Connect with us

Hi, what are you looking for?

News

ထားဝယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂခေါင်းဆောင်ကိုမမိတဲ့အခါ မိခင်ကိုဖမ်းသွားပြီး ထောင် ၂ နှစ်ချ

“ဘာမဟုတ်တဲ့ မိန်းကလေးသေးသေးလေးတစ်ယောက်ကိုတောင်မိအောင်မဖမ်းနိုင်လို့ အမေကိုဖမ်းပြီး လာအဖမ်းခံရင်ပြန်လွှတ်ပေးမယ်ဆိုကတည်းက ဒီကောင်တွေရဲ့သတ္တိကိုစဉ်းစားသာကြည့်ပေတော့” လို့ မသီရိမိုးက ရေးသားထားတာတွေ့ရပါတယ်။

စစ်ကောင်စီရဲ့ မတရားဖမ်းဆီးထောင်ချခံရတဲ့ မသီရိမိုးရဲ့မိခင်၊ Photo - မသီရိမိုး FB

ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ မသီရိမိုးကို ဖမ်းမမိတဲ့အတွက် မိခင်ဖြစ်သူကိုဓားစာခံအဖြစ် ဖမ်းသွားပြီး စစ်ကောင်စီဟာ ထောင်ဒဏ် ၂ နှစ်ချလိုက်တယ်လို့သိရပါတယ်။

မသီရိမိုးရဲ့မိခင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာ ၈ ရက်က နေအိမ်မှာဖမ်းသွားတာဖြစ်ပြီး နိုင်ငံတော်ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့တရားစွဲကာ ဒီဇင်ဘာလ ၂၇ ရက်မှာတော့ ထောင်ဒဏ် ၂ နှစ်ချလိုက်တယ်လို့ မသီရိမိုးက သူရဲ့ဖေ့ဘွတ်ခ်ကနေအသိပေးထားပါတယ်။

မသီရိမိုးဟာ ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ဒုတိယ ဥက္ကဋ္ဌ လည်းဖြစ်ပါတယ်။

“ဘာမဟုတ်တဲ့ မိန်းကလေးသေးသေးလေးတစ်ယောက်ကိုတောင်မိအောင်မဖမ်းနိုင်လို့ အမေကိုဖမ်းပြီး လာအဖမ်းခံရင်ပြန်လွှတ်ပေးမယ်ဆိုကတည်းက ဒီကောင်တွေရဲ့သတ္တိကိုစဉ်းစားသာကြည့်ပေတော့” လို့ မသီရိမိုးက ရေးသားထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

စစ်အာဏာသိမ်းတဲ့အပေါ် ဆန့်ကျင်သူတွေကို စစ်ကောင်စီဟာ ဖမ်းဆီးရာမှာ သူတို့အလိုရှိသူကိုမတွေ့တဲ့အခါ မိသားစုဝင်တွေ ၊ဆွေမျိုးသားချင်းတွေကိုပါ ဖမ်းတာတွေကိုပါလုပ်ခဲ့တာပါ။

ဒါအပြင် နေအိမ်တွေကို ချိတ်ပိတ်တာတွေကိုပါ စစ်ကောင်စီဟာ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အထက်ပါတိုက်ခိုက်မှုအပြီး နိုဝင်ဘာလ ၁၈ရက် နေ့လည်ပိုင်းမှစတင်ကာ ထားဝယ်မြစ်တဖက်ကမ်း လောင်းလုံးမြို့နယ်အတွင်းမှ ကျေးရွာများသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

သတင်း

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးများအား အရှိန်အဟုန် တိုးမြင့်စွာဆောင်ရွက်နေသည့်အချိန်ဖြစ်သောကြောင့်စစ်ရေးအထူး သတိပြုသွားလာနေထိုင်ကြရန်လည်း YPPDFက ထုတ်ပြန်သည်။

သတင်း

လူရှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည့် ထားဝယ်မြို့၊ကြက်စာပြင်ရပ်ကွက် မြစ်ဆိပ်ကမ်းရှိ စက်သုံးဆီတင်သင်္ဘောသည် ယနေ့ညနေတွင် နောက်တစ်ကြိမ်မီးမှုဖြစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်တပ်ဆီသယ်ယာဥ် မီးလောင်ပေါက်ကွဲပြီး ထိခိုက်သေဆုံးမှုရှိ