Connect with us

Hi, what are you looking for?

News

မြင်းမူနယ်သို့လာသည့်အစီး ၃၀ ပါစစ်တပ်ယာဥ်တန်းကို တိုက်ခိုက်၊ ကားနှစ်စီးပျက်စီးပြီး ၁၅ ဦးခန့်​သေဟု MMU-PDF ထုတ်ပြန်

စစ်ကောင်စီယာဥ်တန်း ချောင်းဦးမှ မထွက်မီ မြင်းမူနယ်သို့ဖြတ်သန်းမည့် လမ်းခရီးတွင် ရှေ့ပြေးအဖွဲ့တစ်ဖွဲ့စေလွှတ်ပြီး မိုင်းရှင်းလင်းရေးလုပ်ဆောင်သည့်ကြားမှ ဖောက်ခွဲတိုက် ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း MMU-PDF က ပြောသည်။

(မြင်းမူမြို့နယ်အတွင်း PDF တပ်ဖွဲ့ဝင်များလုံခြုံရေးယူကာ ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်ကို ယခုနှစ် ဇန်နဝါရီက တွေ့ရစဥ် ဓါတ်ပုံ-CJ)

မြင်းမူနယ်သို့လာသည့် ကားအစီး ၃၀ ပါ စစ်ကောင် စီတပ်ယာဥ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ကားနှစ်စီးပျက်စီးကာ ၁၅ ဦးထက်မနည်းသေဆုံးသွားကြောင်း မြင်းမူမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MMU-PDF) က ထုတ်ပြန်သည်။

ယနေ့နံနက် ၁၁ နာရီဝန်းကျင်ခန့်က ချောင်းဦးဘက်မှတက်လာသည့် စစ်ကောင်စီတပ်ယာဥ်တန်းကို မြင်းမူမြို့ နယ် ထီးဆောင်းနှင့် မူးဝရွာထောင်ဇရပ်အကြားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ကျွန်တော်တို့အဖွဲ့အစည်းက ပြည်သူကပေါက် ဖွားလာတဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဆိုသည့်အတိုင်း ပြည်သူကိုကာကွယ်ဖို့ရာကျွန်တော်တို့အလုပ်ပါ။ ကျွန် တော်တို့နယ်ထဲကို စကစ လက်အောက်ခံတွေ ဝင်လာတာနဲ့ ရတဲ့နည်းနဲ့တိုက်ခိုက်ခြေမူန်းသွားမှာပါ”ဟု MMU-PDF မှ ရဲဘော်တစ်ဦးက ပြော သည်။

စစ်ကောင်စီယာဥ်တန်း ချောင်းဦးမှ မထွက်မီ မြင်းမူနယ်သို့ဖြတ်သန်းမည့် လမ်းခရီးတွင် ရှေ့ပြေးအဖွဲ့တစ်ဖွဲ့စေလွှတ်ပြီး မိုင်းရှင်းလင်းရေးလုပ်ဆောင်သည့်ကြားမှ ဖောက်ခွဲတိုက် ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း MMU-PDF က ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ယာဥ်တန်းမှာ မင်းအောင်လှိုင်ဦးဆောင်ပြုလုပ်သည့် ဗိုလ်ရှူ့သဘင်သို့ပို့ဆောင်မည့် မြင်းများတင်ဆောင်လာပြီး အစီး ၁၀၀ ခန့်ပါဝင်သည့်အနက် အစီး ၃၀ မှာ မြင်းမူနယ်သို့ ကနဦးဝင်ရောက်လာသည့် စစ်ယာဥ်တန်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီတပ်နှင့် ထောက်တိုင်များ အချိန်မရွေး တိုက်ခိုက်မှုလုပ်ဆောင်မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့် သတိပေးချက်များကို လိုက်နာပေးကြရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။