Connect with us

Hi, what are you looking for?

News

CDF-ဆဲန်ထန်၏ စစ်သင်တန်းဆင်းပွဲ

ချင်းပြည်နယ်ရှိ တိုင်းရင်းသားမျိုးနွယ်စုအားလုံးနီးပါးက ယခုအခါ ချင်း​ဒေသကာကွယ်​ရေးအဖွဲ့ ​အောက်တွင် ​ဒေသအလိုက်၊မျိုးနွယ်အလိုက် ကာကွယ်​ရေးတပ်များဖွဲ့စည်းပြီး အကြမ်းထက်စစ်​ကောင်စီကို ခုခံတိုက်ခိုက်​နေသည်။

(ဓါတ်ပုံ- Matupi Revolution News)

ချင်းပြည်နယ်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည့် ချင်း​ဒေသကာကွယ်​ရေးအဖွဲ့- ဆဲန်ထန်(Chinland Defense Force-Senthang )၏ စစ်သင်တန်းသစ်ဆင်းပွဲကို ယနေ့တွင်ကျင်းပကြောင်း သတင်းထုတ်ပြန်သည်။

(ဓါတ်ပုံ- Matupi Revolution News)

ချင်းဆဲန်ထန်လူမျိုးများသည် ချင်းပြည်နယ်တွင်လူဦးရေး သုံးသောင်းကျော်အထက်ရှိသော မျိုးနွယ်စုတစ်ခုဖြစ်ပြီး ဟားခါး၊ ထန်တလန် ၊ ဂန့်ဂေါနှင့် ကလေးမြို့နယ် တို့တွင်နေထိုင်ကြသည်။

ချင်းပြည်နယ်ရှိ တိုင်းရင်းသားမျိုးနွယ်စုအားလုံးနီးပါးက ယခုအခါ ချင်း​ဒေသကာကွယ်​ရေးအဖွဲ့ ​အောက်တွင် ​ဒေသအလိုက်၊မျိုးနွယ်အလိုက် ကာကွယ်​ရေးတပ်များဖွဲ့စည်းပြီး အကြမ်းထက်စစ်​ကောင်စီကို ခုခံတိုက်ခိုက်​နေသည်။

(ဓါတ်ပုံ- Matupi Revolution News)

ချင်းပြည်နယ်ယခင်ကတည်းကရှိခဲ့​သော CNF ၊ CNDF စ​သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း​ဒေသခံကာကွယ်​ရေးတပ်များနှင့်ပူး​ပေါင်း၍ ​အကြမ်းဖက်စစ်​ကောင်စီကို​ ခုခံတိုက်ခိုက်​နေကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

အိန္ဒိယရေပိုင်နက်ထဲကိုတရားမဝင်ဝင်ရောက်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ မြန်မာရေလုပ်သား ၂၆ ဦးကို အိန္ဒိယက မြန်မာနိုင်ငံပြန်ပို့လိုက်တာမှာ စစ်တပ်က အိမ်သို့ပြန်မပို့ပဲ စစ်သင်တန်းကျောင်းကို တန်းပို့လိုက်တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

သတင်း

ချင်းပြည်နယ်ရဲ့ တနေရာက ဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တဲ့ The Revolution ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင် လင်းလင်းက ဖိတ်ခေါ်လိုက်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။