Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူများကို ကယ်တင်ရန် ကုလသမဂ္ဂက တိကျပြတ်သားသော အရေးယူမှုချက်ချင်းပြုလုပ်ရန် သံအမတ်ကြီးဦးကျော်မိုးထွန်း တောင်းဆို

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ထံလိပ်မူပေးပို့ရာတွင် သံအမတ်ကြီးဦးကျော်မိုးထွန်းက မြန်မာပြည်သူများသည် နိုင်ငံတကာအသိုင်းအဝန်း အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီထံမှ ယခုချက်ချင်း၊ တိကျပြတ်သားသောအရေးယူဆောင်ရွက်မှုများကို အလွန်အမင်းလိုအပ်နေကြောင်း ဖော်ပြတောင်းဆိုခြင်းဖြစ်သည်။

မြန်မာပြည်သူများ၏အသက်များကို ကယ်တင်ရန် ကုလသမဂ္ဂက တိကျပြတ်သားသောအရေးယူမှု ချက်ချင်း ပြုလုပ်ရန် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုလိုက်သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ထံလိပ်မူပေးပို့ရာတွင် သံအမတ်ကြီးဦးကျော်မိုးထွန်းက မြန်မာပြည်သူများသည် နိုင်ငံတကာအသိုင်းအဝန်း အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီထံမှ ယခုချက်ချင်း၊ တိကျပြတ်သားသောအရေးယူဆောင်ရွက်မှုများကို အလွန်အမင်းလိုအပ်နေကြောင်း ဖော်ပြတောင်းဆိုခြင်းဖြစ်သည်။

ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီနှင့် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက အကြမ်း ဖက်မှုများရပ်တန့်ရေးနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားရေးတို့ကို သံတမန်ရေးကြိုး ပမ်းမှုများ၊ ထပ်ခါတလဲလဲတောင်းဆိုမှုများ ရှိခဲ့သော်လည်း မြန်မာစစ်တပ်က ကျူးလွန်မှုများကို ရပ်တန့်မည့်အရိပ်အယောင်မပြဘဲ ပြည်သူလူထုအပေါ် အစုလိုက်အပြုံသတ်ဖြတ်ခြင်းများ ပိုမို ကျယ်ပြန့်စွာလုပ်ဆောင်လာကြောင်း သံအမတ်ကြီးက ကုလအထွေထွေအတွင်းရေးမှူးချုပ်ကို အစီရင်ခံသည်။

“ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ပြစ်မှုကျူးလွန်သူတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့် မပေးသင့်ပါဘူး။ မြန်မာပြည်သူတွေအပေါ် ဒီလိုလူမဆန်တဲ့ တိုက်ခိုက်မှုတွေအပေါ် ကုလသမဂ္ဂဦးဆောင်တဲ့ လွတ်လပ်ပြီး ဓမ္မဓိဌာန်ကျကျ စုံစမ်းစစ်ဆေးဖော်ထုတ်မှု ချက်ချက်လုပ်ဆောင်ရမယ်ဆိုတာ အလွန်အရေးကြီးပြီး ဒါမှသာ နောက်ထပ်ရက်စက်ယုတ်မာမှုတွေကို ကာကွယ်နိုင်ပြီး အပြစ်ကင်းစင်တဲ့ဘ၀တွေကို ကယ်တင်နိုင်မှာဖြစ်ပါတယ်”ဟု ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ခရစ္စမတ်နေ့အကြို ဒီဇင်ဘာ ၂၄ ရက်တွင် မြန်မာစစ်တပ်၏ အထူးနယ်မြေရှင်းလင်းရေးကြောင့် ကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် အပြစ်မဲ့ပြည်သူ ၄၀ ခန့် မီးရှို့သတ်ဖြတ်ခံရသည့်ဖြစ်စဉ်၊ စစ်ကိုင်းတိုင်းတွင် စစ်တပ်က အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့သည့်ဖြစ် စဉ်နှင့် ကရင်ပြည်နယ် လေးကေကော်ဒေသကို လေကြောင်းမှ တိုက်ခိုက်မှုဖြစ်စဉ်များကိုလည်း သံအမတ်ကြီးက ကုလအတွင်းရေးမှူးချုပ်ကို အစီရင်ခံသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ကုလသမဂ္ဂအဖွဲ့ကြီးကို ပိုမိုထိရောက်ပြီး ကုန်ကျစရိတ်လျှော့ချနိုင်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲဖို့ ကြိုးစားနေပြီး၊ လာမယ့် ၂ နှစ်အတွင်း အကြီးတန်းခေါင်းဆောင်ရာထူးတချို့ကို လျှော့ချခြင်းနဲ့ ဖျက်သိမ်းခြင်းတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

အတွေးအမြင်

မုန်တိုင်းဘေးသင့်ခဲ့​ပေမယ့် ကံ​ကောင်းခဲ့တဲ့ အောင်ချင်းငှက်နှစ်ကောင်အကြောင်းကို ဩစတေးလျသံရုံးက ဒီနေ့ထုတ်ပြန်လာပါတယ်။

သတင်း

စက်သုံးဆီ‌ချွေတာဖို့နဲ့ စက်သုံးဆီအခက်အခဲကြောင့် ရုန်းကန်နေရတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေတာကို ပြသတဲ့အနေနဲ့ စက်ဘီးနဲ့သွား‌ရုံးတက်နေတယ်လို့ နယ်သာလန်သံရုံးရဲ့ ဒုတိယအကြီးအကဲ မစ္စတာ ၀င်းမ်ဗန်ဒွေါန်က ပြောပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က သတ်မှတ်ထားတဲ့နေအိမ်ကို ရွှေ့ပြောင်းခဲ့မှုအပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က မှတ်သားသိရှိကြောင်းနဲ့မတရားဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။