Connect with us

Hi, what are you looking for?

News

၂၀၂၂ မှာ အာဏာရှင်စနစ်အားလုံးချုပ်ငြိမ်းနိုင်ဖို့ ပြည်သူနဲ့အတူပူးပေါင်းကြိုးစားမယ်လို့ ကေအဲန်ယူတာဝန်ရှိသူပြော

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ကတော့ စစ်တပ်ဟာ နိုင်ငံရေးကနေ လုံး၀စွန့်ခွာရမှာဖြစ်ပြီး စစ်တပ်ဟာ စစ်တပ်အလုပ်ပဲလုပ်ရမယ်ဆိုတဲ့အပေါ်မှာ ကေအဲန်ယူအနေနဲ့ အခုထက်ထိ ရပ်တည်နေဆဲပဲဖြစ်တယ်လို့ ပဒိုစောတောနီးက ဆိုပါတယ်။

၂၀၂၂ မှာ စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်အားလုံးချုပ်ငြိမ်းသွားဖို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ ပြည်သူလူထုနဲ့အတူ ပူးပေါင်းကြိုးစားဆောင်ရွက်သွားမယ်လို့ ကေအဲန်ယူပြောခွင့်ရသူ ပဒိုစောတောနီးက ပြောကြားလိုက်ပါတယ်။

“၂၀၂၂ ထဲမှာ စစ်အာဏာရှင်စနစ်ဟာ လုံး၀ပပျောက်သွားရမယ်ဆိုတာ ကျနော်တို့အတတ်နိုင်ဆုံးကြိုးစားသွားမယ် ယုံလည်းယုံကြည်တယ်။ အထူးသဖြင့် ပြည်သူလူထုရဲ့အင်အားကို ကျနော်တို့ အထူးအလေးနက်ယုံကြည်တယ်။ သူတို့နဲ့ပူးပေါင်းပါဝင်ပြီးတော့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးမကဘူး ဘယ်အာဏာရှင်စနစ်မဆို ကျနော်တို့တိုင်းပြည်မှာလုံး၀မရှိပဲ ကျနော်တို့တိုင်းပြည်ကို အသစ်အသစ်သော စနစ်တွေနဲ့ အသစ်အသစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေတွေနဲ့ ဆက်လက်ပြီးတော့ သွားရမယ်ဆိုတာတော့ ရှင်းနေတာပဲ။ ” လို့ ပဒိုစောတောနီးက ဆိုပါတယ်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ကတော့ စစ်တပ်ဟာ နိုင်ငံရေးကနေ လုံး၀စွန့်ခွာရမှာဖြစ်ပြီး စစ်တပ်ဟာ စစ်တပ်အလုပ်ပဲလုပ်ရမယ်ဆိုတဲ့အပေါ်မှာ ကေအဲန်ယူအနေနဲ့ အခုထက်ထိ ရပ်တည်နေဆဲပဲဖြစ်တယ်လို့ ပဒိုစောတောနီးက ဆိုပါတယ်။

ဒါ့အပြင် ဖေါ်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းမှု တစ်နှစ်ပြည့်ပြီဖြစ်ပြီး စစ်ကောင်စီအနေနဲ့ အာဏာသိမ်းမှုတစ်နှစ်ပြည့်ချိန်မှာ ကဏ္ဍအသီးသီးက အခြေအနေတွေကို မထိန်းသိမ်းနိုင်သေးဘဲ ကျဆုံးခန်းကိုရောက်နေတယ်လို့ ပဒိုစောတောနီးက ဆိုပါသေးတယ်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီကိုယ်တိုင်က အခြေအနေတွေကို မထိန်းသိမ်းနိုင်ဘူးဆိုတာ ထင်ရှားပေါ်လွင်နေပါတယ်။ ကဏ္ဍအသီးသီးမှာလည်း ထိန်းသိမ်းလို့မရဘူးဆိုတာ ရှင်းနေပါတာပဲ။ သူက ရည်ရွယ်ချက်တွေဘာတွေ အများကြီးပြောပြီး ဘာလုပ်မယ်ညာလုပ်မယ် ပြောတယ်ဆိုပေမယ့်လို့ နိုင်ငံရေးဘက်မှာရော စီးပွားရေးဘက်မှာရော စစ်ရေး သံတမန်ရေး လူမှုရေးဘက်မှာရော အကုန်လုံးကျဆင်းတယ်နော်။ ကျဆုံးခန်းကို ရောက်နေတယ်လို့ ပြောလို့တောင်ရနေပြီ” လို့ ပဒိုစောတောနီးက ဆိုပါသေးတယ်။

ကေအဲန်ယူဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကတော့ စစ်အာဏာရှင်စနစ်အပြင် လူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်မှန်သမျှကို အပြီးတိုင်ချုပ်ငြိမ်းစေပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ အစစ်အမှန်ကို တည်ထောင်နိုင်ဖို့အတွက် ကရင်အမျိုးသား၊ ကရင်အမျိုးသားအဖွဲ့အစည်းတွေနဲ့ နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ပြည်သူလူထုတစ်ရပ်လုံးက အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်က ကျရောက်ခဲ့တဲ့ ကရင့်တော်လှန်ရေးနေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ ပြောကြားထားတာပါ။

လက်ရှိ ကေအဲန်ယူ ကော်သူးလေအုပ်ချုပ်နယ်မြေအားလုံးလိုလိုမှာ အာဏာသိမ်းစစ်ကောင်စီဟာ မြေပြင်ကနေ ထိုးစစ်ဆင်တာ၊ စစ်ရေးအင်အားတိုးချဲ့တာတွေ၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ရေးပဋိပက္ခတွေဖြစ်ပွားနေတာ ဖြစ်ပါတယ်။

စစ်ရေးပဋိပက္ခတွေကြောင့် ကေအဲန်ယူ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာ စစ်ဘေးရှောင်ဒေသခံပြည်သူ တစ်သိန်းကျော်ရှိနေပြီး ဒီကနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးပဲ တိမ်းရှောင်ထွက်ပြေးနေရဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။