မန္တလေးတိုင်း မြင်းခြံမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် စစ်ကောင်စီ သတင်းပေးတို့လိုက်ပါလာသော ကားတစ်စီးအား ဒေသတွင်းမဟာမိတ် ၇ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
ဇန်နဝါရီ ၂၀ ရက် နံနက် ၁၀ နာရီခန့်က မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့မှထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ဒလန်တို့စီးလာသော ကားတစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အသေအပျောက်မသိရသေးကြောင်း ပါဝင်ခုခံတိုက်ခိုက်ခဲ့သည့် 27 Revolution Forces(မြင်းခြံ)က သတင်းထုတ်ပြန်သည်။
ဆီမီးခုံမြို့တောင်ဘက်၊ တလုပ်နှင့်မြင်းခြံမြို့များသို့သွားရာလမ်းတွင် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့ကလည်း ပြောသည်။
ထိုဖောက်ခွဲမှုကို မြောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ 27 Revolution Forces(မြင်းခြံ) | Myaung Special People’s Defence Force (MSPDF) ၊ TGR (Myaung People’s Defence Force TGR )၊ ဇာမဏီ ပြောက်ကျားတပ်ဖွဲ့၊ Young Fighters People’s Defence Force (YFPDF) နှင့် 11 brothers Revolution Force မဟာမိတ်တပ်တို့ ပူးပေါင်းကာ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း မဟာမိတ်တပ်များပူးပေါင်း၍ ငါန်းဇွန်မြို့နယ်၊ မိုးတောင်ရွာနှင့် ငါန်းမြာကြီးရွာ ကြားတွင် စခများစီးလာသော ဆိုင်ကယ်၂စီးကို မိုင်း၅ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ၂ ဦးသေဆုံးခဲ့သည်ဟု မဟာမိတ်အဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

Public Service Announcement
