Connect with us

Hi, what are you looking for?

News

ခင်ဦးမြို့နယ် စည်ပုတ္တရာကျေးရွာအုပ်စုမှ စစ်ရှောင်ပြည်သူများ အစားအသောက်နှင့် ဆေးဝါးများ လိုအပ်နေ

“ခုချိန်ထိတော့ ကျွန်တော်တို့အနေနဲ့ အရေတွက် အတိကျ တွက်လို့မရနိုင်သေးပါဘူးခဗျာ။ အ စားသောက်အနေနဲ့ ဆန်ပေါပေမဲ့ မြို့ပေါ်သွား လာရေးခက်ခဲတာကြောင့် (ဟင်းလျာ)ဖြစ်သလိုပဲ စီစဥ်နေရပါတယ်”ဟု LWGRF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

(စည်ပုတ္တရာကျေးရွာအုက်စုမှ ဒေသခံပြည်သူများ ဘေးလွတ်ရာ ရှောင်တမ်းလာကြစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ်ရှိ ကျေးရွာလေးရွာမှ စစ်ဘေးရှောင်ပြည်သူများမှာအစားအသောက်နှင့် ဆေးဝါးများလိုအပ်နေကြောင်း ခင်ဦးအခြေစိုက်ပြောက်ကျားတပ်ဖွဲ့ (LWGRF)က ယနေ့(ဇန်နဝါရီ ၂၇)ထုတ်ပြန်သည်။

ဇန်နဝါရီ ၂၅ ရက်က ခင်ဦးမြို့နယ် သရက်ကန်ရွာနှင့် ပေါက်တောရွာတို့ကို စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူသုံးဦးအား ရက်စက်စွာသတ်ဖြတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ စီးနင်းမှုအတွင်း သရက်ကန်ရွာအနီးရှိ LWGRF တပ်စခန်းလည်း ဝင်ရောက်စီးနင်းခြင်းခံခဲ့ရပြီး သရက်ကန်၊ ပေကုန်း၊ ပေါက်တော၊စည်ပုတ္တရာ စသည့်ကျေးရွာများမှ အပြစ်မဲ့ ပြည်သူ အများအပြား စစ်ဘေးရှောင်နေရသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

Public Service Announcement

“ခုချိန်ထိတော့ ကျွန်တော်တို့အနေနဲ့ အရေတွက် အတိကျ တွက်လို့မရနိုင်သေးပါဘူးခဗျာ။ အ စားသောက်အနေနဲ့ ဆန်ပေါပေမဲ့ မြို့ပေါ်သွား လာရေးခက်ခဲတာကြောင့် (ဟင်းလျာ)ဖြစ်သလိုပဲ စီစဥ်နေရပါတယ်”ဟု LWGRF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အစားအသောက်များလိုအပ်ချက်ရှိသည့်အပြင် စစ်ရှောင်ပြည်သူများတွင် ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါးများပါ လိုအပ်လျက်ရှိကြောင်း ပြောက်ကျား တပ်ဖွဲ့ LWGRF ထံမှ သိရသည်။

သန်းခေါင်စာရင်းအချက်အလက်များအရ ခင်ဦးမြို့နယ် စည်ပုတ္တရာကျေးရွာအုပ်စုတွင် အိမ်ထောင်စုပေါင်း ၇၀၀ နီးပါးရှိပြီး လူဦးရေ ၃၀၀၀ ကျော်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသတွေမှာ ရေပြန်လည်ကျဆင်းနေပေမဲ့ ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေကြောင်း ရေဘေးကူညီနေသူတွေက ပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဒေသခံတွေ ရေဘေးကြုံတွေ့နေစဉ်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။