Connect with us

Hi, what are you looking for?

News

နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်အောင်မြင်ရေး ကျွမ်းကျင်ရာကဏ္ဍမှပူးပေါင်းပါဝင်ရန် KNU ဥက္ကဋ္ဌပြော

၇၅ နှစ်မြောက် ကရင်အမျိုးသားအစည်းအရုံးနေ့ KNU DAY ကို ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် KNU ကော်သူးလေ အုပ်ချုပ်နယ်မြေ တစ်နေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

နေရာဒေသအသီးသီးရှိကရင်အမျိုးသားများအနေဖြင့် ကရင်အမျိုးသားများ၏ နိုင်ငံရေးရည်မှန်း ချက်ပန်းတိုင်သို့ပြည့်အောင်မြင်စေရန် မိမိတို့၏ကျွမ်းကျင်ရာအခန်း ကဏ္ဍအသီးသီးမှ ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ကြိုးပမ်းအားထုတ်မှုများနှင့် ဆောင်ရွက်လှုပ်ရှားမှုများ အပေါ်ပူးပေါင်းပါဝင်ကြရန်အထူးလိုအပ်ကြောင်း KNU ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

ယနေ့ကျရောက်သည့် KNU ဖွဲ့စည်းတည်ထောင်ခြင်း၇၅နှစ်မြောက်နေ့သို့KNU ဥက္ကဋ္ဌကသဝဏ်လွှာ ပေးပို့ခဲ့ရာ ကရင်အမျိုးသားအဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာအခန်းကဏ္ဍများတို့တွင် တစ်စုတစ်စည်းတည်းဖြင့် ညှိနှိုင်း လုပ်ဆောင်သွားနိုင်ရန်လိုအပ်သည်ဟုလည်းဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး၏အဓိကရည်ရွယ်ချက်သည်ကရင်အမျိုးသားများ၏နိုင်ငံရေးရည်မှန်းချက် ပန်းတိုင်ဖြစ်သည့်အမျိုးသားတန်းတူရေးအပြင်မတူကွဲပြားလျက်ရှိသောလူမျိုးတိုင်း၏အခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များကိုအပြည့်အ၀အာမခံချက်ပေးနိုင်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေးပင်ဖြစ်သည်ဟုKNU ဥက္ကဋ္ဌက​ပြောသည်။

၇၅ နှစ်မြောက် ကရင်အမျိုးသားအစည်းအရုံးနေ့ KNU DAY ကို ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် KNU ကော်သူးလေ အုပ်ချုပ်နယ်မြေ တစ်နေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

အခမ်းအနားတွင်အလံတော်လေးပြုခြင်းနှင့် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်များ၊ ရဲဘော်ရဲဘက်များ နှင့် ပြည်သူလူထုများကို အလေးပြုခြင်း၊ KNU ဥက္ကဋ္ဌ ၏ သဝဏ်လွှာ ကို ဖတ်ကြားခြင်း၊ KNU DAY ဖြစ်ပေါ်လာပုံကိုရှင်းလင်းခြင်း၊ ဂုဏ်ပြုသီချင်းသီဆိုခြင်း များပြု လုပ်ခဲ့ပြီးအဖွဲ့ဒုဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်း ၊စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောဂျော်နီအပါအဝင်KNU ခေါင်းဆောင်များကဂုဏ်ပြုစကားပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။