Connect with us

Hi, what are you looking for?

News

မြင်းခြံမြို့နယ်တွင် စစ်​ကောင်စီတပ်ယာဥ်ကို ​​ဒေသတွင်းမဟာမိတ်များ ဗုံးခွဲတိုက်ခိုက်

ဆီမီးခုံမြို့တောင်ဘက်၊ ​တလုပ်နှင့်မြင်းခြံမြို့များသို့သွားရာလမ်းတွင် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့ကလည်း ပြောသည်။

(27 Revolution Force(မြင်းခြံ)တပ်ဖွဲ့ဝင်များ စစ်​ရေး​လေ့ကျင့်​နေစဥ်။ ဓါတ်ပုံ-27RF)

မန္တလေးတိုင်း မြင်းခြံမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် စစ်ကောင်စီ သတင်းပေးတို့လိုက်ပါလာသော ကားတစ်စီးအား ဒေသတွင်းမဟာမိတ် ၇ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ဇန်နဝါရီ ၂၀ ရက် နံနက် ၁၀ နာရီခန့်က မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့မှထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ဒလန်တို့စီးလာသော ကားတစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အသေအပျောက်မသိရသေးကြောင်း ပါဝင်ခုခံတိုက်ခိုက်ခဲ့သည့် 27 Revolution Forces(မြင်းခြံ)က သတင်းထုတ်ပြန်သည်။

ဆီမီးခုံမြို့တောင်ဘက်၊ ​တလုပ်နှင့်မြင်းခြံမြို့များသို့သွားရာလမ်းတွင် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့ကလည်း ပြောသည်။

ထိုဖောက်ခွဲမှုကို မြောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ 27 Revolution Forces(မြင်းခြံ) | Myaung Special People’s Defence Force (MSPDF) ၊ TGR (Myaung People’s Defence Force TGR )၊ ဇာမဏီ ပြောက်ကျားတပ်ဖွဲ့၊ Young Fighters People’s Defence Force (YFPDF) နှင့် 11 brothers Revolution Force မဟာမိတ်တပ်တို့ ပူးပေါင်းကာ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း မဟာမိတ်တပ်များပူးပေါင်း၍ ငါန်းဇွန်မြို့နယ်၊ မိုးတောင်ရွာနှင့် ငါန်းမြာကြီးရွာ ကြားတွင် စခများစီးလာ​သော ဆိုင်ကယ်၂စီးကို မိုင်း၅ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ၂ ဦးသေဆုံးခဲ့သည်ဟု မဟာမိတ်အဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ