Connect with us

Hi, what are you looking for?

News

KNU နယ်​မြေအတွင်း စစ်​ဘေး​ရှောင် တစ်သိန်း​ကျော်အထိရှိလာ

တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့နယ်တောင်ဘက်ပိုင်းမှာလည်း စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် ကော့နွဲ့ အံကလော် မြို့ဟောင်း ရွာသစ်ကျေးရွာအပါအဝင် ကျေးရွာ (၁၄) ရွာက ဒေသခံပြည်သူ (၂၀၀၀) ကျော်ဟာ လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ကေအဲန်ယူသတင်းရင်းမြစ်ထံကနေ သိရပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေတွေအတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားဆောင်ရွက်မှုတွေကြောင့် စစ်ဘေးရှောင်နေရသူဦးရေ တစ်သိန်းကျော်ရှိလာပြီဖြစ်တယ်လို့ ကေအဲန်ယူနဲ့ ကရင်အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက် ကေအဲန်ယူ ထိန်းချုပ်နယ်မြေတွေထဲမှာ စစ်ရေးအင်အားတိုးချဲ့တာ၊ မြေပြင်ထိုးစစ်ဆင်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာအပြင် လေကြောင်းတိုက်ခိုက်တာတွေ အရင်ကထက်ပိုမိုလုပ်ဆောင်လာခဲ့ပြီး အဲ့လိုစစ်ရေးလှုပ်ရှားမှုတွေကြောင့် စစ်ဘေးရှောင်ဦးရေဟာလည်း အရင်ကထက် ပိုမိုများပြားလာခဲ့တာပါ။

လက်ရှိမှာ ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ လေးကေကော်ဒေသမှာ ဒီဇင်ဘာလကစပြီး စစ်ကောင်စီက မြေပြင်ထိုးစစ်ဆင်တာ၊ လက်နက်ကြီးပစ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ဒေသခံပြည်သူ ၂၀၀၀၀ ဝန်းကျင်ဟာ ထိုင်းဘက်နဲ့ နီးစပ်ရာကျေးရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး ဒီကနေ့အချိန်ထိ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာမို့ စစ်ဘေးရှောင်အများစုဟာ နေရပ်မပြန်နိုင်သေးဘူးလို့ ကူညီပေးနေတဲ့အဖွဲ့အစည်းတွေထံကနေ သိရပါတယ်။

တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့နယ်တောင်ဘက်ပိုင်းမှာလည်း စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် ကော့နွဲ့ အံကလော် မြို့ဟောင်း ရွာသစ်ကျေးရွာအပါအဝင် ကျေးရွာ (၁၄) ရွာက ဒေသခံပြည်သူ (၂၀၀၀) ကျော်ဟာ လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ကေအဲန်ယူသတင်းရင်းမြစ်ထံကနေ သိရပါတယ်။

Public Service Announcement

Public Service Announcement

ကေအဲန်ယူ-ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် နယ်မြေခံ KNLA တပ်မဟာ ၃ နဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး တိုက်ပွဲကြောင့် မူသယ်ဒေသက ထွက်ပြေးတိမ်းရှောင်နေရတဲ့သူဦးရေဟာ ၂၀၀၀ ကျော်ရှိတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားတာပါ။ ဒါကြောင့် လက်ရှိ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ ထဲမှာ စစ်ဘေးရှောင်သူဦးရေ (၂၀၀၀၀) ဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။

ဖာပွန်ခရိုင်ထဲမှာလည်း စစ်ကောင်စီတပ်ရဲ့ စစ်ရေးဆောင်ရွက်မှုတွေကြောင့် တိုက်ပွဲတွေဟာ နေ့စဉ်လိုလိုဖြစ်ပွားနေပြီး လက်ရှိမှာ စစ်ရှောင်ဦးရေ (၈၂၀၀၀)ကျော်ရှိနေတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်ရဲ့ ထုတ်ပြန်ထားတဲ့အစီရင်ခံစာအရ သိရပါတယ်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးရဲ့ တခြားခရိုင်တွေဖြစ်ကြတဲ့ ဘိတ်-ထားဝယ်ခရိုင်၊ ဘားအံခရိုင်နဲ့ သထုံခရိုင်ထဲမှာလည်း စစ်ဘေးရှောင်တွေအများအပြားရှိနေသေးတာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ရေးပဋိပက္ခတွေကြောင့် တိမ်းရှောင်ထွက်ပြေးနေရတဲ့စစ်ဘေးရှောင်တွေအတွက် အကူအညီတွေလိုအပ်ချက်ရှိနေပြီး အထူးသဖြင့် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေအတွက် အကူအညီတွေပိုမိုလိုအပ်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) ‌ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက ဆိုပါတယ်။

Public Service Announcement

“အထူးသဖြင့် သက်ကြီးရွယ်အို ၆၀ ၇၀ အထက်တွေပေါ့။ အထူးသဖြင့် သက်ကြီးရွယ်အိုအများစုက အစာအာဟာရရှိမယ့်အစားအစာတွေ ကိုက်ခဲပျောက်ဆေးတွေရှိလို့ရှိရင်တော့ သူတို့အတွက်အဆင်ပြေမယ်လေနော်။ ခလေးငယ်လည်းအဲ့ဒီလိုပဲ။ မွေးကင်းစဆိုလို့ရှိရင် အထူးသဖြင့် ဒိုင်ပါတို့ပေါ့နော် အနှီးတို့အဲ့ဒါတွေ လိုအပ်တယ်။ နို့မှုန့်တို့ နို့ဗူးတို့ပေါ့နော်။ အဲ့ဒါတွေလည်း လိုအပ်တာပေါ့လေ။ အဲ့လိုထောက်ပံ့မှုတွေရရင်တော့ ပိုကောင်းတာပေါ့” လို့ KHRG ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေက ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ခရိုင်နဲ့ တပ်မဟာ ၇ ခုထဲမှာ ဘားအံခရိုင် တပ်မဟာ ၇ကလွဲပြီး ကျန်တဲ့ခရိုင်နဲ့ တပ်မဟာတွေအားလုံးမှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေခဲ့တာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် ကေအဲန်ယူနဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့၊ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်အဖွဲ့ စတဲ့ အဖွဲ့အစည်းအသီးသီးက ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်နေပေမယ့် လိုအပ်ချက်တွေရှိနေသေးတာဖြစ်ပါတယ်။

စစ်ဘေးရှောင်တွေအနေနဲ့ နယ်မြေအခြေအနေ အေးချမ်းတည်ငြိမ်မှုရှိမှသာ နေရပ်ပြန်လာကြဖို့ ကေအဲန်ယူနဲ့ ကရင်အရပ်ဘက်အဖွဲ့အစည်းတွေက တိုက်တွန်းထားကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။