Connect with us

Hi, what are you looking for?

LuduNwayOo

News

နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်အောင်မြင်ရေး ကျွမ်းကျင်ရာကဏ္ဍမှပူးပေါင်းပါဝင်ရန် KNU ဥက္ကဋ္ဌပြော

၇၅ နှစ်မြောက် ကရင်အမျိုးသားအစည်းအရုံးနေ့ KNU DAY ကို ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် KNU ကော်သူးလေ အုပ်ချုပ်နယ်မြေ တစ်နေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

နေရာဒေသအသီးသီးရှိကရင်အမျိုးသားများအနေဖြင့် ကရင်အမျိုးသားများ၏ နိုင်ငံရေးရည်မှန်း ချက်ပန်းတိုင်သို့ပြည့်အောင်မြင်စေရန် မိမိတို့၏ကျွမ်းကျင်ရာအခန်း ကဏ္ဍအသီးသီးမှ ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ကြိုးပမ်းအားထုတ်မှုများနှင့် ဆောင်ရွက်လှုပ်ရှားမှုများ အပေါ်ပူးပေါင်းပါဝင်ကြရန်အထူးလိုအပ်ကြောင်း KNU ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

ယနေ့ကျရောက်သည့် KNU ဖွဲ့စည်းတည်ထောင်ခြင်း၇၅နှစ်မြောက်နေ့သို့KNU ဥက္ကဋ္ဌကသဝဏ်လွှာ ပေးပို့ခဲ့ရာ ကရင်အမျိုးသားအဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာအခန်းကဏ္ဍများတို့တွင် တစ်စုတစ်စည်းတည်းဖြင့် ညှိနှိုင်း လုပ်ဆောင်သွားနိုင်ရန်လိုအပ်သည်ဟုလည်းဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး၏အဓိကရည်ရွယ်ချက်သည်ကရင်အမျိုးသားများ၏နိုင်ငံရေးရည်မှန်းချက် ပန်းတိုင်ဖြစ်သည့်အမျိုးသားတန်းတူရေးအပြင်မတူကွဲပြားလျက်ရှိသောလူမျိုးတိုင်း၏အခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များကိုအပြည့်အ၀အာမခံချက်ပေးနိုင်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေးပင်ဖြစ်သည်ဟုKNU ဥက္ကဋ္ဌက​ပြောသည်။

၇၅ နှစ်မြောက် ကရင်အမျိုးသားအစည်းအရုံးနေ့ KNU DAY ကို ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် KNU ကော်သူးလေ အုပ်ချုပ်နယ်မြေ တစ်နေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

အခမ်းအနားတွင်အလံတော်လေးပြုခြင်းနှင့် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်များ၊ ရဲဘော်ရဲဘက်များ နှင့် ပြည်သူလူထုများကို အလေးပြုခြင်း၊ KNU ဥက္ကဋ္ဌ ၏ သဝဏ်လွှာ ကို ဖတ်ကြားခြင်း၊ KNU DAY ဖြစ်ပေါ်လာပုံကိုရှင်းလင်းခြင်း၊ ဂုဏ်ပြုသီချင်းသီဆိုခြင်း များပြု လုပ်ခဲ့ပြီးအဖွဲ့ဒုဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်း ၊စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောဂျော်နီအပါအဝင်KNU ခေါင်းဆောင်များကဂုဏ်ပြုစကားပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။