Connect with us

Hi, what are you looking for?

News

ဆိပ်ဖြူမြို့နယ် ရှားလှရွာတွင် ပိတ်မိ​နေ​သောပြည်သူ ၁၀၀ ​ကျော်ကို ​​ဒေသခံ PDF ကယ်ထုတ်၊ စစ်​ကောင်စီတပ် ၇ ဦး​သေ

“စခတွေက ရွာထဲမှာ အင်အား အနည်းငယ်သာချန်ပြီး ရွာပြင်ထွက်နေချိန်မှာကျွန်တော်တို့တပ်ရင်းက ရဲဘော်တွေက ပြည်သူတွေကို ကယ်ထုတ်ခဲ့တာပါဗျ။ ပြည်သူတွေ ရွာနဲ့အတော်ဝေးတဲ့နေရာရောက်တဲ့အချိန်မှာ စခတွေဘက်က ပစ်ခတ်တာတော့ ရှိတယ်ဗျ”ဟုပေါက်နယ် တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက People’s Spring သို့ပြောသည်။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ရှားလှကျေးရွာအတွင်း ပိတ်မိနေသော ပြည်သူတစ်ရာကျော်ကို ကယ်ထုတ်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၇ ဦးကိုသုတ်သင်နိုင်ခဲ့ကြောင်း Southern Pauk People’s Defense Forceက သတင်းထုတ်ပြန်သည်။

သို့​သော်အကြမ်းဖက်စစ်​ကောင်စီတပ်က ရွာမှ ပြည်သူများကိုအပြင်မထွက်ရန်ပြောထားချိန် နားလေး၍မကြားသောကြောင့် အိမ်အပြင်ထွက်လာသည့်အဖွားအိုတစ်ဦးအား စစ်ကောင်စီပစ်သတ်ခဲ့၍​သေဆုံးခဲ့သည်။

ဖေဖော်ဝါရီလ ၂ ရက် မွန်းလွဲပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဆိပ်ဖြူမြို့နယ်၊ ရှားလှရွာသို့ အင်အားအများအပြားဖြင့် မထင်မှတ်သောအနေအထားမှ ကျေးရွာအတွင်းသို့ ဝင်ရောက်လာကာ ပြည်သူများရှောင်တိမ်းချိန်မရဘဲ အများအပြားဖမ်းဆီးခံလိုက်ရသည်။ညပိုင်းတွင် SPPDFတပ်ရင်းမှ ဗိုလ်နားပေါက်ဦးဆောင်သောအဖွဲ့သည် ရှားလှရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်များကို လက်နက်ကြီးဖြင့် လေးချက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ရှားလှရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များကို နံနက်ပိုင်းတွင်တစ်ကြိမ်၊ ညနေပိုင်းတွင်တစ်ကြိမ် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ပေါက်နယ် တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SPPDF)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ဗိုလ်နားပေါက်ခေါင်းဆောင်သောအဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီတပ်များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကျေးရွာထဲတွင် ပိတ်မိနေသော ပြည်သူတစ်ရာကျော်ကို စစ်ကောင်စီ၏ လက်အောက်မှကယ်ထုတ်ကာ ဘေးကင်းလုံခြုံရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပေါက်နယ် တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

“စခတွေက ရွာထဲမှာ အင်အား အနည်းငယ်သာချန်ပြီး ရွာပြင်ထွက်နေချိန်မှာကျွန်တော်တို့တပ်ရင်းက ရဲဘော်တွေက ပြည်သူတွေကို ကယ်ထုတ်ခဲ့တာပါဗျ။ ပြည်သူတွေ ရွာနဲ့အတော်ဝေးတဲ့နေရာရောက်တဲ့အချိန်မှာ စခတွေဘက်က ပစ်ခတ်တာတော့ ရှိတယ်ဗျ”ဟုပေါက်နယ် တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက People’s Spring သို့ပြောသည်။

စစ်ကောင်စီတပ်များ၏ သတ်ဖြတ်ခြင်းခံခဲ့ရသော အဖွားအိုတစ်ဦးကို ဒေသခံမိဘပြည်သူများနှင့် ပူးပေါင်းကာ နာရေးပြုလုပ်ပေးခဲ့သည်ဟု SPPDF က ပြောသည်။

“စခတွေက ရွာထဲမှာ ဖမ်းထားတဲ့ပြည်သူတွေကို အိမ်အပြင် မထွက်ရဘူးလို့ ပြောထားတာဗျ။ အဖွားက နားလေးတော့ မကြားပဲအိမ်အပြင်ထွက်လို့ စခတွေ ပစ်သတ်လိုက်တာဗျ။”ဟု နယ်ခံတစ်ဦးက ဆက်ပြောကြားသည်။

အဆိုပါတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ၇ ဦးခန့်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်မှ ရဲဘော်တစ်ဦး မစိုးရိမ်ရသည့်ဒဏ်ရာ ရရှိခဲ့ကာ အဖွဲ့သားများအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု SPPDFက အသိပေးထားသည်။

အခင်းဖြစ်ရာ ရှားလှကျေးရွာသည် ဆိပ်ဖြူမြို့နယ်မြောက်ပိုင်းအစွန်ဆုံးတွင်ရှိပြီး ပေါက်မြို့နယ်အစပ်တွင်ရှိကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်အား ယခုထက်ပိုမို ရှင်းလင်းနိုင်ရန်အတွက် လက်နက်ကောင်းများဝယ်ယူရန် ပြည်သူများ၏ အကူအညီလိုအပ်သည်ဟု ပေါက်နယ် တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook