွေးကြံ နဲ့ သတင်းမှားတွေ ဖြန့်နေပြီဆိုတာတော့ လူထုကို အသိပေးလိုတယ်”ဟု ဘုတလင် PDF တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ပြောသည်။

အလားတူ ယနေ့ နံနက်ပိုင်းက တန့်ဆည်မြို့နယ် အဝိုင်းပတ် ဗိုလ်ချုပ်ကြေးရုပ်၌ အလံနက်ထောင် ထားသည်ကို တွေ့ရှိရပြီး အလံနက်ထောင်ခြင်းဆိုသည်မှာစစ်ပွဲ၌ မသေမချင်း တိုက်ခိုက်မည်ဟုအဓိပ္ပာယ်ရသည်ဟု တန့်ဆည် PDF က ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ အလံနက်ထောင်ခြင်းကို တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှပြုလုပ်ခြင်းမဟုတ်သည့်အပြင် မြို့နယ်တွင်းရှိ မဟာမိတ်အဖွဲ့များကိုစုံစမ်းကြည့်ရာတွင်လည်း ၎င်းအဖွဲ့များမှ ပြုလုပ်ခြင်းမရှိဟု သိရသည်။

ယခုချိန်တွင် တော်လှန်ရေးအား ပျက်စီးစေရန်အတွက် စစ်​ကောင်စီမှ နည်းပေါင်းဆုံဖြင့်ကြိုးပမ်းလာသည်ကိုတွေ့ရှိရပြီး NUG နှင့် PDFကိုလည်း ‌သွေးကွဲစေရန် နည်းအမျိုးမျိုးဖြင့်ကြိုးပမ်းလာနေကြောင်း တန့်ဆည် PDFက ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းသည် စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေသည့် တော်လှန်ရေးတပ်ဦး ဒေသအဖြစ် သတ် မှတ်ထားကာ ပြည်သူ့ကာကွယ်ရေးတပ်နှင့် ဒေသခံ ကာကွယ်ရေးအဖွဲ့ အများစုရှိနေပြီး အကြမ်းဖက်စစ်ကောင်စီတပ်များကို တူမီး၊လက်လုပ် အများစုဖြင့် ခုခံစစ်ဆင်နွှဲနေသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။