Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်ကို ​သုတ်သင်နေသည့် ဗိုလ်နဂါး ဦး​ဆောင်သည့် PPDFတပ်မှာ ​ဒေသကာကွယ်​ရေးအဆင့်မှ တစ်နိုင်ငံလွှမ်းခြုံသည့်တပ်အဖြစ် ​ပြောင်းလဲဖွဲ့စည်း

NUG ၏ လက်ရုံးသဖွယ်ခံယူပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ဒေသတွင်းတော်လှန်ရေးအဖွဲ့အစည်းများ၊ပြည်တွင်း၊ပြည်ပ နိုင်ငံရေးအင်အားစုများနှင့်ချိတ်ဆက်၍ အကြမ်းဖက်စစ်အုပ်စုကို ပြင်းထန်သော ထိုးစစ်များဆင်နွှဲမည်ဟု MRDA က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေသည့် စစ်ကိုင်းတိုင်းမှ နာမည်ကျော် ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)ကို တစ်နိုင်ငံလုံးလွှမ်းခြုံမည့် မြန်မာ့တော်ဝင်နဂါးတပ်တော်အဖြစ် ပြောင်းလဲဖွဲ့စည်းကြောင်း အဆိုပါအဖွဲ့ဦးဆောင်သူ ဗိုလ်နဂါးက ပြောသည်။

အာဏာလု အကြမ်းဖက်စစ်တပ်ကို နည်းမျိုးစုံဖြင့် ဆန့်ကျင်နေကြသော နိုင်ငံ၏ဒေသအသီးသီးမှ တော်လှန်ရေးနှင့် နိုင်ငံရေးအင်အားစုများကို စုစည်းရန် မြန်မာ့တော်ဝင် နဂါးတပ်တော် ( MRDA)ကို ဖွဲ့စည်းခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

“အခုဆိုရင် ထိုက်သင့် အားလျော်စွာ ပြည်သူလူထုရဲ့ဝန်းရံမှုလည်းရလာပြီ၊ အောင်မြင်မှုလည်းရလာပြီ။အဲဒီတော့ ပုလဲပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ရဲ့နေရာကနေပြီးတော့ ပုလဲမြို့ကို ကိုယ်စားမပြုတော့ဘဲနဲ့ တစ်နိုင်ငံလုံးရဲ့ ဒေသစုံမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေကို စုစည်းပြီးတော့ လွတ်လပ်ရေးပန်းတိုင်ဆီကို ချီတက်ဖို့ စိတ်ကူးနဲ့ ဒေသစုံလွှမ်းခြုံတဲ့အဖွဲ့အစည်းတစ်ခု ဖန်တီးလိုက်တယ်။အဲဒါကတော့ မြန်မာ့တော်ဝင်နဂါးတပ်တော်ကို ဖွဲ့စည်းထူထောင်လိုက်တယ်”ဟု ဗိုလ်နဂါးက ပြောသည်။

ထို့အပြင် မြန်မာ့တော်ဝင် နဂါးတပ်တော် ( MRDA) ဖွဲ့စည်းခြင်းကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)နှင့် ကာကွယ်ရေးဝန်ကြီးဌာနကို အကြောင်းပြုကာ ၎င်းတို့၏ အသိအမှတ်ပြုမှုနှင့် ထိုက်သင့်အားလျော်သည့် ပံ့ပိုးမှု နှင့် တော်လှန်ရေးခရီးကို ဆက်လျှောက်ရန် စီစဥ်ထားကြောင်းလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်မည့် MRDA တွင် ပြည့်စုံလုံလောက်မှုမရှိသေးသည့်အတွက် ပြည်သူများဝန်းရံမှုသည်လည်း အဓိက လိုအပ်ကြောင်းလည်း ဗိုလ်နဂါးက မေတ္တာရပ်ခံသည်။

MRDA သည် စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ပြတ်ချေမှုန်းရန် နှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့သည်။

အလားတူ နိုင်ငံတစ်ဝန်း စစ်အုပ်ချုပ်ရေးယန္တရား လုံးဝပျက်စီးရပ်ဆိုင်းသွားသည်အထိ တိုက်ခိုက်ချေမှုန်းမည်ဟု ကတိပြုသည်။

NUG ၏ လက်ရုံးသဖွယ်ခံယူပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ဒေသတွင်းတော်လှန်ရေးအဖွဲ့အစည်းများ၊ပြည်တွင်း၊ပြည်ပ နိုင်ငံရေးအင်အားစုများနှင့်ချိတ်ဆက်၍ အကြမ်းဖက်စစ်အုပ်စုကို ပြင်းထန်သော ထိုးစစ်များဆင်နွှဲမည်ဟု MRDA က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ