Connect with us

Hi, what are you looking for?

LuduNwayOo

News

မြိတ်ခရိုင် တကူးရွာရှိ ရဲစခန်းနှင့် Mytel တာဝါတိုင်အား ဘက်မလိုက်​ပျောက်ကြားအဖွဲ့ ​ဖျက်ဆီး

“ရဲတွေလည်း ကြောက်လို့ထွက်ပြေးတာ ကြာပြီး။စစ်တပ်ကတော့ မကြာခဏဆိုသလိုတော့လာတယ်။မနေ့က ညနေ ၄ နာရီကျော်လောက်မှာ ဖြစ်တာ”ဟု ဒေသခံတစ်ဦးက ပြော​သည်။

တနင်္သာရီတိုင်း မြိတ်ခရိုင် တကူကျေးရွာရဲစခန်းကို ​ပြည်သူ့တပ်ဖွဲ့က ဝင်ရောက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ဘက်မလိုက်ပျောက်ကြားအဖွဲ့က ယနေ့(ဇန်နဝါရီ ၄ ရက်)တွင် ထုတ်ပြန်သည်။

ဇန်နဝါရီ ၃ ရက် ညနေပိုင်းက တကူရဲစခန်းအတွင်းရှိသည့် စာရွက်စာတမ်းများ၊ ယူနီဖောင်းနှင့် လျှပ်စစ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့သည်။

“ရဲတွေလည်း ကြောက်လို့ထွက်ပြေးတာ ကြာပြီး။စစ်တပ်ကတော့ မကြာခဏဆိုသလိုတော့လာတယ်။မနေ့က ညနေ ၄ နာရီကျော်လောက်မှာ ဖြစ်တာ”ဟု ဒေသခံတစ်ဦးက ပြော​သည်။

ထို့အပြင် ရဲစခန်းအဆောက်အအုံမှ ပရိဘောဂများ၊ အသုံးအဆောင်ပစ္စည်း နှင့် ရေပိုက်လိုင်း များလည်း ပျက်စီးမှုရှိခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အလားတူ အကြမ်းဖက်စစ်ကောင်စီတပ်မှ တကူကျေးရွာသို့လာခဲ့စဥ်က အသုံးပြုခဲ့သော ဆိုင်ကယ် ငါးစီးကိုလည်း သိမ်းဆည်းရမိခဲ့သည့်အပြင် တကူကမ်းနားရှိ စစ်တပ်ပိုင် စက်လှေတစ်စင်းနှင့် စက်နှစ်လုံးကို ဖျက်ဆီးနိုင်ခဲ့သည်။

ဇန်နဝါရီ ၂ ရက်ကလည်း တကူကျေးရွာနှင့် သာရဘွင်ကျေးရွာရှိ Mytel တာဝါတိုင်ကို ဘက်မလိုက်​ပျောက်ကြားအဖွဲ့က မီးရှို့ဖောက်ခွဲထားသည်။

ဆက်စပ်သတင်းများ

သတင်း

ခြေရာတော်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော် ၁၇ ဦး၊ စစ်ကိုင်းခရိုင် အမှတ်၅တပ်ရင်းမှ ရဲဘော် ၅ ဦး၊ အမှတ်(၆)တပ်ရင်းမှ ရဲဘော် ၂ ဦး၊ မြင်းမူ ပလဖအဖွဲ့မှ ရဲဘော် ၂ ဦး စုစုပေါင်း၂၆ဦး ကျဆုံးခဲ့သည်။

သတင်း

စစ်ဆင်ရေးကို ကြောင်လက်သည်း Local pdf၊ Dynamite-2 Local pdf၊ နန်းတက်မင်း Local pdf အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

ဆိုင်းတောင် ရဲစခန်းကုန်း တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်အခြေအ‌နေကို မသိရှိရသေးပေ။ စစ်ကောင်စီ ပစ်ခတ်၍ ဒဏ်ရာရသူသုံးဦးမှာ ဖားကန့်ဆေးရုံ၌ ကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကောင်စီတပ်သည် အဆိုပါနယ်မြေရဲကင်းတိုက်ခိုက်ခံရပြီးနောက် ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံ(ကပစ)မှ စစ်ကား သုံးစီးဖြင့် လက်ပံတံခါးစခန်း ရောက်လာပြီး နယ်မြေရှင်းလင်းရေးလုပ်နေသည်ဟု ၎င်းက ဆက်ပြောသည်။