Connect with us

Hi, what are you looking for?

News

NUCC ညီလာခံ ထောက်ခံသည်ဆိုကာ သာကေတ အမှတ်(၂)ရဲစခန်းကို ဗုံးသီးဖြင့် ပစ်၍ တိုက်ခိုက်

“တော်တော်ဆိုးဆိုးကိုလုပ်နေတာပါ။ NUG ကနေ အဲဒီရုံးမန်နေဂျာကို Black list စာရင်းသွင်းထားတာပါ”ဟု ဒေသခံတစ်ဦးကသန်လျင်လျှပ်စစ်ရုံးနှင့်ပတ်သက်၍ ပြောသည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၏ ပထမအကြိမ် ပြည်သူ့ညီလာခံကိုထောက်ခံသည့်အနေဖြင့် သာကေတမြို့နယ် အမှတ် (၂) ရဲစခန်းကို ဗုံးသီးဖြင့် ပစ်၍တိုက်ခိုက်ခဲ့ကြောင်း အာဏာရှင်တော်လှန်ရေးတပ်ဦး က သတင်းထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၂၇) ည ၈ နာရီ ၁၂ မိနစ်တွင် အာဏာရှင်တော်လှန်ရေးတပ်ဦးအဖွဲ့ဝင်များနှင့် The Boys LPDF တပ်ဖွဲ့ဝင်များသည် ဧရာဝဏ်လမ်းမကြီးပေါ်ရှိ အမှတ် (၂) ရဲစခန်းကို ၄၀(မမ) ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုကြောင့် အထိအခိုက်စာရင်းကို စုံစမ်းနေဆဲဖြစ်ပြီး သတင်းရပါက ထုတ်ပြန်ပေးမည်ဟုလည်း အသိပေးထားသည်။

ထို့ပြင် ယနေ့ညပိုင်း၌ သန်လျင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးကိုလည်း မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့က အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါရုံးသည် အကြမ်းဖက်စစ်ကောင်စီအတွက် ကျည်ဆံဖိုးများရရှိရန် ပြည်သူများကို မတရားဖိနှိပ်ခြိမ်းခြောက်၍ ကောက်ခံသလို မီးဖြတ်နေသောကြောင့် ဖောက်ခွဲမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

“တော်တော်ဆိုးဆိုးကိုလုပ်နေတာပါ။ NUG ကနေ အဲဒီရုံးမန်နေဂျာကို Black list စာရင်းသွင်းထားတာပါ”ဟု ဒေသခံတစ်ဦးကသန်လျင်လျှပ်စစ်ရုံးနှင့်ပတ်သက်၍ ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊သာကေတမြို့နယ် ရှုခင်းသာလမ်းမမှာ သင်္ကြန်ရေပက်ခံကားတစ်စီး သစ်ပင်ဝင် တိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။