Connect with us

Hi, what are you looking for?

News

ထွေအုပ်ရုံး၌ပြုလုပ်မည့် လွတ်လပ်ရေးနေ့အစီအစဥ် ပွဲပျက်အောင် ဟန့်တားနိုင်ခဲ့ဟု ရေဦး PDF ထုတ်ပြန်

“စစ်ခွေးတွေရော၊ Non-CDN တွေရော၊ စစ်ခွေးထောက်တိုင်တွေရော သူတို့အားလုံးစုံတဲ့အချိန် လုံခြုံရေး တင်းကြပ်ထားတဲ့ကြားက ကျွန်တော်တို့ PDF တွေ ဘယ်လောက်စွမ်းဆောင်နိုင်တယ်ဆိုတာကို ပြတဲ့အနေနဲ့ ခုလိုပွဲပျက်အောင် ဟန့်တားခဲ့တာပါ”ဟု ၎င်းက ဆိုသည်။

Mission အပြီးတွင် အောင်ပွဲခံပြီးပြန်လာသည့် ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ယနေ့(ဇန်နဝါရီ ၄) တွေ့ရစဥ်၊ ဓာတ်ပုံ - ပေးပို့

ထွေအုပ်ရုံး၌ ပြုလုပ်မည့် လွတ်လပ်ရေးနေ့အစီအစဥ်အား လုံခြုံရေးတင်းကြပ်သည့်ကြားမှ ပွဲပျက်အောင် ဟန့်တားနိုင်ခဲ့ကြောင်း ရေးဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF-YEU)က ယနေ့(ဇန်နဝါရီ ၄) ထုတ်ပြန်သည်။

ယနေ့နံနက် ၇ နာရီခန့်တွင် ရေဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးခန်းမတွင် စစ်ကေကာင်စီနှင့် ၎င်း၏ လက်ပါးစေများကျင်းပမည့် လွတ်လပ်ရေးနေ့သဝဏ်လွှာ ဖတ်ကြားမည့်အစီစဉ်ကို အောင်မြင်စွာဖြင့်ဟန့်တား ဖျက်သိမ်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လုံခြုံရေးတင်းကြပ်ထားသည့် အထက်ပါထွေအုပ်ရုံးအား ရေဦး PDF နှင့် ရွှေဘိုခရိုင် တပ်ရင်း(၁၁ နှင့် ၁၄) မှ ဗိုလ်ဇွဲဦးစီးသော ပူးပေါင်းအဖွဲ့က LL ဗုံးသီးလေးလုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့သည်ဟု ရေဦး PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“စစ်ခွေးတွေရော၊ Non-CDN တွေရော၊ စစ်ခွေးထောက်တိုင်တွေရော သူတို့အားလုံးစုံတဲ့အချိန် လုံခြုံရေး တင်းကြပ်ထားတဲ့ကြားက ကျွန်တော်တို့ PDF တွေ ဘယ်လောက်စွမ်းဆောင်နိုင်တယ်ဆိုတာကို ပြတဲ့အနေနဲ့ ခုလိုပွဲပျက်အောင် ဟန့်တားခဲ့တာပါ”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့(ဇန်နဝါရီ ၄)ကျရောက်သည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားများကို အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက မြို့နယ်အချို့တွင် ဦးဆောင်ကျင်းပလျှက်ရှိသည်။

အထက်ပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးရှိနိုင်သော်လည်း အသေးစိပ်မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook