Connect with us

Hi, what are you looking for?

News

မြိုင်တွင် ​​ရေနံ​မှော်များအား မီးရှို့ဖျက်ဆီးခဲ့​သော စစ်​ကောင်စီတပ် တိုက်ခိုက်ခံရပြီး နှစ်ဦး​သေဆုံး

လက်ရှိတွင် မြိုင်မြို့နယ်၌ စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ပြီး ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ဘေးအန္တရာယ်ကို ကြိုတင်သတိပြုရန်လည်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းသည်။

(ဇန်နဝါရီ တတိယပတ်တွင် အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သော မြိုင်မြို့နယ် ရေနံလုပ်ကွက်များဖြစ်သည်။)

မကွေးတိုင်း မြိုင်မြို့နယ် သပြေညိုရေနံမှော်နှင့် ရေကား​ရေနံမှော်ကြား ခြေလျှင်စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ နှစ်ဦးသေဆုံးကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဇန်နဝါရီ ၃၀ရက်)တွင် ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်မှာ ယမန်နေ့ (ဇန်နဝါရီ ၂၉)ညနေပိုင်းတွင် ဖြစ်ပွားခဲ့ပြီး မိုင်းလေးလုံးအသုံးပြုခဲ့သည်ဟု မြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

(ဇန်နဝါရီ တတိယပတ်တွင် အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သော မြိုင်မြို့နယ် ရေနံလုပ်ကွက်များဖြစ်သည်။)

“ရေနံလုပ်ကွက်တွေမီးရှို့တာနဲ့ ပြည်သူတွေကို ဒုက္ခပေးနေတာကို ပြန်ပြီး ကလဲ့စားချေခဲ့တာပါ။ မနေ့က စစ်ခွေးတွေက တောလမ်း အတိုင်းမသွားဘူး။သူတို့က လမ်းမပေါ်ကနေ ဝါးတပြန်စာလောက်မှာ သုံးယောက်တစ်တွဲ တက်လာတာ။ သေသွားတဲ့ စစ်ခွေးနှစ်ယောက်က မိုင်းတည့်တည့်ပေါ် မှာ ရောက်နေခဲ့တာ”ဟု ၎င်းက ရှင်းပြသည်။

ဇန်နဝါရီ ၂၀ ရက်ကစ၍ အကြမ်းဖက်စစ်ကောင် စီတပ်သည် မြိုင်မြို့နယ်သို့ အင်အား ၄၀၀ကျော်ဖြင့် ထိုးစစ်ဆင်ခဲ့ပြီး ဒေသတွင် ရေနံလုပ်ကွက် အများအပြားကို ငါးရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့သည်။

Public Service Announcement

Public Service Announcement

(ဇန်နဝါရီ တတိယပတ်တွင် အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သော မြိုင်မြို့နယ် ရေနံလုပ်ကွက်များဖြစ်သည်။)

လက်ရှိတွင် မြိုင်မြို့နယ်၌ စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ပြီး ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ဘေးအန္တရာယ်ကို ကြိုတင်သတိပြုရန်လည်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းသည်။

ယမန်နေ့ကလည်း မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များဝင်ရောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်၊ဗုံးသီးနှင့် ကျည် အများအပြား သိမ်းဆည်းရမိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook