Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်အုပ်စုခေါင်းဆောင်နဲ့တွေ့ဆုံမယ့်ခရီးစဉ်ကိုရှုတ်ချကြောင်း ဟွန်ဆန်ရဲ့ ဖေ့ဘွတ်ခ်မှာမြန်မာပြည်သူတွေမှတ်ချက်ဝင်ရေး

အာဏာသိမ်းစစ်ကောင်စီကို လူရာသွင်းနေတဲ့ ဟွန်ဆန်ကို ရှုတ်ချကြောင်း၊ မြန်မာပြည်က မကြိုဆိုကြောင်း၊အာဏာရှင်အချင်းချင်းတွေ့ဆုံပွဲကို ပြည်သူတွေက အဖက်လုပ်မည့်မဟုတ်ကြောင်း မှတ်ချက်တွေအသီးသီးရေးသားထားကြတာကိုတွေ့ရပါတယ်။

စစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် နေပြည်တော်ကို လာရောက်ဖို့ရှိတဲ့ ကမ္ဘောဒီးယား အာဏာရှင်ဟွန်ဆန်ရဲ့ ဖေ့ဘွတ်ခ်လူမှုကွန်ရက်မှာ ဆန့်ကျင်ကန့်ကွက်ကြောင်းမှတ်ချက်ပေးတာတွေ များပြားနေတာတွေကိုတွေ့ရပါတယ်။

ဟွန်ဆန်က သူတို့ ဇနီးမောင်နှံ ၂၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဓာတ်ပုံတွေကို တင်ထားတဲ့ပို့စ်အောက်မှာ ဟွန်ဆန်မြန်မာပြည်ကို မလာဖို့ ၊ ဟွန်ဆန်ကိုအလိုမရှိကြောင်း မြန်မာပြည်သူတွေက မှတ်ချက်တွေဝင်ရေးထားကြတာပါ။

အာဏာသိမ်းစစ်ကောင်စီကို လူရာသွင်းနေတဲ့ ဟွန်ဆန်ကို ရှုတ်ချကြောင်း၊ မြန်မာပြည်က မကြိုဆိုကြောင်း၊အာဏာရှင်အချင်းချင်းတွေ့ဆုံပွဲကို ပြည်သူတွေက အဖက်လုပ်မည့်မဟုတ်ကြောင်း မှတ်ချက်တွေအသီးသီးရေးသားထားကြတာကိုတွေ့ရပါတယ်။

အာဆီယံ ဥက္ကဋ္ဌ သစ်ဖြစ်လာသူ ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန်ဟာ မနက်ဖြန် ဇန်နဝါရီလ ၇ ရက်မှာနေပြည်တော်ကိုလာရောက်ဖို့ရှိနေတာပါ။

ဒီခရီးစဉ်မတိုင်ခင်ကတည်းက စစ်အုပ်စုဟာ အာဆီယံအစည်းအဝေးတက်ခွင့်ရှိကြောင်း ဟွန်ဆန်က လူသိရှင်ကြားလေသံပစ်ထားပါတာရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့်လည်း ဟွန်ဆန်ရဲ့ခရီးစဉ်ကို မြန်မာနဲ့ကမ္ဘောဒီးယားအရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ရှုတ်ချထားကြပါတယ်။

ပြည်တွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေကလည်း စစ်အုပ်စုကို လူရာသွင်းဖို့ ကြိုးပမ်းနေတဲ့ ဟွန်ဆန်ကို ရှုတ်ချကြောင်း အတိအလင်းပြောထားကြပါတယ်။