Connect with us

Hi, what are you looking for?

News

ထွေအုပ်ရုံး၌ပြုလုပ်မည့် လွတ်လပ်ရေးနေ့အစီအစဥ် ပွဲပျက်အောင် ဟန့်တားနိုင်ခဲ့ဟု ရေဦး PDF ထုတ်ပြန်

“စစ်ခွေးတွေရော၊ Non-CDN တွေရော၊ စစ်ခွေးထောက်တိုင်တွေရော သူတို့အားလုံးစုံတဲ့အချိန် လုံခြုံရေး တင်းကြပ်ထားတဲ့ကြားက ကျွန်တော်တို့ PDF တွေ ဘယ်လောက်စွမ်းဆောင်နိုင်တယ်ဆိုတာကို ပြတဲ့အနေနဲ့ ခုလိုပွဲပျက်အောင် ဟန့်တားခဲ့တာပါ”ဟု ၎င်းက ဆိုသည်။

Mission အပြီးတွင် အောင်ပွဲခံပြီးပြန်လာသည့် ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ယနေ့(ဇန်နဝါရီ ၄) တွေ့ရစဥ်၊ ဓာတ်ပုံ - ပေးပို့

ထွေအုပ်ရုံး၌ ပြုလုပ်မည့် လွတ်လပ်ရေးနေ့အစီအစဥ်အား လုံခြုံရေးတင်းကြပ်သည့်ကြားမှ ပွဲပျက်အောင် ဟန့်တားနိုင်ခဲ့ကြောင်း ရေးဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF-YEU)က ယနေ့(ဇန်နဝါရီ ၄) ထုတ်ပြန်သည်။

ယနေ့နံနက် ၇ နာရီခန့်တွင် ရေဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးခန်းမတွင် စစ်ကေကာင်စီနှင့် ၎င်း၏ လက်ပါးစေများကျင်းပမည့် လွတ်လပ်ရေးနေ့သဝဏ်လွှာ ဖတ်ကြားမည့်အစီစဉ်ကို အောင်မြင်စွာဖြင့်ဟန့်တား ဖျက်သိမ်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လုံခြုံရေးတင်းကြပ်ထားသည့် အထက်ပါထွေအုပ်ရုံးအား ရေဦး PDF နှင့် ရွှေဘိုခရိုင် တပ်ရင်း(၁၁ နှင့် ၁၄) မှ ဗိုလ်ဇွဲဦးစီးသော ပူးပေါင်းအဖွဲ့က LL ဗုံးသီးလေးလုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့သည်ဟု ရေဦး PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“စစ်ခွေးတွေရော၊ Non-CDN တွေရော၊ စစ်ခွေးထောက်တိုင်တွေရော သူတို့အားလုံးစုံတဲ့အချိန် လုံခြုံရေး တင်းကြပ်ထားတဲ့ကြားက ကျွန်တော်တို့ PDF တွေ ဘယ်လောက်စွမ်းဆောင်နိုင်တယ်ဆိုတာကို ပြတဲ့အနေနဲ့ ခုလိုပွဲပျက်အောင် ဟန့်တားခဲ့တာပါ”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့(ဇန်နဝါရီ ၄)ကျရောက်သည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားများကို အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက မြို့နယ်အချို့တွင် ဦးဆောင်ကျင်းပလျှက်ရှိသည်။

အထက်ပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးရှိနိုင်သော်လည်း အသေးစိပ်မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အင်း​တော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်း​​ခေါ်သွား

သတင်း

စစ်ရေးလုံခြုံရေးနဲ့ လမ်းပိုင်းအခြေအနေကြောင့် မကွေးတိုင်း၊ဆောမြို့နယ်က ကားလမ်းတချို့ကို ပိတ်ထားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် တပ်ရင်း (၆)က ထုတ်ပြန်ပါတယ်။