Connect with us

Hi, what are you looking for?

News

တန့်ဆည်မြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှစ်ဖွဲ့ မဟာမိတ်ပြုလုပ်ပြီး စစ်အာဏာရှင်ကို တိုက်ခိုက်မည်

တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်မတော်( Taze PDF)နှင့် တန့်ဆည်မြို့နယ် စစ်အာဏာရှင်တော်လှန်ရေးတပ်မတော် (Taze Revolution Force-TRF)တို့ မဟာမိတ်ပြုလုပ်လိုက်ခြင်းဖြစ်သည်။

စစ်အာဏာရှင်အား တိုက်ခိုက်သုတ်သင်နိင်ရေး ပိုအားကောင်းစေရန် တန့်ဆည်မြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှစ်ဖွဲ့ မဟာမိတ်ပြုလုပ်လိုက်သည်။

တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်မတော်( Taze PDF)နှင့် တန့်ဆည်မြို့နယ် စစ်အာဏာရှင်တော်လှန်ရေးတပ်မတော် (Taze Revolution Force-TRF)တို့ မဟာမိတ်ပြုလုပ်လိုက်ခြင်းဖြစ်သည်။

စစ်အာဏာရှင်စနစ်အမြတ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာစေရေးအတွက် မဟာမိတ်ပြုလုပ်ကာ အတူလက်တွဲ တိုက်ပွဲဝင်သွားမည်ဟု Taze Revolution Force-TRFက ယမန်နေ့(ဇန်နဝါရီ ၂၈ရက်)က သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင်ပါဝင်သော တန့်ဆည်မြို့သည် ဒေသတွင်း ထိစပ်မြို့များဖြစ်သော ရေဦး၊ ခင်ဦး၊ ဒီပဲယင်းမြို့များကဲ့သို့ စစ်အာဏာရှင်အားတော်လှန်တိုက်ခိုက်ရေးတွင် တက်ကြွသည့်ဒေသဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

အိမ်ထောင်စုလေးစု စုပေါင်း နေ ရတဲ့ ၁၅ ပေ ပတ်လည်အခန်းလေးထဲ ငိုသံတချို့ကျယ်ကျယ်လောင်လောင်ထွက်‌လို့နေပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်သူတွေက စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို အသိအမှတ်ပြုဆက်ဆံတာမျိုးမလုပ်ဖို့ ထိုင်းအစိုးရကို တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။