Connect with us

Hi, what are you looking for?

News

စစ်အုပ်စုခေါင်းဆောင်နဲ့တွေ့ဆုံမယ့်ခရီးစဉ်ကိုရှုတ်ချကြောင်း ဟွန်ဆန်ရဲ့ ဖေ့ဘွတ်ခ်မှာမြန်မာပြည်သူတွေမှတ်ချက်ဝင်ရေး

အာဏာသိမ်းစစ်ကောင်စီကို လူရာသွင်းနေတဲ့ ဟွန်ဆန်ကို ရှုတ်ချကြောင်း၊ မြန်မာပြည်က မကြိုဆိုကြောင်း၊အာဏာရှင်အချင်းချင်းတွေ့ဆုံပွဲကို ပြည်သူတွေက အဖက်လုပ်မည့်မဟုတ်ကြောင်း မှတ်ချက်တွေအသီးသီးရေးသားထားကြတာကိုတွေ့ရပါတယ်။

စစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် နေပြည်တော်ကို လာရောက်ဖို့ရှိတဲ့ ကမ္ဘောဒီးယား အာဏာရှင်ဟွန်ဆန်ရဲ့ ဖေ့ဘွတ်ခ်လူမှုကွန်ရက်မှာ ဆန့်ကျင်ကန့်ကွက်ကြောင်းမှတ်ချက်ပေးတာတွေ များပြားနေတာတွေကိုတွေ့ရပါတယ်။

ဟွန်ဆန်က သူတို့ ဇနီးမောင်နှံ ၂၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဓာတ်ပုံတွေကို တင်ထားတဲ့ပို့စ်အောက်မှာ ဟွန်ဆန်မြန်မာပြည်ကို မလာဖို့ ၊ ဟွန်ဆန်ကိုအလိုမရှိကြောင်း မြန်မာပြည်သူတွေက မှတ်ချက်တွေဝင်ရေးထားကြတာပါ။

အာဏာသိမ်းစစ်ကောင်စီကို လူရာသွင်းနေတဲ့ ဟွန်ဆန်ကို ရှုတ်ချကြောင်း၊ မြန်မာပြည်က မကြိုဆိုကြောင်း၊အာဏာရှင်အချင်းချင်းတွေ့ဆုံပွဲကို ပြည်သူတွေက အဖက်လုပ်မည့်မဟုတ်ကြောင်း မှတ်ချက်တွေအသီးသီးရေးသားထားကြတာကိုတွေ့ရပါတယ်။

အာဆီယံ ဥက္ကဋ္ဌ သစ်ဖြစ်လာသူ ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန်ဟာ မနက်ဖြန် ဇန်နဝါရီလ ၇ ရက်မှာနေပြည်တော်ကိုလာရောက်ဖို့ရှိနေတာပါ။

Public Service Announcement

Public Service Announcement

ဒီခရီးစဉ်မတိုင်ခင်ကတည်းက စစ်အုပ်စုဟာ အာဆီယံအစည်းအဝေးတက်ခွင့်ရှိကြောင်း ဟွန်ဆန်က လူသိရှင်ကြားလေသံပစ်ထားပါတာရှိပါတယ်။

ဒါကြောင့်လည်း ဟွန်ဆန်ရဲ့ခရီးစဉ်ကို မြန်မာနဲ့ကမ္ဘောဒီးယားအရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ရှုတ်ချထားကြပါတယ်။

ပြည်တွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေကလည်း စစ်အုပ်စုကို လူရာသွင်းဖို့ ကြိုးပမ်းနေတဲ့ ဟွန်ဆန်ကို ရှုတ်ချကြောင်း အတိအလင်းပြောထားကြပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဗန်ရဲ့ပွဲကိုမြန်မာတစ်နိုင်ငံလုံးက​တော​ရောမြို့ပါမကျန်၊ ပြည်သူ​တွေ​ရော တော်လှန်​ရေးရဲ​ဘော်​တွေပါ စိတ်လှုပ်ရှားစွာအား​ပေးခဲ့ကြပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။