Connect with us

Hi, what are you looking for?

News

ပထမဆုံးCDM တရားသူကြီး NUG တရား​ရေးဝန်ကြီးဌာန၏အမြဲတမ်းအတွင်းဝန်ဖြစ်လာ

အသက် ၃၀အရွယ်ဦးမင်းနောင်ခိုင်သည် မိုးညိုမြို့နယ် ဒုတိယမြို့နယ်တရားသူကြီးအဖြစ် တာဝန်းထမ်းဆောင်နေစဉ် စစ်တပ်က နိုင်ငံတော်အာဏာသိမ်းသည့်အခါ CDM ပြုလုပ်ကြောင်း ပထမဆုံး ကြေငြာခဲ့သည့် တရားသူကြီး ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီအားတရားရေးမဏ္ဍိုင်တွင်ပထမဆုံးအာဏာဖိဆန်ကာ CDM ပြုလုပ်ခဲ့သည့် တရားသူကြီး ဦးမင်းနောင်ခိုင်သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဖြစ်လာသည်။

“အမျိုးသားညီညွတ်ရေးအစိုးရ၊တရားရေးဝန်ကြီးဌာန၏အမြဲတမ်းအတွင်းဝန် (အစမ်းခန့်) အဖြစ်၇.၁.၂၀၂၂ ရက်နေ့တွင်စတင် တာဝန်ထမ်းဆောင်သည်” ဟု ဦးမင်းနောင်ခိုင်ကဇန်နဝါရီ ၈ ရက်တွင်သူ၏ ​ဖေစ်ဘွခ်မှတစ်ဆင့် အသိ့​ပေးသည်။

အသက် ၃၀အရွယ်ဦးမင်းနောင်ခိုင်သည် မိုးညိုမြို့နယ် ဒုတိယမြို့နယ်တရားသူကြီးအဖြစ် တာဝန်းထမ်းဆောင်နေစဉ် စစ်တပ်က နိုင်ငံတော်အာဏာသိမ်းသည့်အခါ CDM ပြုလုပ်ကြောင်း ပထမဆုံး ကြေငြာခဲ့သည့် တရားသူကြီး ဖြစ်သည်။

CDMပြုလုပ်​ကြောင်းကြေငြာပြီးနောက် အကြမ်းဖက်စစ်ကောင်စီကပုဒ်မ၅၀၅-က ဖြင့် ဖမ်းဆီးတရားစွဲဆိုကာ ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့သည်။ လွတ်ငြိမ်းဖြင့် ပြန်လွတ်မြောက်ခဲ့ပြီးနောက်ဦးမင်းနောင်ခိုင်သည်လွတ်မြောက်
နယ်မြေသို့ ထွက်လာကာ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ချိတ်ဆက်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ဆောင်ရွက်​နေသည်။

Public Service Announcement

Public Service Announcement

ယခုအခါတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်အဖြစ် ခန့်အပ်တာဝန်ပေးခံရခြင်းဖြစ်သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ၊အခြားသောဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေကိုလက်မခံခြင်းသည် ကျွန်တော်တို့နိုင်ငံသားတွေရဲ့တာဝန်ပဲ”ဟု CDM ပြုလုပ်ခဲ့သည့် ဆုံးဖြတ်ချက်ကို ဦးမင်းနောင်ခိုင်က ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။