Connect with us

Hi, what are you looking for?

LuduNwayOo

News

လွတ်မြောက်နယ်မြေအတွင်း “နွေဦးကျန်းမာ“ ပြည်သူ့ဆေးရုံ စတင်ဖွင့်လှစ်

လက်ရှိတွင် နွေဦးကျန်းမာ ပြည်သူ့ဆေးရုံ၌ ဆေးဝါးနှင့် အထွေထွေ လိုအပ်ချက်များ ရှိနေသည့်အတွက် ပြည်သူများအနေဖြင့် ပူးပေါင်း လှူဒါန်း၍ ဖြည့်ဆည်းပေးရန်လည်း ကော်မတီက မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ - University of Medicine 2 (Yangon Student Committe)

တိုင်းရင်းသားဒေသ လွတ်မြောက်နယ်မြေအတွင်း “နွေဦးကျန်းမာ“အမည်ဖြင့် ပြည်သူ့ဆေးရုံအား ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင် စတင်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း ​ဆေးတက္ကသိုလ်(၂)(Yangon Student Committe)က ထုတ်ပြန်သည်။

ဓာတ်ပုံ – University of Medicine 2 (Yangon Student Committe)

အဆိုပါ ဆေးရုံကို ဆေးတက္ကသိုလ်(၂) ရန်ကုန် ကျောင်းသားကော်မတီမှဦးစီး၍ စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမများဖြင့် ပြည်သူများအား ကုသမှုလုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – University of Medicine 2 (Yangon Student Committe)

“နွေဦးကျန်းမာ“ ပြည်သူ့ဆေးရုံကို လက်ရှိတွင် အထွေထွေရောဂါကုနှင့် သင်ကြားရေး ပြည်သူ့ဆေးရုံအဖြစ် ဖွင့်လှစ်ထားသော်လည်း နောက်ပိုင်းတွင် အတွင်းလူနာဌာန ၊ ကလေးကုသဆောင် ၊ ခွဲစိတ်ခန်းနှင့် လူနာသယ်ယူ ပို့ဆောင်ရေးစနစ်များအားလည်း ပြင်ဆင်လျက်ရှိပြီးလိုအပ်သည့် ဆေးဝါးနှင့် စက်ပစ္စည်းများအား တပ်ဆင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ – University of Medicine 2 (Yangon Student Committe)

ထိုကဲ့သို့ အဆင့်မြှင့်တင်ပြီးပါက ကျေးရွာပေါင်း ၃၀ ကျော်နှင့် လူဦးရေ ၁၅,၀၀၀ ကျော်ထိ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်နိုင်မည်ဖြစ်ကြောင်း အဆိုပါ​ကော်မတီက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် နွေဦးကျန်းမာ ပြည်သူ့ဆေးရုံ၌ ဆေးဝါးနှင့် အထွေထွေ လိုအပ်ချက်များ ရှိနေသည့်အတွက် ပြည်သူများအနေဖြင့် ပူးပေါင်း လှူဒါန်း၍ ဖြည့်ဆည်းပေးရန်လည်း ကော်မတီက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

အကြမ်းဖက်စစ်ကောင်စီ၏ အဆိုပါအကြမ်းဖက် လုပ်ရပ်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဖြစ်နိုင်သည့် နည်းလမ်းမှန်သမျှဖြင့် ထိရောက်စွာ တားဆီးအရေးယူ ဆောင်ရွက်ကြပါရန် တိုက်တွန်းကြောင်း ထုတ်ပြန်သည်။

သတင်း

CDF(မင်းတပ်)အနေဖြင့် စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေသည့် ဝန်ထမ်းများကို လက်တွေ့ကျကျ ထိထိရောက်ရောက်အရေးယူမည်ဟု ဇွန်လ ၃ ရက်စွဲဖြင့် သတိပေးထုတ်ပြန်ထားသည်။

News

စစ်အာဏာရှင်တော်လှန်ရေးတွင် ဦးဇော်၏ ပေးဆပ်စွန့်လွှတ်နိုင်မှုကို လေးစားရကြောင်း ကလေးမြို့ခံများကလည်း မှတ်ချက်ပြုကြသည်။

News

မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်များသည် ဘာသာရေးအဆောက်အဦးများ၊ ဆေးရုံ ဆေးခန်းများ စာသင်ကျောင်းများကို မည်သည့်အခါမှ ပစ်မှတ်ထား တိုက်ခိုက်မည်မဟုတ်ပါကြောင်းထုတ်ပြန်ကြေညာလိုက်သည်ဟု အသိပေးသည်။