Connect with us

Hi, what are you looking for?

News

ယင်းမာပင်၊ ဘုတလင်၊ ကနီ နှင့် ပုလဲမြို့နယ်များတွင် ဖုန်းလိုင်းများ ဖြတ်ခံထားရ

“မြို့တွင်းမှာရှိတဲ့ စစ်ခွေးယာဥ်တန်းဟာလည်းမြို့ပြင်ကိုထွက်ခွာလာပြီလို့သိရှိရပေမယ့် ဖုန်းလိုင်းဖြတ်တောက်ထားမှုကြောင့် ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး အနေနဲ့အတည်မပြုနိုင်ပါသေးဘူး”ဟုရေးသားထားသည်။

အာဏာသိမ်းစစ်​ကောင်စီက စစ်ကိုင်းတိုင်း ယင်းမာပင်၊ ဘုတလင်၊ကနီနှင့် ပုလဲမြို့နယ်များအား ယနေ့နံနက်ပိုင်းမှစတင်ကာ ဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ယနေ့( ဇန်နဝါရီ ၇ ရက်)နံနက် ၉း၄၅ ခန့်မှစတင်ကာ ဖုန်းလိုင်းများဖြတ်တောက်ခံထားရကြောင်း၊ ဘုတလင် ၊ ယင်းမာပင် ၊ ကနီနှင့် ပုလဲမြို့နယ်များကိုပါ ဖုန်းလိုင်းများဖြတ်တောက်ထားသည်ဟု ထပ်မံသိရှိရကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်း ပေးသည်။

ယနေ့တွင် မြန်မာနိုင်ငံသို့ က​မ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် စစ်​ခေါင်း​ဆောင်မင်း​အောင်လှိုင်နှင့် ​တွေ့ဆုံရန် ရောက်ရှိနေပြီဖြစ်ပြီး ၎င်းမရောက်ရှိမီနံနက်ပိုင်းက ရန်ကုန်နှင့် မန္တလေးမြို့တို့၌ စစ်ကောင်စီလက်ပါး စေများရှိသည့် နေရာများတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

“မြို့တွင်းမှာရှိတဲ့ စစ်ခွေးယာဥ်တန်းဟာလည်းမြို့ပြင်ကိုထွက်ခွာလာပြီလို့သိရှိရပေမယ့် ဖုန်းလိုင်းဖြတ်တောက်ထားမှုကြောင့် ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး အနေနဲ့အတည်မပြုနိုင်ပါသေးဘူး”ဟုရေးသားထားသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက်ပိုင်း ဖုန်းလိုင်းများမပြတ်တောက်မီယင်းမာပင်မြို့တွင် တပ်ဆွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သည် ယင်းမာပင်မြို့၏အနောက်ဘက် ရွှေဂူတောင်နှင့် တောင်ဘက်ဆီးဖြူပင်ရွာတို့ကို ခြေလျင်ဆင်း၍ စစ်ကြောင်းထိုးနေကြောင်း ဒေသခံများကပြောကြားထားသည်။

ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၃ နာရီခန့်က ယင်းမာပင်မြို့နယ် စစ်အကြမ်းဖက်အဖွဲ့အစည်း၏ လက်အောက်ခံ ခရိုင်တရားရုံးအား မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်နှင့် ဆားလင်းကြီး တကိုယ်ဝောာ် သုဘရာဇာတို့ပူးပေါင်း၍ မိုင်းလေးလုံးထောင် ဖောက်ခွဲချိန် လုံခြုံရေး ၁၀ယောက်ခန့် ကားဖြင့်‌ရောက်လာရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီးအကြမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးကြောင်း Yinmarbin Local PDFအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖုန်းလိုင်းဖြတ်တောက်ခံထားရသည့် ယင်းမာပင်၊
ဘုတလင်၊ကနီနှင့် ပုလဲမြို့နယ်များသည် အကြမ်းဖက်စစ်တပ်အား ရရာလက်နက်ဖြင့် ခုခံတော်လှန်နေကြသည့်ဒေသများဖြစ်ပြီး PDFအားကောင်းသည့် ဒေသများလည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ တိုက်ပွဲအတွင်း ထွက်‌ပြေးရာက မိသားစုနဲ့ ကွဲပြီး တစ်ဦးတည်းကျန်ရစ်ခဲ့တဲ့ အဖွားအိုတစ်ဦးကို PDF ရဲဘော်တွေက ကယ်ထုတ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဟာ အခုရက်ပိုင်းအတွင်း လူပြောများနေပါတယ်။ အဲဒီ ရုပ်သံမှာ အားနည်းနေတဲ့အဖွားအိုကို ရဲဘော်တစ်ဦးက ပြောဆိုတာ ဖြစ်ပါတယ်။

သတင်း

ချင်းတွင်းမြစ်အတွင်းက စစ်သင်္ဘောအုပ်စု ကနီမြို့နယ်မှာ တိုက်ခိုက်ခံရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။