Connect with us

Hi, what are you looking for?

News

အိမ်စီးကားနှစ်စီးဖြင့်လာသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရာ သုံးဦးထက်မနည်းသေဟု မြင်းမူ PDF ထုတ်ပြန်

မြင်းမူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြည်သူများအနေဖြင့် စစ်ကိုင်း- မုံရွာလမ်း နှင့် ထီးဆောင်း -အရာတော် လမ်းပိုင်းများကို ည၉နာရီမှ နံနက် ၆ နာရီအတွင်း အသုံးမပြုရန် ပြီးခဲ့သည့်ရက်ပိုင်းက မေတ္တာရပ်ခံထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ကားနှစ်စီးကို မဟာမိတ်ငါးဖွဲ့ပေါင်း၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ သုံးဦးထက်မနည်းသေဆုံးခဲ့ကြောင်း မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၂၆ ရက် ည ၉နာရီ ၄၀မိနစ်တွင် စစ်ကိုင်းမှ မုံရွာမြို့ဘက်သို့ အိမ်စီးကားများဖြင့် ဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာသော ကားနှစ်စီးကို ထီးဆောင်းကျေးရွာနှင့် ကန်ဖျား ဇရပ်ကြား၌ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

“ခွေးကားနှစ်စီး ထိခဲ့ပြီး တစ်စီးမှာ လုံးဝပျက်စီးခဲ့သည်။ခွေးအကောင်အရေအတွက် သုံးဦးထက်မနည်း သေဆုံးသည်ဟု သတင်းရရှိခဲ့ပါသည်”ဟု မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ စစ်ဆင်ရေးကို မြင်းမူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဦးဆောင်၍ Black Eagle Defence Force -MMU ၊ မြင်းမူလျှပ်စီးပြောက်ကျားတပ်ဖွဲ့ ၊ Myin Mu Defense Force -MMU နှင့် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ -CDSOM တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့သားအားလုံး အန္တရာယ်ကင်းကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မြင်းမူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြည်သူများအနေဖြင့် စစ်ကိုင်း- မုံရွာလမ်း နှင့် ထီးဆောင်း -အရာတော် လမ်းပိုင်းများကို ည၉နာရီမှ နံနက် ၆ နာရီအတွင်း အသုံးမပြုရန် ပြီးခဲ့သည့်ရက်ပိုင်းက မေတ္တာရပ်ခံထားသည်။

တိုက်ပွဲများ အချိန်မရွေးဖြစ်နိုင်သောကြောင့် ပြည်သူများ အန္တရာယ်မရှိစေရန် မြင်းမူမြို့နယ်ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က အထက်ပါကဲ့သို့ မေတ္တာရပ်ခံလေ့ရှိပြီး ဒီဇင်ဘာအတွင်းက မဟာမိတ်အဖွဲ့များနှင့်ပူးပေါင်း၍ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လေးကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ကျော် ၊ ပျူစောထီး ခြောက်ဦးသေဆုံးခဲ့သည်။

မြင်းမူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သင်တန်းအပတ်စဥ် (၄) ၏ သင်တန်းဆင်းပွဲကို ဇန်နဝါရီ၅ ရက်က ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook