Connect with us

Hi, what are you looking for?

News

ချင်းတစ်မျိူးသားလုံး၏ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရန် အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းသွားမည်ဟု CJDC ထုတ်ပြန်

မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်ကောင်စီများက ပြည်သူလူထုထံမှ အာဏာသိမ်းယူရန် ကြိုးစားနေသည့်မှာ တစ်နှစ်ပြည့်ခဲ့ပြီး ထိုသို့ အာဏာသိမ်းယူမူကိုလည်း ရှုတ်ချသည်ဟု CJDCက ဆိုသည်။

ချင်းတစ်မျိူးသားလုံး၏ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရနိုင်ရန် အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းသွားမည်ဟု ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့များစုစည်းထားသည့် Chinland Joint Defense Committee (CJDC) က ယနေ့ထုတ်ပြန်လိုက်သည်။

မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်ကောင်စီများက ပြည်သူလူထုထံမှ အာဏာသိမ်းယူရန် ကြိုးစားနေသည့်မှာ တစ်နှစ်ပြည့်ခဲ့ပြီး ထိုသို့ အာဏာသိမ်းယူမူကိုလည်း ရှုတ်ချသည်ဟု CJDCက ဆိုသည်။

အာဏာရှင်ကို တော်လှန်နေကြသည့် CDMဝန်ထမ်းများကိုလည်း လေးစားဂုဏ်ယူကြောင်းနှင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားလည်ပတ်နိုင်ရန် ချင်းပြည်နယ်တွင်းရှိ ဝန်ထမ်းများကိုလည်း ပါဝင်ပတ်သတ်မှုမရှိကြရန် CJDCက ပြင်းထန်စွာသတိပေးသည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီသည် ချင်းပြည်နယ်အတွင်း အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေ သောကြောင့် ပြည်နယ်အတွင်းရှိ ပြည်သူများ စစ်ဘေးရှောင်နေရသည်ဟုလည်း CJDCက ဆိုသည်။ ချင်းပြည်ထောင် ထူထောင်ရေးအတွက်ချင်းတမျိုးသားလုံး ဥမကွဲ၊ သိုက်မပျက် အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန်ရန်လိုသည်ဟုလည်း CJDCက ဆိုထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဖေဖော်ဝါရီအတွင်းကျရောက်မည့် ချင်းအမျိုးသားနေ့ နှင့်ပြည်ထောင်စုနေ့တွင်လည်း အကြမ်းဖက် စစ်ကောင်စီကျင်းပသည့် ပွဲတွင်မပါဝင်ရန် CJDCက သတိပေးထားသည်။

ထန်တလန်မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကလည်း အာဏာရှင်စနစ်အမြစ်ပြတ်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အတွက် တိုက်ပွဲဝင်လျက်ရှိသည်ဟု ယနေ့ထုတ်ပြန်ထားသည်။

ထန်တလန်မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကို CDF(ထန်တလန်)ထိန်းချုပ်ထားသည့် ကျေးရွာ ၅၁ရွာ ရွေးကောက်တင်မြောက်ခဲ့ပြီး ၂၀၂၁နိုဝင်ဘာကုန်ပိုင်းတွင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။ ၎င်းအောက် တွင် ပြည်သူရေးရာဝန်ဆောင်မူဌာနများကိုဖွဲ့စည်းပြီးဖြစ်သည်ဟုလည်း ဆိုထားသည်။

ထို့အပြင် စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်သည့်နေ့တွင် အာဏာသိမ်းမှုကို မလိုလားသည့် နိုင်ငံတဝန်းရှိ မိဘပြည်သူများ၏ အသံတိတ်သပိတ်(Silent Strike)ကို ဂုဏ်ပြုသောအားဖြင့် CDF(ကလေး-ကဘော်-ဂန့်ဂေါ-KKG)အဖွဲ့က တိုက်ပွဲများဖော်ဆောင်ခဲ့သည်ဟု ယနေ့ထုတ်ပြန်သည်။

ထိုတိုက်ပွဲမှာကလေး – ဂန့်ဂေါပြည်ထောင်စုလမ်းမပေါ်ရှိ ဟံသာဝတီရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို နံနက် ၃နာရီတွင်တစ်ကြိမ်၊ ကမ္ဘာနီတံတား၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ညနေ ၃နာရီအချိန်တွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲအခြေအနေအရ ရန်သူဖက်မှ ကျဆုံးမှုကို အတိမပြုနိုင်သော်လည်း CDF(KKG)က အထိအခိုက်အကျ အဆုံးမရှိခဲ့ဟု ဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဘုတလင်မြို့နယ်တွင်​ စစ်​ကြောင်းထိုး၍ ​ဒေသခံပြည်သူများ အားအကြမ်းဖက်နေသည့်စစ်ကောင်စီတပ်စစ်ကြောင်းကို မုံရွာမြို့ရှိ အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်( နမခ) မှ လူအင်အား၊လက်နက်နှင့် ရိက္ခာများ ထပ်ဖြည့်တင်းပေးနေ​ကြောင်းစုံစမ်းသိရသည်။

သတင်း

ဘုတလင်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ရာ တစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားကြောင်း သတင်းရရှိသည်။

သတင်း

အကြမ်းဖက် စစ်ကောင်စီ၏ အပြစ်မဲ့ ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်သည့် စက်ဆုပ်ဖွယ် လုပ်ရပ်သည် စစ်ရာဇဝတ်မှုကို ကျူးလွန်ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ လူဦးရေ အနည်းဆုံးဖြစ်သည့် ချင်းလူမျိုးများအပေါ် အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်း

နိုဝင်ဘာ ၃ရက်မှ ၇ရက်အထိ CJDC ရုံးချက်၌ ကျင်းပခဲ့သော ပဉ္စမအကြိမ်မြောက် CJDC ပုံမှန်အစည်းအဝေးအပြီး ယနေ့ (နိုဝင်ဘာ ၁၁ရက်)တွင် ယခုကဲ့သို့ သဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။