Connect with us

Hi, what are you looking for?

News

၂၀၂၁အတွင်း KNU တပ်မဟာ ခုနစ်ခုအနက် ခြောက်ခုတွင် တိုက်ပွဲ သုံးထောင်ကျော်ဖြစ်

စစ်ကောင်စီတပ်သည် ပြည်သူလူထုများ နေထိုင်ရာကျေးရွာအတွင်းနှင့် လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်ခဲ့၍ ပြည်သူ လူထုများ ထိခိုက်သေဆုံးမှုများရှိခဲ့သည့်အပြင် နေအိမ်နှင့် အိမ်မွေးတိရစ္ဆာန်များကို ထိခိုက်ပျက်စီး သေဆုံးမှုများရှိခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်မှ နှစ်ထောင်ကျော်သေဆုံးပြီး KNU တပ်ဖွဲ့ဝင် ၄၂ဦးကျဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက် ခံတပ်များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်များ အကြား ၂၀၂၁အတွင်းက တိုက်ပွဲ သုံးထောင်ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂,၀၀၀ ကျော် သေဆုံးကာ ၂,၀၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန် သည်။

KNU ကော်သူးလေထိန်းချုပ်နယ်မြေ၌ အာဏာသိမ်းစစ်ကောင်စီ၏ တပ်များနှင့် ၎င်းတို့၏ လက်အောက် ခံတပ်များက တပ်အင်အားတိုးချဲ့မှု နှင့် နယ်မြေစိုးမိုးမှုများကို အစဥ်တစိုက်ပြု လုပ်နေသည့်အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ပြည်သူလူထုအပေါ် ပုံစံမျိုးစုံဖြင့် ဖိနှိပ် အကြမ်းဖက်မှုများ လုပ်ဆောင်ခဲ့၍ KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်‌မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)တို့နှင့် နေ့စဥ်ထိတွေ့ ပစ်ခတ်မှုများ ဖြစ်ခဲ့သည်ဟုဆိုသည်။

KNU တပ်မဟာနှင့်ခရိုင် ခုနစ်ခုရှိသည့်အနက် တပ်မဟာ (၇) ဘားအံခရိုင်မှ အပကျန် တပ်မဟာနှင့် ခရိုင်​ခြောက်ခု၏ နယ်မြေများ၌ တိုက်ပွဲများဖြစ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် တစ်နှစ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများမှာ ဒူးသထူခရိုင်၊ တပ်မဟာ(၁)ထိန်းချုပ်နယ်မြေအတွင်းတွင် ၂၄၉ ကြိမ်၊တောင်ငူခရိုင် တပ်မဟာ (၂)ထိန်းချုပ်နယ်မြေအတွင်းတွင် (၅၀) ကြိမ်ညောင်လေးပင်ခရိုင် တပ်မဟာ(၃)ထိန်းချုပ်နယ်မြေအတွင်းတွင် ၁၀၀ကြိမ်၊ မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄) ထိန်း ချုပ်နယ်မြေအတွင်းတွင် ကိုးကြိမ်၊မူတြော်ခရိုင် တပ်မဟာ(၅)ထိန်းချုပ်နယ်မြေအတွင်းတွင် ၂,၆၉၆ကြိမ် နှင့်ဒူးပလာယာခရိုင် တပ်မဟာ(၆)ထိန်းချုပ်နယ်မြေအတွင်းတွင် ၅၂ကြိမ်ရှိခဲ့သည်ဟု ထုတ်ပြန်သည်။

ထို့ကြောင့် KNU တပ်မဟာ ​ခြောက်ခု၏ နယ်မြေများ၌ ထိတွေ့ပစ်ခတ်မှု ၃,၁၅၂ကြိမ်ဖြစ်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ ၂,၁၉၀ဦး သေဆုံးကာ ၂,၀၄၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။ KNLA နှင့် KNDO တို့ တပ်ဖွဲ့ဝင် ၄၂ဦး ကျဆုံးခဲ့ပြီး ၁၃၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ပြည်သူလူထုများ နေထိုင်ရာကျေးရွာအတွင်းနှင့် လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်ခဲ့၍ ပြည်သူ လူထုများ ထိခိုက်သေဆုံးမှုများရှိခဲ့သည့်အပြင် နေအိမ်နှင့် အိမ်မွေးတိရစ္ဆာန်များကို ထိခိုက်ပျက်စီး သေဆုံးမှုများရှိခဲ့ကြောင်း ဖော်ပြထားသည်။

ညောင်လေးပင်ခရိုင် မူတြော်ခရိုင်နှင့် ဒူးပလာယာခရိုင်များအတွင်းတွင် အာဏာသိမ်းစစ်ကောင်စီမှ လေယာဉ်ကို အသုံးပြု၍ ပြည်သူလူထုများနေထိုင်ရာ နေရာဒေသများသို့ ဗုံးကြဲ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သဖြင့် ပြည်သူ လူထုများ ထိခိုက် သေဆုံးမှုလည်းရှိခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

ထိုသို့ ဗုံးကြဲ ပစ်ခတ်မှုနှင့် လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူလူထု ၃၁ဦးသေဆုံးပြီး ၈၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထား သည်။ တိုက်ပွဲများကြောင့် ပြည်သူလူထုပေါင်း ၅၀,၀၀၀ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ အခက် အခဲအမျိုးမျိုးနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေကြရသည်ဟုလည်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်စီမံကိန်းတွေရှိတဲ့ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းက တောင်မော်ဦးရေတပ်စခန်းဝန်းကျင်နဲ့ မင်းတက်တောင်လမ်းဆုံအနီး သိုင်းချောင်းဝန်းကျင်တို့မှာ စစ်တပ်စခန်း​တွေကို အာရက္ခတပ်တော်(AA)ကတိုက်ခိုက်​နေပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

မြန်မာဖက်ခြမ်းနယ်စပ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာမြန်မာ့ပြည်တွင်းရေးသာဖြစ်ပြီး ထိုင်းရဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေတွေကိုတော့ကောင်းကောင်းထိန်းချုပ်ထားနိုင်ကြောင်း ထိုင်းတော်ဝင်ကြည်းတပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကသာမြို့မှာပိတ်မိတဲ့ကားတချို့ မန္တလေးဘက် ပြန်ဆုတ်ခိုင်း၊ ပိတ်မိနေသူတွေဆက်ရှိပြီး သေဆုံးသူ ထပ်တိုး

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနရဲ့ နိုဝင်ဘာ ၇ရက် သတင်းဖော်ပြချက်မှာ အသိပေးထားပါတယ်။

Facebook