ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ထံသို့ အာဏာသိမ်းစစ်ကောင်စီတပ်မှ တပ်သားသုံးဦး လက်နက်ခဲယမ်းများနှင့်အတူ ခိုလှုံလာကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သား သုံးဦးနှင့်အတူ လက်နက်ငယ်သုံးလက်၊ ကျည်အိမ် ၁၂ခုနှင့် ကျည်ဆံများ၊ လက်ပစ်ဗုံးအချို့တို့ပါလာကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည့် ဓာတ်ပုံများ၌ တွေ့ရသည်။
အဆိုပါ တပ်ဖွဲ့ဝင်သုံးနှင့်ပတ်သက်ပြီး KNUတပ်မဟာ (၅)က အသေးစိတ်ဖော်ပြထားမှုမရှိပေ။
ပြည်သူ့ပန်းတိုင်အဖွဲ့၏ ယနေ့နံနက်ထုတ်ပြန်ချက်တွင် စစ်ကောင်စီရှေ့တန်းစခန်း၌ တာဝန်ကျနေသော တပ်မတော်သားများမှ စစ်ကောင်စီကို ဆန့်ကျင်လိုကြောင်း ဆက်သွယ်လာ၍ KNUနှင့် ချိတ်ဆက် ဆောင် ရွက်ပေးခဲ့ရာ တပ်မတော်သား သုံးဦးလက်နက်နှင့်အတူ KNUထံ ခိုလှုံနိုင်ခဲ့ပြီဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement
ပြီးခဲ့သည့် ၂၀၂၁အတွင်းကလည်း စစ်ကောင်စီတပ်ကိုစွန့်ခွာပြီး KNU တပ်မဟာ(၅)ထံ အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ဦးရှိသည်ဟု တပ်မဟာ (၅)က ထုတ်ပြန်ထားသည်။


















































