Connect with us

Hi, what are you looking for?

News

ထားဝယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂခေါင်းဆောင်ကိုမမိတဲ့အခါ မိခင်ကိုဖမ်းသွားပြီး ထောင် ၂ နှစ်ချ

“ဘာမဟုတ်တဲ့ မိန်းကလေးသေးသေးလေးတစ်ယောက်ကိုတောင်မိအောင်မဖမ်းနိုင်လို့ အမေကိုဖမ်းပြီး လာအဖမ်းခံရင်ပြန်လွှတ်ပေးမယ်ဆိုကတည်းက ဒီကောင်တွေရဲ့သတ္တိကိုစဉ်းစားသာကြည့်ပေတော့” လို့ မသီရိမိုးက ရေးသားထားတာတွေ့ရပါတယ်။

စစ်ကောင်စီရဲ့ မတရားဖမ်းဆီးထောင်ချခံရတဲ့ မသီရိမိုးရဲ့မိခင်၊ Photo - မသီရိမိုး FB

ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ မသီရိမိုးကို ဖမ်းမမိတဲ့အတွက် မိခင်ဖြစ်သူကိုဓားစာခံအဖြစ် ဖမ်းသွားပြီး စစ်ကောင်စီဟာ ထောင်ဒဏ် ၂ နှစ်ချလိုက်တယ်လို့သိရပါတယ်။

မသီရိမိုးရဲ့မိခင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာ ၈ ရက်က နေအိမ်မှာဖမ်းသွားတာဖြစ်ပြီး နိုင်ငံတော်ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့တရားစွဲကာ ဒီဇင်ဘာလ ၂၇ ရက်မှာတော့ ထောင်ဒဏ် ၂ နှစ်ချလိုက်တယ်လို့ မသီရိမိုးက သူရဲ့ဖေ့ဘွတ်ခ်ကနေအသိပေးထားပါတယ်။

မသီရိမိုးဟာ ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ဒုတိယ ဥက္ကဋ္ဌ လည်းဖြစ်ပါတယ်။

“ဘာမဟုတ်တဲ့ မိန်းကလေးသေးသေးလေးတစ်ယောက်ကိုတောင်မိအောင်မဖမ်းနိုင်လို့ အမေကိုဖမ်းပြီး လာအဖမ်းခံရင်ပြန်လွှတ်ပေးမယ်ဆိုကတည်းက ဒီကောင်တွေရဲ့သတ္တိကိုစဉ်းစားသာကြည့်ပေတော့” လို့ မသီရိမိုးက ရေးသားထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

စစ်အာဏာသိမ်းတဲ့အပေါ် ဆန့်ကျင်သူတွေကို စစ်ကောင်စီဟာ ဖမ်းဆီးရာမှာ သူတို့အလိုရှိသူကိုမတွေ့တဲ့အခါ မိသားစုဝင်တွေ ၊ဆွေမျိုးသားချင်းတွေကိုပါ ဖမ်းတာတွေကိုပါလုပ်ခဲ့တာပါ။

ဒါအပြင် နေအိမ်တွေကို ချိတ်ပိတ်တာတွေကိုပါ စစ်ကောင်စီဟာ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ထံ KTLA ရဲဘော် ၃၇ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြိုနယ်၊ မောင်မယ်ရှောင်ကျေးရွာ ထားဝယ်နည်းပညာတက္ကသိုလ် (GTC)ရှေ့က စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးရုပ်သံကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ထားဝယ်နည်းပညာတက္ကသိုလ်(GTC) ရှေ့မှာတပ်စွဲထားတဲ့ စစ်တပ်ကို မတ်လ၁ရက်က တိုက်ခိုက်ခဲ့ရာ စစ်သား ၃ဦး သေဆုံးပြီး လက်နက် ၃လက်သိမ်းရခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ထားဝယ်မြိုနယ် မောင်မယ်ရှောင်ရွာတိုက်ပွဲမှာ ထိခိုက်သေဆုံးများထားတဲ့ စစ်ကောင်စီတပ်က လက်ရှိမှာ အင်အားတွေ ဖြည့်တင်းထားလို့ စစ်ရေးတင်းမာနေကြောင်း ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။