Connect with us

Hi, what are you looking for?

News

မြိတ်ခရိုင် တကူးရွာရှိ ရဲစခန်းနှင့် Mytel တာဝါတိုင်အား ဘက်မလိုက်​ပျောက်ကြားအဖွဲ့ ​ဖျက်ဆီး

“ရဲတွေလည်း ကြောက်လို့ထွက်ပြေးတာ ကြာပြီး။စစ်တပ်ကတော့ မကြာခဏဆိုသလိုတော့လာတယ်။မနေ့က ညနေ ၄ နာရီကျော်လောက်မှာ ဖြစ်တာ”ဟု ဒေသခံတစ်ဦးက ပြော​သည်။

တနင်္သာရီတိုင်း မြိတ်ခရိုင် တကူကျေးရွာရဲစခန်းကို ​ပြည်သူ့တပ်ဖွဲ့က ဝင်ရောက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ဘက်မလိုက်ပျောက်ကြားအဖွဲ့က ယနေ့(ဇန်နဝါရီ ၄ ရက်)တွင် ထုတ်ပြန်သည်။

ဇန်နဝါရီ ၃ ရက် ညနေပိုင်းက တကူရဲစခန်းအတွင်းရှိသည့် စာရွက်စာတမ်းများ၊ ယူနီဖောင်းနှင့် လျှပ်စစ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့သည်။

“ရဲတွေလည်း ကြောက်လို့ထွက်ပြေးတာ ကြာပြီး။စစ်တပ်ကတော့ မကြာခဏဆိုသလိုတော့လာတယ်။မနေ့က ညနေ ၄ နာရီကျော်လောက်မှာ ဖြစ်တာ”ဟု ဒေသခံတစ်ဦးက ပြော​သည်။

ထို့အပြင် ရဲစခန်းအဆောက်အအုံမှ ပရိဘောဂများ၊ အသုံးအဆောင်ပစ္စည်း နှင့် ရေပိုက်လိုင်း များလည်း ပျက်စီးမှုရှိခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အလားတူ အကြမ်းဖက်စစ်ကောင်စီတပ်မှ တကူကျေးရွာသို့လာခဲ့စဥ်က အသုံးပြုခဲ့သော ဆိုင်ကယ် ငါးစီးကိုလည်း သိမ်းဆည်းရမိခဲ့သည့်အပြင် တကူကမ်းနားရှိ စစ်တပ်ပိုင် စက်လှေတစ်စင်းနှင့် စက်နှစ်လုံးကို ဖျက်ဆီးနိုင်ခဲ့သည်။

ဇန်နဝါရီ ၂ ရက်ကလည်း တကူကျေးရွာနှင့် သာရဘွင်ကျေးရွာရှိ Mytel တာဝါတိုင်ကို ဘက်မလိုက်​ပျောက်ကြားအဖွဲ့က မီးရှို့ဖောက်ခွဲထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။