Connect with us

Hi, what are you looking for?

News

CDM​ကျောင်းဆရာအပါအဝင် ဖမ်းထား​သောပြည်သူသုံးဦးကို စစ်​ကောင်စီတပ်ပစ်သတ်၊ အ​လောင်း​ဘေးတွင်တူမီးထား၍ PDFဟု သတင်းအမှားဖြန့်

“အသတ်ခံရတဲ့သုံးယောက်ထဲမှာ နှစ်ယောက်ကအသက် သုံးဆယ်ကျော်တွေ။ တစ်ယောက်ကတော့CDM ကျောင်းဆရာ အသက်နှစ်ဆယ်ကျော်ပဲရှိသေးတယ်။ အဖမ်းခံရပြီးမှအသက်ခံရတာ”ဟု ဝက်လက်နယ်ဒေသခံတစ်ဦးက ​ပြောသည်။

(အကြမ်းဖက်စစ်တပ်မှ သတင်းအမှားထုတ်ပြန်ရန်လုပ်ကြံရိုက်ကူးခဲ့သောသတင်းဓါတ်ပုံ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရှိမ်းမကားရဲစခန်းတွင် ဖမ်းဆီးခံထားရသော CDM ကျောင်းဆရာတစ်ဦးအပါအဝင် အမျိုးသားသုံးဦးအား အကြမ်းဖက်စစ်ကောင်စီတပ်မှ ပစ်သတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် ဇန်နဝါရီ၁ဝရက်ဝန်းကျင်က မင်းကိုနိုင်၊ နှင်းဦးမောင်နှင့် နေလွင်လွင်ဆိုသည့် အမျိုးသားသုံး ဦးကို ရှိမ်းမကားရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဇန်နဝါရီ၁၂ ရက်တွင် အကြမ်းဖက်စစ်တပ်သည် အဆိုပါ အမျိုးသားသုံးဦးအား ဝက်လက်မြို့ပေါ်သို့ ခေါ်ဆောင်သွားမည်ဟုဆိုကာ ရှိမ်းမကားရဲစခန်းမှ ထွက်ခွာသွားခဲ့ပြီးနောက် တလိုင်းရွာအနီးတွင် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

သတ်ဖြတ်ခံရသူ သုံးဦးသည်PDFများ မဟုတ်ဘဲအကြမ်းဖက်စစ်တပ်က ပစ်သက်ပြီးချိန်တွင် တူမီးသေနတ်များထည့် ဓါတ်ပုံရိုက်ကာ PDFများ ကျဆုံးသ​ည်ဟု သတင်းအမှားထုတ်ပြန်ထားကြောင်းဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

“အသတ်ခံရတဲ့သုံးယောက်ထဲမှာ နှစ်ယောက်ကအသက် သုံးဆယ်ကျော်တွေ။ တစ်ယောက်ကတော့CDM ကျောင်းဆရာ အသက်နှစ်ဆယ်ကျော်ပဲရှိသေးတယ်။ အဖမ်းခံရပြီးမှအသက်ခံရတာ”ဟု ဝက်လက်နယ်ဒေသခံတစ်ဦးက ​ပြောသည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာလ ၃၁ ရက်နှင့်ဇန်နဝါရီ၁ ရက်များက ဝက်လက်မြို့နယ် ဘုရားလေးကုန်းကျေးရွာအနီးတွင် စစ်ကောင်စီနှင့် ဝက်လက် PDF တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်​သေဆုံးမှုအများအပြားရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။