Connect with us

Hi, what are you looking for?

LuduNwayOo

News

မြင်းမူနယ်သို့လာသည့်အစီး ၃၀ ပါစစ်တပ်ယာဥ်တန်းကို တိုက်ခိုက်၊ ကားနှစ်စီးပျက်စီးပြီး ၁၅ ဦးခန့်​သေဟု MMU-PDF ထုတ်ပြန်

စစ်ကောင်စီယာဥ်တန်း ချောင်းဦးမှ မထွက်မီ မြင်းမူနယ်သို့ဖြတ်သန်းမည့် လမ်းခရီးတွင် ရှေ့ပြေးအဖွဲ့တစ်ဖွဲ့စေလွှတ်ပြီး မိုင်းရှင်းလင်းရေးလုပ်ဆောင်သည့်ကြားမှ ဖောက်ခွဲတိုက် ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း MMU-PDF က ပြောသည်။

(မြင်းမူမြို့နယ်အတွင်း PDF တပ်ဖွဲ့ဝင်များလုံခြုံရေးယူကာ ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်ကို ယခုနှစ် ဇန်နဝါရီက တွေ့ရစဥ် ဓါတ်ပုံ-CJ)

မြင်းမူနယ်သို့လာသည့် ကားအစီး ၃၀ ပါ စစ်ကောင် စီတပ်ယာဥ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ကားနှစ်စီးပျက်စီးကာ ၁၅ ဦးထက်မနည်းသေဆုံးသွားကြောင်း မြင်းမူမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MMU-PDF) က ထုတ်ပြန်သည်။

ယနေ့နံနက် ၁၁ နာရီဝန်းကျင်ခန့်က ချောင်းဦးဘက်မှတက်လာသည့် စစ်ကောင်စီတပ်ယာဥ်တန်းကို မြင်းမူမြို့ နယ် ထီးဆောင်းနှင့် မူးဝရွာထောင်ဇရပ်အကြားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ကျွန်တော်တို့အဖွဲ့အစည်းက ပြည်သူကပေါက် ဖွားလာတဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဆိုသည့်အတိုင်း ပြည်သူကိုကာကွယ်ဖို့ရာကျွန်တော်တို့အလုပ်ပါ။ ကျွန် တော်တို့နယ်ထဲကို စကစ လက်အောက်ခံတွေ ဝင်လာတာနဲ့ ရတဲ့နည်းနဲ့တိုက်ခိုက်ခြေမူန်းသွားမှာပါ”ဟု MMU-PDF မှ ရဲဘော်တစ်ဦးက ပြော သည်။

စစ်ကောင်စီယာဥ်တန်း ချောင်းဦးမှ မထွက်မီ မြင်းမူနယ်သို့ဖြတ်သန်းမည့် လမ်းခရီးတွင် ရှေ့ပြေးအဖွဲ့တစ်ဖွဲ့စေလွှတ်ပြီး မိုင်းရှင်းလင်းရေးလုပ်ဆောင်သည့်ကြားမှ ဖောက်ခွဲတိုက် ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း MMU-PDF က ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ယာဥ်တန်းမှာ မင်းအောင်လှိုင်ဦးဆောင်ပြုလုပ်သည့် ဗိုလ်ရှူ့သဘင်သို့ပို့ဆောင်မည့် မြင်းများတင်ဆောင်လာပြီး အစီး ၁၀၀ ခန့်ပါဝင်သည့်အနက် အစီး ၃၀ မှာ မြင်းမူနယ်သို့ ကနဦးဝင်ရောက်လာသည့် စစ်ယာဥ်တန်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီတပ်နှင့် ထောက်တိုင်များ အချိန်မရွေး တိုက်ခိုက်မှုလုပ်ဆောင်မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့် သတိပေးချက်များကို လိုက်နာပေးကြရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။