Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်များနှင့် အနီးကပ်နေထိုင်ခြင်းမပြုရန်အပါဝင် ပြည်သူများလိုက်နာရမည့်အချက်များ ကျောက်ဆည်ခရိုင် PDFများ ထုတ်ပြန်

ကျောက်ဆည်ခရိုင် မဟာမိတ်တပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီနှင့် ၎င်းတို့ထောက်တိုက်များအား တိုက်ခိုက် လျှက်ရှိရာ ပြည်သူများနှင့် မလွတ်ကင်း၍ Mission (၅)ခုထက်မနည်း ဖျက်သိမ်းခဲ့ရသည်ဟု ယင်းအဖွဲ့များက ဆိုသည်။

ယခုကာလအတွင်း စစ်ကောင်စီတပ်များနှင့် အနီးကပ်နေထိုင်ခြင်းမပြုရန်အပါအဝင် ပြည်သူများ လိုက်နာရ မည့်အချက်များအား ကျောက်ဆည်ခရိုင် ပြည်သူ့ကာကွယ်တပ်ခြောက်ဖွဲ့က သတိပေးချက်ထုတ်ပြန်လိုက်သည်။

လိုက်နာရမည့်အချက်များတွင် ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသို့ ပြည်သူများသွားရောက်ကြည့်ရှူ့ခြင်းမပြုရန်၊ စစ်ကောင်စီတပ်များနေထိုင်ရာအနီးတဝိုက်နှင့် ၎င်းတို့ရှိရာနေရာများတွင် အနီးကပ်မနေရန်၊ မိမိတို့နှင့် မသက်ဆိုင်သည့် ပစ္စည်းများ၊ အထုပ်များအား ကိုင်တွယ်ခြင်း အနီးကပ်ကြည့်ရှူ့ခြင်းများမပြုလုပ်ရန် တိုက်တွန်းထားသည်။

“ပြည်သူတွေ စစ်ကောင်စီဘက်တော်သားတွေနဲ့အနီးကပ်မနေကြဖို့ အဓိကပြောချင်ပါတယ်”ဟု မဟာမိတ် ခြောက်ဖွဲ့အနက်မှ စဥ့်ကိုင် PDF ၏တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးသည်။

ကျောက်ဆည်ခရိုင် မဟာမိတ်တပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီနှင့် ၎င်းတို့ထောက်တိုက်များအား တိုက်ခိုက် လျှက်ရှိရာ ပြည်သူများနှင့် မလွတ်ကင်း၍ Mission (၅)ခုထက်မနည်း ဖျက်သိမ်းခဲ့ရသည်ဟု ယင်းအဖွဲ့များက ဆိုသည်။

Public Service Announcement

Public Service Announcement

Mission ဖျက်သိမ်းရခြင်းကြောင့် ဆုံးရှုံးရမှုများရှိနေပြီး ယခုသတိပေးချက်ထုတ်ပြန်ချိန်မှစ၍ Mission များအား ဖျက်သိမ်းတော့မည်မဟုတ်ဘဲ ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း အသိပေး ဖော်ပြထားသည်။

ထိုသို့ တိုက်ခိုက်မှုများပြုလုပ်ချိန် သတိပေးချက်အားမလိုက်နာဘဲ တားမြစ်နေရာများအနီးရောက်ရှိနေ၍ ထိခိုက်မှုများရှိခဲ့ပါက တာဝန်ယူသွားမည်မဟုတ်ကြောင်းလည်း ကျောက်ဆည်ခရိုင် မဟာမိတ်တပ်ဖွဲ့များက အသိပေးထားသည်။

ကျောက်ဆည်ခရိုင် မဟာမိတ်ခြောက်ဖွဲ့တွင် LPDF(Sintgaing)၊ ကျောက်ဆည်နဂါးနီးမြို့ပပျေက်ကျားတပ်ဖွဲ့၊ မန္တလေးမြို့ပြပျောက်ကြားတပ်ဖွဲ့ A13 ၊ KDDF ကျောက်ဆည်၊ Myit Nge PDF နှင့် DOTP(Myittha) PDF စသည့် အဖွဲ့များ ပါဝင်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။