Connect with us

Hi, what are you looking for?

News

ပုလဲမြို့နယ်တွင် လူထုသပိတ်ဟောပြောပွဲ ထပ်မံကျင်းပ

ပုလဲမြို့နယ်ရှိ လူထုညီညွတ်မှုကြောင့် ယခုကဲ့သို့ စစ်ကောင်စီက အုပ်ချုပ်ခွင့် မရသေးခြင်း ဖြစ်ကြောင်း၊ ထိုသို့ အုပ်ချုပ်ခွင့် မရသည့်အတွက် စစ်ကောင်စီက လူထုကို ရက်ရက်စက်စက် သတ်ဖြတ်ဖိနှိပ်ပြနေခြင်း ဖြစ်ကြောင်း ဟောပြောခဲ့သည်။

ဓာတ်ပုံ - မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ဇန်နဝါရီ ၉ ရက်နှင့် ၁၀ ရက်တို့၌ မုံရွာလူထုသပိတ်တိုက်ပွဲဦး‌ဆောင်ကော်မတီအဖွဲ့ဝင် ကိုသန်းကျော်ဦး သွားရောက်ပူးပေါင်းပြီး လူထုထံ နိုင်ငံရေးတရားများ၊ သပိတ်တရားများဟောပြောပွဲ ထပ်မံကျင်းပခဲ့သည်။

ပုလဲမြို့နယ်သည် ယနေ့အချိန်ထိ စစ်ကောင်စီကို ဘက်ပေါင်းစုံ နည်းလမ်းပေါင်းစုံကနေ တော်လှန်တိုက်ခိုက်နေကြဆဲ ဖြစ်သည်။

ဓာတ်ပုံ – မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

ပုလဲမြို့နယ်ရှိ လူထုညီညွတ်မှုကြောင့် ယခုကဲ့သို့ စစ်ကောင်စီက အုပ်ချုပ်ခွင့် မရသေးခြင်း ဖြစ်ကြောင်း၊ ထိုသို့ အုပ်ချုပ်ခွင့် မရသည့်အတွက် စစ်ကောင်စီက လူထုကို ရက်ရက်စက်စက် သတ်ဖြတ်ဖိနှိပ်ပြနေခြင်း ဖြစ်ကြောင်း ဟောပြောခဲ့သည်။

ဓာတ်ပုံ – မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

” ဒီနေ့ (၁၀/၁/၂၀၂၂) မှာလည်း ပုလဲမြို့နယ်တွင်းကကျေးရွာတချို့ကို စစ်ကောင်စီဟာ ရဟတ်ယာဉ်(၄)စီးသုံးပြီး အပြစ်မဲ့ပြည်သူတွေ၊ ရွာတွေကို ပစ်ခတ်ဖျက်စီးနေပါတယ်။ စစ်ကောင်စီရဲ့ ဒီလိုမျိုးဆိုးဆိုးဝါးဝါး ဖိနှိပ်မှုဒဏ်တွေကို ပြည်သူလူထုဟာ ရင်ဆိုင်ခါးဆီးခံပြီး ဒီနေ့အထိ အစွမ်းကုန် ဘက်ပေါင်းစုံကနေ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေဆဲဖြစ်တယ်။ ဒီနေ့လိုမျိုး သပိတ်စစ်ကြောင်းတွေ၊ လူထုသပိတ်တွေ ရှိလာခြင်းဟာ လူထုအနေနဲ့ နိုင်ငံရေးကိုကော လက်နက်ကိုင်လမ်းစဉ်ကိုကော ဟန်ချက်ညီညီလာချိတ်ဆက်ပြီး အားကောင်းကောင်းနဲ့ပုံဖော်လာနေတယ်။ ပိုညီညွှတ်လာတယ်ဆိုတာ ပြသနေပါတယ်။ ဒါဟာ အင်မတန်အားရ ဝမ်းသာစရာကောင်းပါတယ် ” ဟု ကိုသန်းကျော်ဦး ဟောပြောခဲ့သည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

ထို့အပြင် ” ပြည်သူလူထုအနေနဲ့လည်း ဒီထက်ပိုပြီး တော်လှန်ရေးကို ဝင်ရောက်အားဖြည့်ကြပါ။ ပုလဲမြို့နယ်တွင်းမှာရှိတဲ့ ပြည်သူတွေ ဒုက္ခတွင်းကနေ အမြန်ကင်းလွတ်ဖို့ ပုလဲမြို့နယ်တွင်းမှာရှိတဲ့ ပြည်သူတွေကို ကာကွယ်နေတဲ့ PDF တွေကို အားဖြည့်ကူညီပေးကြပါ ” တိုက်တွန်းပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက် ညပိုင်းကလည်း စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်အတွင်းရှိ ယင်းမာပင်မြို့နယ်နှင့်ပုလဲမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်တရား ဟောပြောပွဲ ကျင်းပခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များက လုံခြုံရေးစောင့်ရှောက်ခဲ့ကာ လူဦးရေ ထောင်ချီ တက်ရောက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook