Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီတပ်များနှင့် အနီးကပ်နေထိုင်ခြင်းမပြုရန်အပါဝင် ပြည်သူများလိုက်နာရမည့်အချက်များ ကျောက်ဆည်ခရိုင် PDFများ ထုတ်ပြန်

ကျောက်ဆည်ခရိုင် မဟာမိတ်တပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီနှင့် ၎င်းတို့ထောက်တိုက်များအား တိုက်ခိုက် လျှက်ရှိရာ ပြည်သူများနှင့် မလွတ်ကင်း၍ Mission (၅)ခုထက်မနည်း ဖျက်သိမ်းခဲ့ရသည်ဟု ယင်းအဖွဲ့များက ဆိုသည်။

ယခုကာလအတွင်း စစ်ကောင်စီတပ်များနှင့် အနီးကပ်နေထိုင်ခြင်းမပြုရန်အပါအဝင် ပြည်သူများ လိုက်နာရ မည့်အချက်များအား ကျောက်ဆည်ခရိုင် ပြည်သူ့ကာကွယ်တပ်ခြောက်ဖွဲ့က သတိပေးချက်ထုတ်ပြန်လိုက်သည်။

လိုက်နာရမည့်အချက်များတွင် ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသို့ ပြည်သူများသွားရောက်ကြည့်ရှူ့ခြင်းမပြုရန်၊ စစ်ကောင်စီတပ်များနေထိုင်ရာအနီးတဝိုက်နှင့် ၎င်းတို့ရှိရာနေရာများတွင် အနီးကပ်မနေရန်၊ မိမိတို့နှင့် မသက်ဆိုင်သည့် ပစ္စည်းများ၊ အထုပ်များအား ကိုင်တွယ်ခြင်း အနီးကပ်ကြည့်ရှူ့ခြင်းများမပြုလုပ်ရန် တိုက်တွန်းထားသည်။

“ပြည်သူတွေ စစ်ကောင်စီဘက်တော်သားတွေနဲ့အနီးကပ်မနေကြဖို့ အဓိကပြောချင်ပါတယ်”ဟု မဟာမိတ် ခြောက်ဖွဲ့အနက်မှ စဥ့်ကိုင် PDF ၏တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးသည်။

ကျောက်ဆည်ခရိုင် မဟာမိတ်တပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီနှင့် ၎င်းတို့ထောက်တိုက်များအား တိုက်ခိုက် လျှက်ရှိရာ ပြည်သူများနှင့် မလွတ်ကင်း၍ Mission (၅)ခုထက်မနည်း ဖျက်သိမ်းခဲ့ရသည်ဟု ယင်းအဖွဲ့များက ဆိုသည်။

Public Service Announcement

Public Service Announcement

Mission ဖျက်သိမ်းရခြင်းကြောင့် ဆုံးရှုံးရမှုများရှိနေပြီး ယခုသတိပေးချက်ထုတ်ပြန်ချိန်မှစ၍ Mission များအား ဖျက်သိမ်းတော့မည်မဟုတ်ဘဲ ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း အသိပေး ဖော်ပြထားသည်။

ထိုသို့ တိုက်ခိုက်မှုများပြုလုပ်ချိန် သတိပေးချက်အားမလိုက်နာဘဲ တားမြစ်နေရာများအနီးရောက်ရှိနေ၍ ထိခိုက်မှုများရှိခဲ့ပါက တာဝန်ယူသွားမည်မဟုတ်ကြောင်းလည်း ကျောက်ဆည်ခရိုင် မဟာမိတ်တပ်ဖွဲ့များက အသိပေးထားသည်။

ကျောက်ဆည်ခရိုင် မဟာမိတ်ခြောက်ဖွဲ့တွင် LPDF(Sintgaing)၊ ကျောက်ဆည်နဂါးနီးမြို့ပပျေက်ကျားတပ်ဖွဲ့၊ မန္တလေးမြို့ပြပျောက်ကြားတပ်ဖွဲ့ A13 ၊ KDDF ကျောက်ဆည်၊ Myit Nge PDF နှင့် DOTP(Myittha) PDF စသည့် အဖွဲ့များ ပါဝင်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။