Connect with us

Hi, what are you looking for?

News

မိုင်းနင်းမိ၍ကျဆုံးခဲ့သည့် ဒီးမော့ဆို PDF တပ်ဖွဲ့ဝင်၏ ဈာပန

အဆိုပါ တပ်ဖွဲ့ဝင်သည် ကယားပြည်နယ် ဒီးမော့ဆိုမြို့ ငွေတောင်ဆည်အနီးတိုက်ပွဲအပြီး နယ်မြေရှင်းလင်းစဥ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ထောင်ထားသည့်မိုင်းနင်းမိ၍ ဇန်နဝါရီ ၁ရက်က ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယနေ့ နံနက်ပိုင်း၌ ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-PDF) တပ်ဖွဲ့မှ ကျဆုံးတပ်ဖွဲ့ဝင် ဦးလေးရှို(ခ)ဖာလို၏ ဈာပန အခမ်းအနားကို ယနေ့ ပြုလုပ်ခဲ့ကြောင်း ဒီးမော့ဆို PDF က ထုတ်ပြန်သည်။

အဆိုပါ တပ်ဖွဲ့ဝင်သည် ကယားပြည်နယ် ဒီးမော့ဆိုမြို့ ငွေတောင်ဆည်အနီးတိုက်ပွဲအပြီး နယ်မြေရှင်းလင်းစဥ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ထောင်ထားသည့်မိုင်းနင်းမိ၍ ဇန်နဝါရီ ၁ရက်က ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယနေ့ နံနက်ပိုင်း၌ ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဦးလေးရှို(ခ)ဖာလိုဟာ နွေဦးတော်လှန်ရေးကာလတွင်တာဝန်ကျေပွန်ပြီးလေးစားရတဲ့ ရဲဘော်ကောင်းတစ်ဦးဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါတယ်။ ဒီမိုကရေစီအတွက် အသက်ပေးကာကွယ်သွားခဲ့တဲ့ သူရဲကောင်းရဲဘော် ဦးလေးရှို(ခ)ဖာလိုကိုမိမိတို့အနေနဲ့ ကျန်ရစ်သောမိသားစုနဲ့အတူ ဝမ်းနည်းကြေကွဲရပါတယ်” ဟု ဒီးမော့ဆို PDF၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဒီဇင်ဘာ ၃၁ရက်တွင် ဒီးမော့ဆို ရဲစခန်းနှင့် ငွေတောင်ဆည်အနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒီးမော့ဆို PDF အပါအဝင် ဒေသတွင်းရှိ PDFများ၊ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(kNDF)၊ KGZ စသည့် ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့၍ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မျ သေဆုံးထိခိုက်များပြားခဲ့သည်။ အဆိုပါ တိုက်ပွဲများအတွင်း ကရင်နီကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့အနီးအာဏာသိမ်းစစ်တပ်စစ်ကြောင်းတိုးလာလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကလူထုနွေဦးကို ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။