စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ်ရှိ ကျေးရွာလေးရွာမှ စစ်ဘေးရှောင်ပြည်သူများမှာအစားအသောက်နှင့် ဆေးဝါးများလိုအပ်နေကြောင်း ခင်ဦးအခြေစိုက်ပြောက်ကျားတပ်ဖွဲ့ (LWGRF)က ယနေ့(ဇန်နဝါရီ ၂၇)ထုတ်ပြန်သည်။
ဇန်နဝါရီ ၂၅ ရက်က ခင်ဦးမြို့နယ် သရက်ကန်ရွာနှင့် ပေါက်တောရွာတို့ကို စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူသုံးဦးအား ရက်စက်စွာသတ်ဖြတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဆိုပါ စီးနင်းမှုအတွင်း သရက်ကန်ရွာအနီးရှိ LWGRF တပ်စခန်းလည်း ဝင်ရောက်စီးနင်းခြင်းခံခဲ့ရပြီး သရက်ကန်၊ ပေကုန်း၊ ပေါက်တော၊စည်ပုတ္တရာ စသည့်ကျေးရွာများမှ အပြစ်မဲ့ ပြည်သူ အများအပြား စစ်ဘေးရှောင်နေရသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

“ခုချိန်ထိတော့ ကျွန်တော်တို့အနေနဲ့ အရေတွက် အတိကျ တွက်လို့မရနိုင်သေးပါဘူးခဗျာ။ အ စားသောက်အနေနဲ့ ဆန်ပေါပေမဲ့ မြို့ပေါ်သွား လာရေးခက်ခဲတာကြောင့် (ဟင်းလျာ)ဖြစ်သလိုပဲ စီစဥ်နေရပါတယ်”ဟု LWGRF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အစားအသောက်များလိုအပ်ချက်ရှိသည့်အပြင် စစ်ရှောင်ပြည်သူများတွင် ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါးများပါ လိုအပ်လျက်ရှိကြောင်း ပြောက်ကျား တပ်ဖွဲ့ LWGRF ထံမှ သိရသည်။

Public Service Announcement
သန်းခေါင်စာရင်းအချက်အလက်များအရ ခင်ဦးမြို့နယ် စည်ပုတ္တရာကျေးရွာအုပ်စုတွင် အိမ်ထောင်စုပေါင်း ၇၀၀ နီးပါးရှိပြီး လူဦးရေ ၃၀၀၀ ကျော်ရှိသည်။
